Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
1.Consolation prize(1) Aung Mying
FESTIVALS
1.Consolation prize(1) Aung Mying
FESTIVALS

ကျင်းပသည့်ကာလ

သီတင်းကျွတ်လပြည်နေ့ပြီးနောက် အောက်တိုဘာလတွင် တစ်ရက်ကြာကျင်းပလေ့ရှိသည်။

ကျင်းပသည့်နေရာ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ ရွှေကျင်ချောင်း

ထူးခြားမှုများ

 ရွှေကျင်ချောင်း၌ အောက်တိုဘာလတွင် ကျင်းပသော မီးထွန်းပွဲတော်တစ်ခုဖြစ်သည်။ နံနက်ပိုင်းတွင် လှေပြိုင်ပွဲများနှင့် ညနေပိုင်းအချိန်တွင် ဆီမီးခွက်များ ၊ ဆီမီးတိုင်များက ဤ ပွဲတော်၏ ပြရုပ်တစ်ခုဖြစ်သည်။

          အောက်တိုဘာလစဉ်လတိုင်း ပဲခူးတိုင်းဒေသအတွင်းရှိ ရွှေကျင်ချောင်းတွင် ကျင်းပ သော ဤပွဲတော်အား နှစ်ပိုင်းခွဲခြားနိုင်သည်။ ဒေသခံများမှ နံနက်ပိုင်းတွင် လှေပြိုင်ပွဲများ ဦးစွာ ပါဝင်ယှဉ်ပြိုင်ကြသည်။ အမျိုးသားနှင့် အမျိုးသမီး အသင်းနှစ်သင်းမှ အတူတကွ ပါဝင် ယှဉ်ပြိုင်လေ့ရှိသည်။ လှေပြိုင်ပွဲပြီးနောက် မြန်မာ့ရိုးရာ သီချင်းများနှင့်အတူ သီဆိုကခုန်ကြသည့် ရွာသားများနှင့်တကွ လှေပေါ်ပြပွဲများလည်း ကျင်းပကြသည်။ ၎င်းဓလေ့သည် လာရောက်ကြသည့် ဘုရားဖူးများအတွက် ကံကောင်းခြင်းများကို ယူဆောင်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ဤပွဲတော်အား လာရောက်ကြည့်ရှုကြသော နိုင်ငံခြားသား ဧည့်သည်များအနေဖြင့်လည်း ရွှေကျင်ချောင်းအား အလှဆင်ထားသော လှပသည့် ထောင်ပေါင်းများစွာ သော ဆီမီးများအား စွဲမက်ဖွယ်ရာ ကြည့်ရှုနိုင်ကြပါသည်။

အောက်တိုဘာလတွင်ကျင်းပသော အခြားပွဲတော်များ

ကောင်းမှုတော်ဘုရားပွဲတော်

ကျင်းပသည့်ကာလ- သီတင်းကျွတ်လပြည့်နေ့တစ်ဝိုက် (၅) ရက်ကြာကျင်းပလေ့ရှိသည်။

ကျင်းပသည့်နေရာ – စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့

ဆက်လက်ဖတ်ရှုရန်

ကျောက်ဆည်ဆင်ပွဲတော်

ကျင်းပရာနေ့ရက် – သီတင်းကျွတ်လပြည့်မတိုင်ခင်တစ်ရက်နှင့် လပြည့်နေ့

ကျင်းပရာနေရာ – မန္တလေးမှတောင်ဘက် ၄၀ ကီလိုမီတာခန့်ရှိ ကျောက်ဆည်

ကျင်းပသည့်ကာလ – (၂) ရက်

ဆက်လက်ဖတ်ရှုရန်

ကျောက်တော်ကြီးဘုရားပွဲတော်

ကျင်းပသည့်ကာလ – (၄) ရက် (သီတင်းကျွတ် လပြည့်မတိုင်ခင် ၁ ရက်မှစ၍ကျင်းပသည်)

ကျင်းပသည့်နေရာ – မန္တလေးမြို့

ဆက်လက်ဖတ်ရှုရန်