အာရှ-ပစိဖိတ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းအဖွဲ့(PATA)ကို ၁၉၅၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ ပါသည်။ ၎င်းအဖွဲ့သည်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အခြေစိုက်သော နိုင်ငံတကာအဖွဲ့ အစည်းတစ်ခုဖြစ်ပြီးအာရှနှင့်ပစိဖိတ်ဒေသအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမြှင့်တင် ရန်၊ ဒေသတွင်းယဉ်ကျေးမှုအမွေအနှစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပံ့ပိုးဆောင်ရွက်ရေး အတွက် လိုအပ်သောနည်းပညာများပံ့ပိုးပေးရန်၊ ခရီးသွားလုပ်ငန်းဆောင်ရွက်သည့် ဒေသခံများ နှင့် ကမ္ဘာလှည့်ခရီးသည်များအားခရီးသွားလုပ်ငန်းဆိုင်ရာဗဟုသုတများပြန့်ပွားစေရန် အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ယနေ့အချိန်တွင် PATAအဖွဲ့၌အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ ခရီးစဉ်ဒေသများမှပြည်နယ်အစိုးရအဖွဲ့ပေါင်း ၉၅ ဖွဲ့ ၊ နိုင်ငံတကာလေကြောင်းလိုင်း ၂၉ လိုင်းနှင့်လေဆိပ်များ၊ အပျော်စီးသင်္ဘောများအပါအဝင်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အဖွဲ့ အစည်းများမှ စုစုပေါင်းအသင်းဝင် (၈၀၀) ကျော်ရှိပါ သည်။
၁၉၅၁ ခုနှစ်မှစတင်၍ PATA သည် အာရှ-ပစိဖိတ်ဒေသများအတွင်းရှိ ခရီးသွားလုပ်ငန်း ဆိုင်ရာဆက်စပ်လုပ်ငန်းများကိုဦးဆောင်၌ ဆောင်ရွက်လုပ်ကိုင်လျက်ရှိပါသည်။
PATAသည် ဒေသတွင်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း အဆင့် အတန်းမြှင့်တင်ရေးတို့အတွက် ပုဂ္ဂလိက၊ အစိုးရအဖွဲ့အစည်းများနှင့်အတူပူးပေါင်း ဆောင်ရွက်ခြင်း
အဖွဲ့ဝင်နိုင်ငံများအား လိုအပ်သောအကြံပြုချက်များနှင့် လမ်းညွှန်ချက်များပေးနိုင်ရန် အာရှနှင့်ပစိဖိတ်ဒေသတွင်းရှိခရီးစဉ်ဒေသများမှပြည်နယ်အစိုးရအဖွဲ့ပေါင်း ၉၅ ဖွဲ့ ၊ နိုင်ငံတကာလေကြောင်းလိုင်း ၂၉ ခု၊လေဆိပ်များနှင့် အပျော်စီးသင်္ဘောများ၊ ပညာရပ် ဆိုင်ရာသင်တန်းကျောင်း ၆၃ ခုနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အဖွဲ့အစည်းပေါင်း တစ်ရာကျော်တို့ကိုဖွဲ့စည်းခြင်း
PATA’s Strategic Intelligence Center (SIC) မှ အာရှ-ပစိဖိတ် ဒေသအတွင်း ခရီးသည်ဝင်ရောက်မှုစစ်တမ်းများကောက်ခံခြင်း ၊ခရီးသည်ဝင်ရောက်မှုနှုန်းခန့်မှန်းခြင်း ၊ ခရီးသွားလုပ်ငန်းဈေးကွက်အခြေအနေကို သုတေသနပြုလုပ်ခြင်း
PATA မှ နှစ်စဉ်ကျင်းပသော အခမ်းအနားများမှ အဖွဲ့ဝင်နိုင်ငံများအတွက် ဒေါ်လာ သန်းပေါင်းများစွာဝင်ငွေရရှိရန် အခွင့်အလမ်းများဖန်တီးပေးခြင်း
ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော PATA အဖွဲ့ခွဲပေါင်း ၄၃ ဖွဲ့နှင့် ကမ္ဘာတစ်ဝန်းလုံးရှိခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ် များကိုစီမံဆောင်ရွက်ခြင်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်းနှင့် ပညာရေးဆိုင်ရာကူညီထောက်ပံ့မှုများပေးခြင်းတို့ဖြင့် အာရှ-ပစိဖိတ် ဒေသအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော တာဝန်သိခရီးသွားလုပ်ငန်း ဖြစ်လာစေရန် ဖော်ဆောင်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါသည်။
PATA အဖွဲ့ချုပ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အခြေစိုက်ဖွဲ့စည်းထားပါသည်။ ဩစတြေးလျနှင့် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တို့တွင်လည်း PATA ရုံးခွဲများတည်ရှိပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာနှင့်ဒေသတွင်းခရီးသွားလုပ်ငန်း အဖွဲ့အစည်းများတွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ ခရီသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိရာအာရှ-ပစိဖိတ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းအဖွဲ့ (PATA)သို့ ၁၉၉၅ ခုနှစ်မှစတင်၍ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း အဖွဲ့ (PATA) သို့ အသင်းဝင်ကြေးအမေရိကန်ဒေါ်လာ(၇၇၈၅)ဒေါ်လာကို ၁၉၉၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ပေးသွင်းလျက် ရှိပါသည်။
၂၀၁၁ ခုနှစ်၊နိုဝင်ဘာလ ၂၇ ရက်နေ့တွင် PATA Mynamar Chapter of Pacific-Asia Travel Association ကိုဖွဲ့စည်းခဲ့ပါသည်။ ၎င်းအဖွဲ့တွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကဥက္ကဌတာဝန်ကိုယူ၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ အရာထမ်းများနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက အဖွဲ့ဝင်အဖြစ်ပါဝင်ပါသည်။
မြန်မာနိုင်ငံအနေနှင့် PATA ဘုတ်အဖွဲ့အစည်းဝေးများ ၊ PATA နှစ်ပတ်လည်ကွန်ဖရန့် များနှင့် အခြားလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ သည် PATA မှ နှစ်စဉ်ကျင်းပလျက်ရှိသော အာရှ-ပစိဖိတ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းပြပွဲ တွင် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံမှ ရှုမျှော်ခင်းများကိုပါဝင်ပြသလျက်ရှိပါသည်။