Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
Nay-Pyi-Taw_MOHT_Main-Banner_(Desktop)1400x500

နေပြည်တော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးမြို့တော်ဖြစ်သည်။ စီးပွားရေး လုပ်ငန်းအများစုမှာ ယခင်မြို့တော်ဟောင်း ရန်ကုန်တွင်ရှိနေသော်လည်း ၂၀၀၆ခုနှစ်တွင် နေပြည်တော် အား မြန်မာနိုင်ငံ၏မြို့တော်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ နေပြည်တော် ပြည်ထောင်စုနယ်မြေအဖြစ် စီမံခန့်ခွဲအုပ်ချုပ်သည်။ နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် တည်ရှိသည်သာမကဘဲ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကဲ့သို့သော အရေးပါသည့် ပြည်နယ်များနှင့် နီးကပ်စွာတည်ရှိသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် ဒေသကြီးတစ်ခုလုံးသည် လျှင်မြန်စွာပင် တိုးတက်လာခဲ့သည်။ ခရီးသွားဧည့်သည်များက ယာဉ်ကြောပိတ်ဆို့ခြင်းများ ကင်းရှင်း စေသည့် ကြီးမားကျယ်ပြန့်သော လမ်းများကို နှစ်သက်ပါသည်။ နေပြည်တော်မှာ နိုင်ငံတော်အဆင့် အစည်းအဝေးများ၊ မက်လုံးပေးခရီးစဉ်များ၊ ညီလာခံများနှင့် ပြပွဲများကျင်းပရန်အတွက် နိုင်ငံ၏ အချက်အချာကျသည့် မြို့တော်ဖြစ်သည်။ VIP ဧည့်သည်များအား ဧည့်ခံနိုင်သည့် အပန်းဖြေ အနားယူ နိုင်သော နိုင်ငံတကာအဆင့်ဇိမ်ခံပစ္စည်းများဖြင့် ပြင်ဆင်ထားသော ဝန်ဆောင်မှုများပါရှိသည့် ဟိုတယ် အလုံးပေါင်း ၅၀ ကျော်ရှိပါသည်။ နိုင်ငံတော်အဆင့် ဂုဏ်ပြုဧည့်ခံပွဲများ၊ ညီလာခံများအား ကျင်းပနိုင် သည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (၂)ခု လည်းရှိသည်။ အရှေ့အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum East Asia) ၊ အာဆီယံထိပ်သီးအစည်းအဝေးပွဲ (ASEAN Summit) ၊ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (ASEAN Tourism Forum) တို့ကဲ့သို့ ထင်ရှားသည့် အခမ်းအနားများကို နေပြည်တော်၌ပင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် ရင်သပ်ရှုမောဖွယ်ကောင်းသော သဘာဝရှူမျော်ခင်း များ၊ အပန်းဖြေဥယျာဉ်များ၊ ဘုရားစေတီများ ၊ ပြတိုက်များလည်းရှိပါသည်။

အခြေခံအချက်အလက်များ

လူမျိုးစုများ – မြန်မာ၊ ကရင်၊ ချင်း

ဘာသာစကား – ဗမာ၊ ချင်း၊

ယုံကြည်ကိုးကွယ်မှု – ထေရဝါဒဗုဒ္ဓဘာသာ၊ ခရစ်စယာန်

မြေမျက်နှာသွင်ပြင်

ရာသီဥတု – နွေ၊ မိုး၊ ဆောင်း

နယ်နိမိတ်ထိစပ်မှုများ – မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်

အကျယ်အဝန်း – ၇,၀၅၄,၃၇ စတုရန်းကီလိုမီတာ

၂,၇၂၃,၇၁ စတုရန်းမိုင်

ထူးခြားမှုများ

 –      မြန်မာနိုင်ငံ၏မြို့တော်ဖြစ်ခြင်း

–        အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာရုံးချုပ်များ အခြေစိုက်သည့် မြို့တော်ဖြစ် ခြင်း

–        ၂၀၁၄ ခုနှစ်စစ်တမ်းကောက်ယူမှုအရ လူဦးရေ (၉၂၄,၆၀၈) ရှိခြင်း

အုပ်ချုပ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဒေသဖြစ်သည့် မြန်မာနိုင်ငံ၏ မြို့တော်သို့ လည်ပတ်ခြင်း

မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ နေပြည်တော်တွင် ခမ်းနားလှသည့် အစိုးရ အဆောက် အအုံများ ရှိပါသည်။ လွှတ်တော်အဆောက်အအုံသည် မြန်မာရိုးရာယဉ်ကျေးမှုများနှင့် ခြယ်မှုန်းထား ပြီး မြန်မာ့ရိုးရာဗိသုကာလက်ရာများနှင့် တည်ဆောက်ထားသည်။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ ရုံးချုပ်ဖြစ်သည့် မြို့တော်၏မြို့တော်ခန်းမသည် ထင်ရှားသည့် အထိမ်းအမှတ် အဆောက် အအုံတစ်ခုလည်းဖြစ်သည်။ ခမ်းနားကြီးကျယ်သော မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (၂)ခုမှာလည်း ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုတစ်ခုပင်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ( World Economic Forum East Asia) ၊ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (ASEAN Tourism Forum) များအပါအဝင် အဆင့်မြင့်အခမ်းအနားများကို ကျင်းပခဲ့ပါသည်။ ထို့အပြင် နေပြည်တော်တွင် တရားရုံးချုပ်၊ သမ္မတအိမ်တော်နှင့် အခြားအစိုးရဌာနရုံးချုပ်များလည်း ရှိပါသည်။

နေပြည်တော်သည် ပဲခူးရိုးမနှင့် ရှမ်းရိုးမတောင်တန်းများအကြား တည်ရှိရာလွင်ပြင်တစ်ခု၌ တည်ရှိပြီး ကမ္ဘာပေါ်တွင် အစိမ်းရောင်မြို့တစ်မြို့လည်းဖြစ်ပါသည်။ လူဦးရေနည်းပါးသဖြင့် လူနေ သိပ်သည်းမှုနည်းပါးကာ လေကောင်းလေသန့်ရရှိ၍ ဆူညံသံနည်းပါးသည့် မြို့တစ်မြို့ဖြစ်ပါသည်။ တစ်မြို့လုံးမှာ သိသာစွာစိမ်းစိုလှပနေပြီး မြို့တော်ကိုစိမ်းလန်းသာယာစေမည့် ဥယျာဉ်ပန်းခြံများစွာ လည်းရှိသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတို့အား ပုံစံငယ်ဖြင့် တည်ဆောက် ပြသထားသည့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သည် ထင်ရှားသော ခရီးသွားဆွဲဆောင်မှုတစ်ခု ဖြစ်ပါသည်။  တိရစ္ဆာန်ဥယျာဉ်မှာ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ရုံများတွင် အကြီးဆုံးဖြစ်ပါသည်။ မြေဧက ၅၀၀ ပေါ်တွင်တည်ဆောက်ထားပြီး တိရစ္ဆာန်မျိုးစိတ်ပေါင်း ၈၁ စုမှ ကောင်ရေ ၄၃၀ ကိုလည်း တွေ့နိုင်သည်။ ဆွဲဆောင်မှုရှိသော စတီးမုခ်ဦးဝင်ပေါက်နှင့် အတွင်းတွင် ရေကန်ငယ်များ၊ ရေပန်း များရှိသည့် ရေပန်းဥယျာဉ်မှာလည်း သွားရောက်လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်ပါသည်။နက္ခတ္တဗေဒကိုစိတ်ဝင်စားသောသူများသည်လည်း နက္ခတ်တာရာပြခန်းသို့ သွားရောက်လည်ပတ်၍ စကြာဝဠာဆိုင်ရာဖြစ်စဉ် ဗဟုသုတများကိုလေ့လာနိုင်ပါသည်။ နေပြည်တော်တွင် သဘာဝအလှ တရားများကို ထိန်းသိမ်းကာလှပစွာတည်ဆောက်ထားသော (၁၈) ကျင်းဂေါက်ကွင်းလည်း ရှိပါ သည်။

နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် ဖြစ်သည်သာမက ယဉ်ကျေးမှု ဆိုင်ရာဒေသလည်းဖြစ်ပါသည်။ ကြည်ညိုဖွယ်ဘုရားစေတီမြောက်မြားစွာလည်းရှိသည်။ ဉာဏ်တော် အမြင့် ၁၀၀ မီတာရှိသော ဥပ္ပါတသန္တိစေတီတော်သည်လည်းနေပြည်တော်တွင် ထင်ရှားသော နေရာ တစ်ခုဖြစ်ပေသည်။ ဘုရားခြေတော်ရင်းတွင် ဆင်ဖြူတော်ကိန်းဝပ်ရာ ဆင်ဖြူတော် တင်းကုပ် ရှိပါသည်။ ဆင်ဖြူရတနာများက ကံကောင်းခြင်း၊ ငြိမ်းချမ်းမှုနှင့် စည်းစိမ်ဥစ္စာများကို ဆောင်ယူ လာကြသည်ဟု ဒေသခံများက ယုံကြည်ကြပါသည်။ နေပြည်တော်တွင်ပြတိုက်များလည်းရှိပါသည်။ ထင်ရှားသော ပြတိုက်တစ်ခုမှာ အမျိုးသားပြတိုက်ဖြစ်ပြီး အဆောက်အအုံ (၅) ခုဖြင့် ဖွဲ့စည်း တည်ဆောက်ထားပါသည်။ ပြတိုက်ငယ်တစ်ခု၊ အရေးကြီးပုဂ္ဂိုလ်များ နားနေရန်နေရာ၊ သမ္မတကြီး ၏လက်ဆောင်ပဏ္ဍာပြခန်း၊ ပစ္စည်းများပြသထားသည့် နေရာများပါဝင်ပါသည်။ တပ်မတော် စစ်သမိုင်းပြတိုက်သည်လည်း သွားရောက်လည်ပတ်သင့်သော နေရာတစ်ခုဖြစ်သည်။ ရှမ်းရိုးမ တောင်တန်းကြီး၏ အလှတရားများကိုနောက်ခံထားကာ ကျယ်ပြန့်သောမြေနေရာတွင် ခမ်းနားစွာ တည်ဆောက်ထားခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ရုန်းကန်ခဲ့ရပုံနှင့်အောင်မြင်မှုရရှိခဲ့ပုံများကို သိရှိနိုင်ပါသည်။

နေပြည်တော်မှာနိုင်ငံ၏မြို့တော်ဖြစ်သဖြင့်နေပြည်တော်တွင် လွှတ်တော်အဆောက်အအုံများ လည်း တည်ရှိသည်။ ခမ်းနားလှသည့်လွှတ်တော်အဆောက်အဦးကို မြေဧက ၈၀၀ ပေါ်တွင် တည် ဆောက် ထားပါသည်။ သမ္မတအိမ်တော် အပါအဝင် ဆောက်အအုံ (၃၁) ခုရှိ၍ ဇမ္ဗူသီရိမြို့နယ်တွင် တည်ရှိပြီး (၂၀) လမ်းသွားလမ်းမကြီးမှဖြတ်၍ သွားရောက်နိုင်ပါသည်။ အဆောက်အအုံကြီးသည်မြန်မာမှုဗိသုကာလက်ရာပုံသဏ္ဍာန်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ရိုးရာကို ထင်ဟပ်ပေါ်လွင် စေသည်။

နေပြည်တော်မြို့တော်ခန်းမသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီရုံး တည်ရှိရာနေရာဖြစ်၍ မြို့ထင်ရှားသည့် အဆောက်အဦးလည်း ဖြစ်ပါသည်။ အရေးကြီးသော နိုင်ငံတော်အဆင့် အခမ်းအနားများကျင်းပရာတွင် နိုင်ငံတော်သံစုံတီးဝိုင်းက မြို့တော်ခန်းမအတွင်းမှ နိုင်ငံတော် သီချင်းကို တီးမှုတ်ပေးသည်။ မြို့တော်ခန်းမကြီး၏အမိုးကို မြန်မာ့မူဟန်မပျက် တည်ဆောက်ထား ပြီး အတွင်းဖက်တွင်လည်း လှပသောဗိသုကာလက်ရာများဖြင့် တန်ဆာဆင်ထားသည်။ ခန်းမကြီး ၏နောက်ကျောဖက်တွင်လည်း ကစားကွင်းနှင့်ရေပန်းများပါဝင်သည့် ဥယျာဉ်တစ်ခုရှိသည်။

မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၂) ခုမှာ မြို့တော်၏ထင်ရှားသည့် အမှတ် အသား ဖြစ်ပါသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်အရှေ့အာရှနှင့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် အပါ အဝင် ကြီးမားသည့် နိုင်ငံတကာအခမ်းအနားများကို ကျင်းပခဲ့ပါသည်။ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၁) တွင် အဓိကခန်းမကြီး (၂) ခု၊ အစည်းအဝေးခန်းမ(၃၃) ခုနှင့် အရံခန်းမ (၄၀) ပါရှိပြီး စတုရန်းမီတာ ၆၀၀၀ ကျော်ရှိပါသည်။ ယင်းအဆောက်အအုံကို ၂၀၁၄ တွင် ဖွင့်လှစ် ခဲ့ပြီး အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၂) ကို ၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

ဒေသဆိုင်ရာယဉ်ကျေးမှုအနုပညာများကို စူးစမ်းလေ့လာလိုသော ကမ္ဘာလှည့်ခရီးသွားများ အနေဖြင့် ဝင်ပေါက်ဘေးနှစ်ဘက်တွင် ဆင်ဖြူတော်ရုပ်ထုနှစ်ခုရှိသည့် သုံးထပ်အဆောက်အအုံ တစ်ခုဖြစ်သော ကျောက်မျက်ပြတိုက်ကို သွားရောက်လည်ပတ်နိုင်ပါသည်။ ကျောက်မျက်ပြတိုက် တွင် ၆၉ ကီလိုဂရမ်ရှိကျောက်စိမ်းတုံးနှင့် ၂၁၄၅၀ ကာရက်ရှိသော မြန်မာ့အကြီးဆုံးပတ္တမြားကြီး ကို ပြသထားသည်။ မြန်မာနိုင်ငံမှာ အဖိုးတန်ကျောက်မျက်ရတနာများကြောင့် ကျော်ကြားပြီး  ထွက်ရှိရာဒေသများကို ပန်းချီဖြင့်သရုပ်ဖော်ပြသထားပါသည်။ ခန်းမကြီးတွင် သဘာဝပုလဲများကို လည်း ခင်းကျင်းပြသထားသည်။ နိုင်ငံတော်ကျောက်မျက်ပြပွဲများ ကျင်းပရာနေရာ ဖြစ်ပါသည်။

အမျိုးသားပြတိုက်သည် ဥတ္တရသီရိမြို့နယ်၊ ကုမုဒြာအဝိုင်းအနီး ၁၄ ဟတ်တာ ကျယ်ဝန်း သော မြေကွက်ပေါ်တွင်တည်ရှိသည်။ A,B,C,D နှင့် E ဟူ၍ ဆောက်အအုံ (၅) ခုခွဲခြားကာ တည်ဆောက်ထားသည်။ အဆောက်အအုံ A တွင် ခန်းမငယ်တစ်ခု၊ ဧည့်သည်တော်များ တည်းခို နားနေရန်နေရာများ၊ သမ္မတလက်ဆောင်ပဏ္ဌာများပြခန်းနှင့် အများပြည်သူနှင့် ဆိုင်သောနေရာ တစ်ခုရှိသည်။ ကျန်အဆောက်အအုံများတွင် ပစ္စည်းများကိုခင်းကျင်းပြသထားပါသည်။ အဆောက် အအုံ B ပြခန်းနေရာကို ပြခန်းများအဖြစ်ဖွဲ့စည်းထားသည်။

နေပြည်တော်တွင် ခန်းနားသောအဆောက်အအုံများဖြင့် ဖွဲ့စည်းထားသည့် တပ်မတော် စစ်သမိုင်းပြတိုက်ရှိပြီး မြေ၆၀၄ ဧကပေါ်တွင်တည်ဆောက်ထားပါသည်။ ရှမ်းရိုးမကို နောက်ခံထား တည်ဆောက်ထားပြီး လှပသည့် ကျေးလက်ဒေသရှုခင်းကိုလည်း ခံစားနိုင်ပါသည်။ ပြည်သူများ အနေဖြင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့မှုများ၊ သမိုင်းဝင်တိုက်ပွဲများနှင့် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၅ခုနှစ်မှစ၍ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ၏ဆောင်ရွက်ချက်များကို လေ့လာ ကြည့်ရှုနိုင်ပါ သည်။ ပြတိုက်တွင် တပ်မတော် ကြည်း၊ရေ၊ လေ တပ်ဖွဲ့များ၏ ပြခန်း (၆) ခုရှိပါသည်။

ရေပန်းဥယျာဉ်သည် နေပြည်တော်၏ နောက်ထပ်ခရီးသွားဆွဲဆောင်မှုတစ်ခု ဖြစ်ပါသည်။ လာရောက်လည်ပတ်သူများကို ဖမ်းစားနိုင်သည့် သံမဏိဖြင့်ပြုလုပ်ထားသော မုခ်ဦးဝင်ပေါက် တစ်ခု ရှိပါသည်။ ၎င်းအပြင်ရေပန်း (၃)ခုပါရှိသည့် ရေကန်ကြီးတစ်ကန် ၊ မတူညီကွဲပြားသည့် ရေပန်း (၁၃) ခုပါဝင်သည့်ရေကန်ငယ်(၁၁)ကန် လည်းရှိပါသည်။ ရေပန်းဥယျာဉ်အတွင်းတွင် အခြားသော ဖျော်ဖြေမှု များကိုလည်း ကြည့်ရှုခံစားနိုင်ပါသည်။

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သည် မြန်မာနိုင်ငံရှိပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ပုံစံငယ် များကို တည်ဆောက်ထားပြီး ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာအနီးရှိ မြေဧက (၄၀၀) ပေါ် တွင်တည်ရှိပါသည်။ အဆိုပါဥယျာဉ်၌ မြန်မာနိုင်ငံ၏လူသိများအကျော်ကြားဆုံး ဆွဲဆောင်မှုများ ဖြစ်သည့် ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်၊ ရခိုင်ပြည်နယ်ရှိငပလီကမ်းခြေနှင့် ရှမ်းပြည်နယ်ရှိအင်းလေး ကန်တို့၏ပုံစံငယ်များကိုပြသထားပါသည်။ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သည် မြန်မာတိုင်းရင်းသား လူမျိုးများအကြောင်း လေ့လာနိုင်ရန်အတွက် အထူးကောင်းမွန်သော နေရာတစ်ခုဖြစ်ပါသည်။

နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သည် မြန်မာနိုင်ငံရှိတိရစ္ဆာန်ဥယျာဉ်များထဲတွင် အကြီးမားဆုံး ဖြစ်ပါသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းဘေးတွင်ရှိပြီး မြေဧက(၅၀၀) ပေါ်တွင် တိရစ္ဆာန် မျိုးစိတ်ပေါင်း ၈၁ စု မှ ကောင်ရေ (၄၃၀) ခန့်ရှိပါသည်။ မြန်မာနိုင်ငံတွင်းရှိ တိရစ္ဆာန်များအပြင် နိုင်ငံခြားတိုင်းပြည်များမှ ပင်ကွင်း၊ သားပိုက်ကောင်စသည့် တိရစ္ဆာန်များကိုလည်းပြသထားပါသည်။ ထင်ရှားသည့် ဆွဲဆောင်မှုများအနက် ကျားဖြူတစ်ကောင်မှာလည်း ဆွဲဆောင်မှုတစ်ခုဖြစ်ပါသည်။

နက္ခတ်တဗေဒပညာကိုစိတ်ဝင်စားသော နိုင်ငံခြားခရီးသွားဧည့်သည်များအနေဖြင့်နေပြည်တော်နက္ခတ်တာရာပြခန်းသို့ သွားရောက်ကြည့်ရှူလေ့လာနိုင်ပါသည်။ ၎င်းပြခန်း၌ နေရောင်ခြည်စွမ်းအင် စနစ်နှင့် စကြာဝဠာကြီး၏ ရင်သပ်ရှုမောအံ့သြဖွယ်ရာများကိုလေ့လာ၍ ဗဟုသုတများကို ရှာဖွေနိုင်ပါ သည်။ ပြခန်းအတွင်း၌ ရုပ်မြင်သံကြားပြသထားမှုများလည်းများစွာရှိပါသည်။ အဆိုပါ နက္ခတ်တာရာ ပြခန်းသည် တနင်္လာနေ့မှလွဲ၍ အခြားသောရက်များတွင် နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၀၀) အထိ နေ့စဉ်ဖွင့်လှစ်လျက်ရှိပါသည်။

နေပြည်တော်တွင် ကျင်းပေါင်း(၁၈)ကျင်းရှိသော တော်ဝင်မြန်မာဂေါက်ကွင်းလည်းရှိပါသည်။ အဆိုပါဂေါက်ကွင်းသည် မြေပြင်အနေအထားကောင်းမွန်ပြီး သဘာဝအတိုင်း ဒီဇိုင်းဆွဲတည်ဆောက် ထားခြင်းဖြစ်ပါသည်။ ဂေါက်ကွင်းတွင်ကစားရန် ဂေါက်ပစ္စည်းများငှားရမ်းပေးခြင်းအပြင်လိုအပ်သည့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးသည့် မြို့တော်ဂေါက်ပစ္စည်းဆိုင်လည်းရှိပါသည်။

ဥပ္ပါတသန္တိစေတီတော်သည် နေပြည်တော်မြို့၏ အကျော်ကြားဆုံးစေတီတစ်ဆူဖြစ်ပါသည်။ စေတီတော်၏ အမြင့်သည် (၁၀၀) မီတာခန့်မြင့်၍ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် ပုံစံတူစေတီတော် တစ်ဆူလည်းဖြစ်၍ တရုတ်နိုင်ငံမှဗုဒ္ဓစွယ်တော်မြတ်တစ်ဆူကိန်းဝပ်စံပါယ်လျှက်ရှိပါသည်။ စေတီတော် အတွင်း၌ နိဗ္ဗာန်သို့သွားရာ ဗုဒ္ဓလမ်းစဉ်များကို သပ္ပာယ်စရာကောင်းသော ရုပ်ပွားဆင်းတုတော်များ မှတဆင့် သရုပ်ဖော်ပြသထားပါသည်။ စေတီတော်လှိုဏ်ဂူတော်ထဲတွင် မဟာဆုတောင်းပြည့် ဗုဒ္ဓ ရုပ်ပွားနှင့် ကျောက်စိမ်းဘုရားလေးဆူတို့ကိုလည်းပူဇော်ထားပါသည်။

ထူးခြားဆန်းပြားသည့် တောရိုင်းတိရစ္ဆာန်များကိုကြည့်ရှု့ရန် စိတ်ဝင်စားသော ခရီးသွား ဧည့်သည်များအနေဖြင့် ဆင်ဖြူတော်တင်းကုပ်သို့ သွားရောက်လေ့လာနိုင်ပါသည်။ ဥပ္ပါတသန္တိ စေတီတော်၏ခြေတော်ရင်းတွင် နေပြည်တော်ရှိဆင်ဖြူတော်များ ကျင်လည်ကျက်စားရန် ဥယျာဉ် တင်းကုပ်ရှိပါသည်။ မြန်မာလူမျိုးတို့အနေဖြင့် ဆင်ဖြူတော်သည်ကံကောင်းမှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝ ချမ်းသာမှုများကို ပေးစွမ်းနိုင်သည်ဟု ယုံကြည်ကြပါသည်။ ဆင်ဖြူတော်တင်းကုပ်အား မြန်မာ့ရိုးရာ ဗိသုကာပုံစံများနှင့် တည်ဆောက်ထားပြီး စိမ်းစိုနေသောမြက်ခင်းပြင်များနှင့် ကြည့်ရှုစရာနေရာများ လည်းပါရှိပါသည်။

သတ္တသတ္တာဟမဟာဗောဓိစေတီတော်သည် အမြင့်ပေ (၁၆၂) ပေမြင့်၍ အိန္ဒိယနိုင်ငံရှိ မြတ်စွာ ဘုရား သဗ္ဗေညုတဉာဏ်တော်ကို ရရှိခဲ့သည့် ဗုဒ္ဓဂါယာနှင့် ပုံစံတူစေတီတော်တစ်ဆူဖြစ်ပါသည်။ ပုဗ္ဗသီရိမြို့အတွင်းရှိ ဥတ္တရရန်သီတောင်ကုန်းပေါ်တွင်တည်ထားကိုးကွယ်ထားပါသည်။ နေပြည်တော်မှ ကားမောင်း၍သွားလျှင် (၁၀) မိနစ်မှ မိနစ် (၂၀)ခန့်သာကြာမြင့်ပြီး လည်ပတ်ရန် ကောင်းသောနေရာဖြစ် ပါသည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်းသည် ခေတ်မှီအားကစားခန်းမနှင့် ရေကူးကန်တို့ပါဝင်၍ ဘက်စုံသုံး နိုင်ငံတကာအဆင့်မီအားကစားကွင်းတစ်ခုဖြစ်ပါသည်။ ဘဲဥပုံစံရှိသောအားကစားကွင်းမှာ ပရိသတ် (၃၀၀၀၀) ဆန့်၍ ကြမ်းပြင်ဧရိယာမှာ (၄၄၀၀၀) စတုရန်းမီတာရှိပါသည်။ ၂၀၁၃ ခုနှစ် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၏ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများနှင့်၂၀၁၄ ခုနှစ်၊ အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲများကိုကျင်းပခဲ့ကြပါသည်။

ဖူးမြှော်လှည့်ပါ ဗုဒ္ဓဂါယာ