နွယ်ငြိမ်း
ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ် နွယ်ငြိမ်းကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism) တစ်ခု ပေါ်ပေါက်တိုးတက် လာစေရန် ရည်ရွယ်သည်။ ပြည်ပခရီးသွားများ အခြေပြုနေထိုင်မည့် နွယ်ငြိမ်းကျေးရွာသည် ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ နှင့် ကပ်လျက်မြို့၏ တောင်ဘက်တွင်တည်ရှိပြီး မန္တလေးမြို့မှ (၅၆) မိုင်အကွာ စဉ့်ကူးမြို့နှင့် ကျောက်မြောင်းမြို့ ဧရာဝတီ တံတား (စဉ့်ကူး) ဖောက်လုပ်ထားခြင်း၊ မန္တလေးမြို့၌ ဧရာဝတီမြစ် အထက်ဘက်သို့ ဆန်တက်သွားလာနေသော သင်္ဘောများဖြင့် ပြည်ပခရီးသွားများသည် နွယ်ငြိမ်း ကျေးရွာသို့ တစ်ထောက်နား၍ စဉ့်ထည် လုပ်ငန်းလုပ်ကိုင်သည်ကိုကြည့်ရှု့ခြင်း၊ ဧရာဝတီမြစ် အထက်ဘက်မှ စုန်ဆင်းလာသော သင်္ဘောများတွင် ပါရှိလာသော ပြည်ပခရီးသွားများသည် နွယ်ငြိမ်းကျေးရွာ (ဧရာဝတီမြစ် အနောက်ဘက်ကမ်း) စဉ့်ထည် လုပ်ငန်းကို တစ်ထောက်နား ကြည့်ရှု၍ ပြန်လည်ထွက်ခွာကြပါသည်။ ကျောက်မြောင်းမြို့ရှိ နွယ်ငြိမ်း ကျေးရွာသည် အိမ်ခြေ (၅၇၆)၊ လူဦးရေ (၃၂၀၀)ကျော်ရှိပါသည်။ မြန်မာသက္ကရာဇ် (၁၁၁၅) ခုနှစ်တွင် တတိယမြန်မာ နိုင်ငံတော်ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် တလိုင်းလူမျိူး များကို ခေါ်ယူလာ၍ ယခုနွယ်ငြိမ်း ကျေးရွာတွင် ကျေးရွာသူကျေးရွာသားများကို စဉ့်ထည်လုပ်ငန်းကို သင်ယူစေခဲ့ရာ နွယ်ငြိမ်းကျေးရွာသည် စဉ့်ထည်လုပ်ငန်း တစ်ခုတည်းကိုသာ စီးပွားရေးလုပ်ငန်း တစ်ခု အဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ နွယ်ငြိမ်းကျေးရွာသည် ရွှေဘိုမြို့မှ (၁၇) မိုင်ကွာဝေးပြီး၊ မော်တော်ယာဉ်၊ ဆိုင်ကယ် များဖြင့် လာရောက်ပါက (၄၅) မိနစ်ခန့် ကြာမြင့်ပါသည်။ မန္တလေး-ရွှေဘို-ကျောက်မြောင်း-နွယ်ငြိမ်း ကျေးရွာ (၈၇) မိုင်ကွာဝေးပါသဖြင့် မန္တလေးမြို့မှ မော်တော်ယာဉ်ဖြင့် လာရောက်ပါက (၃) နာရီခန့် ကြာမြင့်ပါမည်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မန္တလေး-စဉ့်ကူး မော်တော်ယာဉ်ဖြင့် လာရောက်ပါက (၅၆) မိုင်ကွာဝေးပြီး ကြာမြင့်ချိန် (၂:၃၀) နာရီကြာမြင့်မည် ဖြစ်ပါသည်။ နွယ်ငြိမ်း ကျေးရွာနှင့် ကပ်လျက် ကျောက်မြောင်းမြို့တွင် ကျန်းမာရေး အထောက် အကူပြု၊ တိုက်နယ်ဆေးရုံ၊ ဆက်သွယ်ရေး အတွက် (Mobile phone) ကြိုးဖုန်း ရှိပါသည်။ လျှပ်စစ်မီး၊ ရေရရှိပါသည်။ နွယ်ငြိမ်းကျေးရွာတွင် အခြေပြု၍ နွယ်ငြိမ်းရွာ စဉ့်ထည်လုပ်ငန်း၊ ရွှေဂွန် စဉ့်ထည် လုပ်ငန်း၊ မလားရွာနှင့် မခေါက်ရွာတို့သည် တောင်သူလုပ်ငန်းများဖြစ်ပြီး ခရီးသွားလုပ်ငန်း စွဲဆောင် မှုပြုနိုင်ပါသည်။
အင်ဒေါင်း
၂၀၁၄ အောက်တိုဘာလမှ စတင်ပြိး ကျေးရွာလူထုပါဝင်သော ခရီးသွားလာရေးကို ပထမ ဆုံးအနေဖြင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ကျေးရွာ (၆)ရွာဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ ပါဝင်လာကြ သည်။ ကျေးရွာ (၈)ရွာတို့တွင် ကျေးရွာ တည်ရှိမှု ခုနှစ်၊ လူဦးရေ၊ အလုပ်အကိုင်၊ ဝင်ငွေ၊ လည်ပတ်နိုင် သောနေရာများ၊ လက်မှု့ပစ္စည်း ထုတ်လုပ်မှုများ၊ ရှေးဟောင်းစေတီပုထိုးနှင့် ဘုန်းကြီးကျောင်းများ စသည့်တို့အား တွေ့ဆုံစစ်တမ်း ကောက်ယူခြင်း၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် ပြည်တွင်း ခရီးသွားဧည့်သည်များအား ဧည့်ခံ နိုင်ရန်အတွက် ဒေသမှ ထွက်ရှိသော အသားငါး၊ ဟင်းသီးဟင်းရွက် များနှင့် အသီးများကို ဒေသခံများနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ခြင်း၊ ကမ္ဘာလှည့် ခရီးသွားဧည့် သည်များထံမှ လည်ပတ်မှု ရက်ပေါင်း၊ အစားအသောက်၊ တည်းခိုမှုနှင့် တစ်နေ့တာသုံးစွဲမှု စရိတ်စ သည့်တို့အား စစ်တမ်းကောက်ယူခြင်းနှင့် အကြံအဉာဏ် တောင်းခံခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံများ အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ ကျေးရွာများတွင် တညီတညွတ် ထဲ အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။ (၁) ဧရာဝတီလင်းပိုင်နှင့် လက်ပစ် ကွန်ရေလုပ်သားပူးပေါင်းငါးဖမ်းဆီးမှု ပြသရေးအဖွဲ့၊ (၂) ထမင်းဧည့်ခံကျွေးမွေးရေး အဖွဲ့၊ (၃) ကျေးရွာ လမ်းပြအဖွဲ့၊ (၄) ကျေးရွာ လက်မှုပညာပြသရေးအဖွဲ့၊ (၅) နွားလှည်းယာဉ်ဖြင့် ပို့ဆောင်ရေးအဖွဲ့နှင် (၆) လက်မှု့ပစ္စည်း ရောင်းချရေးအဖွဲ့ တို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ကျေးရွာ (၈) ရွာထဲမှ ချက်ပြုတ်ကျွေး မွေးရန်အတွက် လိုအပ်သော ချက်ပြုတ်မှုနှင့် ဝန်ဆောင်မှုသင်တန်းကို သားငှက်ထိန်းသိမ်းရေး အဖွဲ့ နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူပေါင်းပြီး သင်တန်းပေးခဲ့ပါသည်။ ထို့ပြင် ဧည့်သည် များအတွက် လုံခြုံမှု့နှင့် ဆောင်ရန်ရှောင်ရန်များကိုလည်း သင်တန်းပေးခဲ့ပါသည်။ C.B.T အဖွဲ့ဝင်များ ကို ကျေးရွာ (၈) ရွာမှ ရေလုပ်သားများ၊ ၂၀၁၅ မှ ၂၀၂၀ ခုနှစ်တွင် ကျေးရွာ (၈) ရွာမှ အဖွဲ့ဝင် (၃၅၂) ဦး တို့ဖြင့် ဆောင်ရွက်နေသည်။ အဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ပေးမှု၊ ဒေသခံများ အလုပ် အကိုင်နှင့် ဝင်ငွေရရှိမှု့နှင့် ကျေးရွာဝင်ငွေ ရန်ပုံငွေရရှိမှု့တို့ကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် MRTI ကပေးအပ်သော The Best Community Involvement In Tourism ဆုကို ရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် ဒေသခံများ စီမံအုပ်ချုပ်နေသော တည်းခိုရိပ်သာ ကို ဆောက်လုပ်ခဲ့သည်။ ၂၀၁၉ တွင် လင်းပိုင်တည်ခိုရိပ်သာ ကိုဖွင့်လှစ်နိုင်ခဲ့သည်။
CBT Site တွင်လုပ်ဆောင်နိုင်သော activity များ
နွယ်ငြိမ်း
ရွှေဘို ခရိုင်၊ ကျောက်မြောင်းမြို့နယ် (နွယ်ငြိမ်း၊ ရွှေဂွန်၊ ရွှေထိုက်၊ မလား၊ မခေါက်) ရွာတို့ကို အခြေပြုလျှက် နွယ်ငြိမ်းဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျှက် ရှိပါသည်။ နွယ်ငြိမ်း (CBT) သို့ မော်တော်ကားလမ်း၊ ရေကြောင်းလမ်းများမှ သွားရောက်နိုင်ပါသည်။ တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ကုန်းဘောင် မင်းဆက်မှ စတင်၍ စဉ့်ထည်လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြပါသည်။ နွယ်ငြိမ်း၊ ရွှေဂွန်၊ ရွှေထိုက်၊ မလား၊ မခေါက် ကျေးရွာများတွင် စဉ့်ထည်နှင့် ပတ်သက်သော အိုးများ၊ အခြားလူသုံးကုန် ပစ္စည်းများ၊ ကလေးကစားစရာ ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် လက်မှု့ လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြပါသည်။ ရှေးအစဉ် အဆက်မှ လုပ်ကိုင်ခဲ့သော ဒေသထွက် စဉ့်ထည် လုပ်ငန်းများကို ခရီးသွားဧည့်သည်များ ကြည့်ရှုလေ့လာရာတွင် ဒေသခံများမှ လိုက်လံ ရှင်းလင်း ပြသခြင်းနှင့် နိုင်ငံခြားခရီးသွား ဧည့်သည်များမှ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ကြည့်ခြင်းများ ရှိပြီး မခေါက်ရွာတွင်လည်းယက်ကန်းလုပ်ငန်းများလုပ်ကိုင်ကြပြီး ခရီးသွားဧည့်သည်များမှ ဝင်ရောက် လုပ်ကိုင် ကြည့်ခြင်းများ ရှိပါသည်။
အင်ဒေါင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အင်ဒေါင်းနှင့် ရွာသစ်ကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကမ္ဘာပေါ်တွင် မြန်မာ တစ်နိုင်ငံတည်းသာ တွေ့နိုင်သော ဧရာဝတီလင်းပိုင်နှင့် လက်ပစ်ကွန် ရေလုပ်သားအကျိုးတူ ပူး ပေါင်းငါးဖမ်းဆီးခြင်း ရိုးရာဓလေ့ကို ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ကြည့်ရှုလေ့လာကြ ပါသည်။ ၂၀၀၅ ခုနှစ် မန္တလေးနှင့် ကျောက်မြောင်းအကြား (၇၂) ကီလိုမီတာ အရှည်ရှိသော ဧရာဝတီ မြစ်အစိတ်အပိုင်းအား မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအဖြစ် သက်မှတ်ထူထောင်ပေးခဲ့ပါသည်။ ရိုးရာဓလေ့ လက်မှု့လုပ်ငန်းများဖြစ်သော အိုးလုပ် ငန်းနှင့်ယက်ကန်းလုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ကိုယ်တိုင်လက်တွေ့ လုပ် ကြည့်ခြင်း၊ ဆီဆုံဖြင့် ပဲဆီထုတ်လုပ်ခြင်း လုပ်ငန်းကို ဝင်ရောက်ကြည့်ရှုခြင်း၊ အင်ဒေါင်း (CBT) Site အနီးရှိ ရေမျက်ကြီး အင်းနှင့် ကျောက်ဖြူအင်းတို့တွင် ငှက်ကြည့်ခြင်း စသည့်တို့ကို လေ့လာ ကြည့်ရှု နိုင်ပါသည်။ ခရီးသွား ဧည့်သည်များသည် စက်ဘီးစီးခြင်း၊ တစ်ချို့ လမ်းလျှောက်ခြင်းများ ရှိပြီး ဒေသ ခံများနှင့်အတူ အစားအစာ ချက်ပြုတ်ခြင်း ပြုလုပ်ခြင်းများ ရှိပါသည်။ သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကိုလည်း အတူတကွ ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ကျွန်းပင်တရားစခန်းရိပ် သာ ကျောင်းကိုလည်း သွားရောက်လေ့လာခြင်း၊ တရားထိုင်၍ရခြင်းနှင့် လင်းပိုင်တည်းခိုရိပ်သာ ကိုလည်း တည်းခိုနိုင်ပါသည်။
CBT Site အနီးတဝိုက်ရှိ လည်ပတ်စရာနေရာများ
နွယ်ငြိမ်း
ရွှေဘို ခရိုင်၊ ကျောက်မြောင်းမြို့နယ် (နွယ်ငြိမ်း၊ ရွှေဂွန်၊ ရွှေထိုက်၊ မလား၊ အခေါက်) ရွာ တို့ကို အခြေပြုလျှက် နွယ်ငြိမ်း ဒေသလူထုအခြေပြု ခရီးသွားလုပ်ငန်းကို အကောင်အထည် ဖော် ဆောင်ရွက်လျှက် ရှိပါသည်။ နွယ်ငြိမ်း ကျေးရွာ အနီးရှိ ရွှေဂွန်၊ ရွှေထိုက်၊ မလား ကျေးရွာ (၄) ရွာမှ စဉ့်ထည်လုပ်ငန်းများနှင့် မခေါက်ကျေးရွာမှ ယက်ကန်း လုပ်ငန်းများကို လေ့လာ၍ ရနိုင်ပါသည်။ နွယ်ငြိမ်း ကျေးရွာအနီးရှိ သဘာဝအရ ပေါက်ရောက်နေသော ထန်းပင်များရှိပြီး ထန်းရည်ရရှိခြင်း ကို နိုင်ငံခြား ခရီးသွားဧည့်သည်များမှ ကြည့်ရှု၍ ရပါသည်။ ကျောက်မြောင်းမြို့ ဘုန်းကြီးကျောင်း အတွင်းရှိ ရှေးဟောင်း ပစ္စည်းများကိုလည်း လေ့လာကြည့်ရှု နိုင်ပါသည်။ နွယ်ငြိမ်းကျေးရွာမှ ကျောက်မြောင်းရှိ ရှေးဟောင်း ရေတော်ဘုရားသို့ သွားရောက်ဖူးမျှော်နိုင်သလို စဉ့်ကူးမြို့သို့လည်း သွားရောက် လည်ပတ်နိုင်ပါသည်။ စဉ့်ကူးတံတားကို ဖြတ်၍ ကားလမ်းမှ ရွှေမုဠော ဘုရားသို့ (၂၀) မိနစ်ခန့်နှင့် ရေကြောင်းလမ်းမှလည်း (၁၀) မိနစ်ခန့်ကြာ သွားရောက် ဖူးမျှော်နိုင်ပါသည်။ တတိယ မြန်မာနိုင်ငံတော် ကိုတည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင် ခဲ့သော ရွှေဘိုမြို့ သို့လည်း သွားရောက်လည်ပတ် နိုင်ပါသည်။ ရွှေဘိုမြို့ သည် ငါးမည်ရသော မြို့ဖြစ် ပါသည်။ ရွှေဘိုမြို့တွင် မြို့ထောင့် စေတီ၊ ရွှေချက်သို စေတီ၊ ရွှေကံသာ ဘုရား များရှိပြီး မဟာနန္ဒကန် ကိုလည်း သွားရောက်လည်ပတ် နိုင်ပါသည်။ ဦးအောင်ဇေယျ နန်းတော်၊ နန်းမြို့ရိုး ဟောင်းများ၊ ကျုံးများ မှာလည်း သွားရောက် လည်ပတ်နိုင်ပါသည်။
အင်ဒေါင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အင်ဒေါင်းနှင့် ရွာသစ်ကျေးရွာ လူထု အခြေပြု ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံရှိ ပထမဆုံး တောရကြီး ဘေးမဲ့တောသို့ မိနစ် (၆၀) ကြာ သွားရောက်လည်ပတ်နိုင်ပါသည်။ အင်ဒေါင်း ကျေးရွာအနီး အိုးလုပ်ငန်းလုပ်သော ရွာသစ်ကျေးရွာ သို့ လည်းသွားရောက်လေ့လာ ကြည့်ရှုနိုင်ပြီး အင်ဒေါင်းကျေးရွာမှ ယက်လုပ်သော ယက်ကန်းလုပ်ငန်း များကိုလည်း လေ့လာကြည့်ရှုနိုင်ပါသည်။ ရေညှိစားသော ရေပျော်ငှက် (ဉပမာ-ရေဘဲ၊ ဗျိုင်း) နှင့် ဆောင်းရာသီတွင်သာ လာတတ်သော ဆောင်းခိုငှက်များကိုလည်း လှည့်လည်ကြည့်ရှုနိုင်ပါသည်။ အင်ဒေါင်း CBT မှ မိနစ် (၂၀) ကြာသွားလျှင် ရှိမ္မကား စံပြကျေးရွာနှင့် ဈေးသို့ရောက်ရှိပြီး ဈေးအတွင်း လှည့်လည်ကြည့်ရှုနိုင်ပါသည်။ အင်ဒေါင်း CBT မှ ရွာသစ်ကျေးရွာ အနီးရှိ ရှိမ္မကား ရွာသစ်ကျေးရွာသို့ လည်း သွားရောက်နိုင်ပါသည်။ အလောင်းစည်သူမင်း တည်ခဲ့သော ရွှေတောင်မော်ဦး စေတီသို့လည်း ရေကြောင်းလမ်းမှ (၁၅) မိနစ်ကြာ သွားရောက်ဖူးမြော်နိုင်ပါသည်။ အင်ဒေါင်း CBT မှ ရေမျက်ကြီး အင်းသို့ (၁) နာရီနှင့် မိနစ်(၂၀) အကြာသွားရောက် လည်ပတ်နိုင်ပြီး၊ ကျောင်းဖြူအင်းသို့လည်း (၄၅) မိနစ် ခရီးဖြင့် လှည့်လည်ကြည့်ရှု နိုင်ပါသည်။ ဝက်လက်မှ (၁) နာရီနှင့် မိနစ်(၃၀) တွင် ဟန်လင်းမြို့ ဟောင်းသို့ ရောက်ရှိလည်ပတ်နိုင်ပါသည်။ တရားထိုင်၍ ရသော ကျွန်းပင်တရားစခန်းရိပ်သာသို့ အင်ဒေါင်း CBT မှ ရေလမ်းဖြင့် သွားလျှင် မိနစ် (၆၀) ဖြင့် ရောက်ရှိလေ့လာနိုင်ပြီး ကုန်းလမ်းမှ သွား လျှင်လည်း (၂) နာရီခန့် အကြာတွင် ရောက်ရှိနိုင်ပါသည်။
CBT Site သို့ သွားရောက်လည်ပတ်နိုင်သည့်လမ်းကြောင်းများ
နွယ်ငြိမ်း
ရွှေဘို ခရိုင်၊ ကျောက်မြောင်းမြို့နယ် (နွယ်ငြိမ်း၊ ရွှေဂွန်၊ ရွှေထိုက်၊ မလား မခေါက်) ကျေးရွာ (၅) ရွာတို့ကို အခြေပြုလျှက် နွယ်ငြိမ်း ဒေသ လူထုအခြေပြု ခရီးသွား လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပါသည်။ ကျောက်မြောင်းမြို့နှင့် ကပ်လျှက်မြို့ ၏ တောင်ဘက်တွင် တည်ရှိပါသည်။ နွယ်ငြိမ်းကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းသို့ မော်တော်ကားလမ်း၊ ကြောင်းလမ်းများမှ သွားရောက်နိုင်ပါသည်။ နွယ်ငြိမ်း ကျေးရွာသည် ရွှေဘိုမြို့မှ (၁၇) မိုင်ကွာဝေးပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် လာရောက်ပါက (၁၄) မိနစ်ခန့် ကြာမြင့်ပါမည်။ မန္တလေး-ရွှေဘို-ကျောက်မြောင်း-နွယ်ငြိမ်း ကျေးရွာ (၈၇) မိုင် ကွာဝေးသဖြင့် မန္တလေးမြို့မှ မော်တော်ယာဉ်ဖြင့် လာရောက်ပါက (၃) နာရီခန့် ကြာမြင့်ပါမည်။ မန္တလေး-စဉ့်ကူး (ဧရာဝတီမြစ် အရှေ့ဘက်ကမ်း) လမ်းမှ မော်တော်ယာဉ် ဖြင့် သွားရောက်ပါက (၅၆) မိုင်ကွာဝေးပြီး ကြာမြင့်ချိန်(၂:၃၀)နာရီ ကြာမြင့်မည် ဖြစ်ပါသည်။ မန္တလေးမြို့၌ ဧရာဝတီမြစ် အထက်ဘက်သို့ ဆန်တက်သွားလာနေသော သင်္ဘောများဖြင့် ပြည်ပ ခရီးသွားများသည် နွယ်ငြိမ်းကျေးရွာသို့ တစ်ထောက်နား၍ စဉ့်ထည်လုပ်ငန်း လုပ်ကိုင်သည်ကို ကြည့်ရှုခြင်း၊ ဧရာဝတီမြစ် အထက်ဘက်မှ စုန်ဆင်းလာသော သင်္ဘောများ တွင် ပါရှိလာသော ပြည်ပ ခရီးသွားများသည် နွယ်ငြိမ်းကျေးရွာ (ဧရာဝတီမြစ် အနောက်ဘက်ကမ်း) စဉ့်ထည်လုပ်ငန်းကို တစ်ထောက်နား၍ ကြည့်ရှုပြီး ပြန်လည််ထွက်ခွာ ကြပါသည်။ ကုန်းလမ်း ခရီးဖြင့် မန္တလေး-ရွှေဘို-ဟန်လင်း(ပျူ) ရှေးဟောင်း နယ်မြေများနှင့် ဆက်စပ်လည်ပတ် နိုင်သော ခရီးစဉ်ဖြစ်ခြင်း၊ ဧရာဝတီ မြစ်ကြောင်း အတိုင်း ရေလမ်းခရီးဖြင့် မန္တလေး-မင်းကွန်း ဒေသများနှင့် ဆက်စပ် လည်ပတ်နိုင်သော ခရီးစဉ်ဖြစ်ခြင်း တို့ကြောင့် ခရီးသွား ဧည့်သည်များ စိတ်ဝင်စားသည့် ခရီးသွား ဒေသတစ်ခု လည်းဖြစ်ပါသည်။
အင်ဒေါင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အင်ဒေါင်းနှင့် ရွာသစ်ကျေးရွာ လူထုအ ခြေပြု ခရီးသွားလုပ်ငန်းသို့ မန္တလေးမြို့မှ မော်တော်ဖြင့် (၃) နာရီ အကြာ အသွားအပြန် သွားရောက် နိုင်ပါသည်။ မန္တလေးမြို့နှင့် စစ်ကိုင်း ခရိုင်ချင်းဆက်လမ်းမှ တစ်ဆင့် အင်ဒေါင်းနှင့် ရွာသစ် CBT သို့ မော်တော်ကားဖြင့် (၁) နာရီ (၄၀) မိနစ်ကြာ အသွားအပြန်သွားရောက်နိုင်ပြီး အပြန်ခရီးတွင် မန္တလေး မြို့သို့ သင်္ဘောဖြင့် သွားနိုင်သလို မော်တော်ကားဖြင့်လည်း သွားနိုင်ပါသည်။ အင်ဒေါင်းလူထုအခြေပြု ခရီးသွားလုပ်ငန်းသို့ မုံရွာ၊ ရွှေဘိုမှ တစ်ဆင့် ကားဖြင့်လာရောက် လည်ပတ်နိုင်ပါသည်။ မုံရွာ-ရွာသာ ကြီး-လှတော-ဝက်လက်-ရှိမ္မကား မှလည်း အင်ဒေါင်း CBT သို့ မော်တော်ကားဖြင့် သွားနိုင်ပါသည်။ မန္တလေးမြို့မှ စဉ့်ကူးမြို့သို့ မော်တော်ကားဖြင့် (၂) နာရီကြာ သွားရောက်နိုင်ပြီး ထိုမှတစ်ဆင့် စဉ့်ကူး မှ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသော အင်ဒေါင်း (CBT) လင်းပိုင် တည်းခိုရိပ်သာ သို့ မော်တော်ကားဖြင့် (၂) နာရီကြာ သွားရောက်နိုင်သလို သင်္ဘောဖြင့်လည်း သွားရောက်လည်ပတ် နိုင်ပါသည်။
CBT Site သို့ သွားရောက်လည်ပတ်သင့်သောအချိန်
နွယ်ငြိမ်း
နွယ်ငြိမ်း ဒေသလူထုအခြေပြု ခရီးသွား လုပ်ငန်းသို့ မော်တော်ကားလမ်း၊ ရေကြောင်းလမ်းများမှ သွားရောက် နိုင်ပါသည်။ နွယ်ငြိမ်း ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက် လေ့လာ လည်ပတ်ကြပါသည်။ ခရီးသွား ဧည့်သည်များသည် ရာသီဥတု သာယာပြီး ဆောင်းရာသီ ဝင်စကာလဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု ပိုမိုများပြားပြီး ရာသီဥတု ပူချိန်ဖြစ်သော မတ်၊ ဧပြီ၊ မေလများတွင် ခရီးသွားဧည့်သည်များ ခရီးသွားလာရာတွင် ပင်ပန်းနွမ်းနယ် စေသည့်အတွက် ဧည့်သည်ဝင်ရောက် မှု့ နည်းပါးပါသည်။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများမှာ မိုးရာသီ ဖြစ်သည့်အတွက် ခရီးသွားဧည့်သည် များ ခရီးသွားရာတွင် ရာသီဥတုအခြေအနေကြောင့် လွယ်ကူ ချောမွေ့စွာ သွားလာနိုင်မှု့ မရှိမှာကို စိုးရိမ်သည့်အတွက် ဧည့်သည်လာရောက်မှု့ နည်းသွားပါသည်။ နွယ်ငြိမ်း ဒေသလူထုအခြေပြု ခရီးသွား လုပ်ငန်းသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည်သည်များ လာရောက်လည်ပတ်သည့်အခါ ညအိပ် တည်းခိုနိုင်သည့် ကျေးလက်အိမ် အဆောက်အဦးများလည်း ဆောက်လုပ်ထားရှိပါသည်။ နံနက်ခင်းပိုင်းမှ စ၍လာလျှင် ပို၍သင့်တော် ကောင်းမွန်ပါသည်။ သို့မှသာ နွယ်ငြိမ်း၊ ရွှေဂွန်၊ ရွှေထိုက်၊ မလား စသည့်ကျေးရွာ (၄) ရွာတွင် ရှေးအစဉ်အဆက်မှ လုပ်ကိုင်ခဲ့သော စဉ့်ထည်လုပ်ငန်း များမခေါက်ရွာတွင် လုပ်ကိုင်သော ယက်ကန်း လုပ်ငန်းများကို မြင်သာထင်သာစွာ ကြည့်ရှု့လေ့လာ နိုင်မည်ဖြစ်ပါသည်။
အင်ဒေါင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အင်ဒေါင်းနှင့် ရွာသစ်ကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကမ္ဘာပေါ်တွင် မြန်မာ တစ်နိုင်ငံတည်းသာ တွေ့နိုင်သော ဧရာဝတီလင်းပိုင်နှင့် လက်ပစ်ကွန်ရေလုပ်သား အကျိုးတူပူးပေါင်း ငါးဖမ်းဆီးမှု ရိုးရာဓလေ့ကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်ကြည့်ရှုလျှက် ရှိပါ သည်။ ခရီးသွား ဧည့်သည်များသည် သဘာဝအားဖြင့် အောက်တိုဘာလလယ်ပိုင်းမှ စ၍ မေလပိုင်း အထိ ဧရာဝတီလင်းပိုင်များအား ကြည့်ရှုရန် လာရောက်ကြလေ့ ရှိပါသည်။ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များသည် အင်ဒေါင်း CBT သို့ မနက်ခင်းပိုင်းလာပြီး နေ့ချင်းပြန် ဧည့်သည်များ ရှိသလို တစ်ချို့ နေ့လည်ပိုင်းလာ၍ ညအိပ်ပြီး နောက်ရက်နေ့လည်ပိုင်းမှ ပြန်သူများလည်း ရှိပါသည်။ လာရောက်သည့် ဧည့်သည်အရေအတွက်မှ (၈၀) ရာခိုင်နှုန်းမှာ နေ့လည် လာသူများ ဖြစ်ပါသည်။ များ သောအားဖြင့် ဧည့်သည်အများစုမှာ တစ်ညအိပ်နှစ်ရက်လာသူများပြီး တစ်ချို့မှာနှစ်ညအိပ် သုံးရက် လာသူများရှိပါသည်။ ဧရာဝတီလင်းပိုင်များ ကြည့်ရှုရန်အတွက် မြန်မာပြည်တွင် နေထိုင်အလုပ်လုပ် သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များမှာ ဇန်နဝါရီလထဲတွင်တစ်ညအိပ် ခရီးဖြင့် အများဆုံး လာရောက်ကြပါသည်။ ရှေးစေတီ ပုထိုးများ၊ ဘာသာရေးအဆောက်အဦးများ၊ တောရကြီးကျောင်းနှင့် ဧရာဝတီလင်းပိုင်ကြည့်ခြင်း စသည်တို့ကို ဒေသခံအဖွဲ့ဝင်များက အချိန်သတ်မှတ်ထားပါသည်။ ဧရာ ဝတီလင်းပိုင်နှင့် လက်ပစ်ကွန်ရေလုပ်သား အကျိုးတူငါးဖမ်းဆီးခြင်းကို နံနက် (၇) နာရီမှ (၁၁) နာရီ ထိ ပြသပြီး နေ့လယ် (၃) နာရီမှ ညနေ (၆) နာရီ အထိပြသပေးပါသည်။ နေ့ခင်းပိုင်းတွင် ဧရာဝတီ လင်းပိုင်များ နားနေချိန်ဖြစ်ပါသည်။ ကျေးရွာများနှင့် ရှေးဟောင်းစေတီ ပုထိုးများ လည်ပတ်ရာတွင် နံနက် (၇) နာရီမှ ညနေ (၅) နာရီအထိ သတ်မှတ်ထားပြီး သဲသောင်ပြင်ပေါ် မီးပုံပွဲ ပြုလုပ်ရာတွင် ည (၇) နာရီမှ (၁၀) နာရီ အချိန်ထိ ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။
အင်ဒေါင်း