ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတမ်းပေါ်တွင် တည်ရှိပါသည်။ အနောက်ဘက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ပင်လယ်ကမ်းရိုးတမ်းရှည်တစ်ခုရှိသည်။ ၁၀၀၄၉ ပေအမြင့်ရှိသော ဗစ်တိုးရီးယားတောင်ထိပ်သို့ မြင့်တက်သွားသော ရခိုင်ရိုးမသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ရခိုင်ပြည်နယ်ကို ပိုင်းခြားထားသည်။ ရခိုင်ပြည်နယ်တွင် မာန်အောင် နှင့် မြေင ူ ကဲ့သို့သော ကမ်းရိုးတန်းမလှမ်းမကမ်းရှိ အသင့်အတင့်ကြီးမားသော ကျွန်းစုများတည်ရှိသည်။ ရခိုင်ပြည်နယ်တွင် ရန်ကုန်မှလေကြောင်းလိုင်းအားဖြင့် ၄၅ ကီလိုမီတာ အကွာတွင်တည်ရှိသော မြန်မာနိုင်ငံ၏ နာမည်ကြီးသောကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေတည်ရှိသည်။ ငပလီကမ်းခြေသည် အတော်အသင့်ထင်ရှားသော်လည်း လူများထူထပ်ပြည့်ကျပ်မနေခြင်းနှင့် သူ၏ စိမ်းပြာရောင်တောက်ပသောရေ၊ အဖြူရောင်သဲပွင့်များ၊ ထန်းပင်များ နှင့် တံငါရွာများကြောင့် ပိုထင်ရှားလေသည်။ ရခိုင်ပြည်နယ်တွင် ရခိုင်မင်းဆက်၏ ရှေးဟောင်းမြို့တော်ဖြစ်သော မြောက်ဦး၊ ရှစ်သောင်းပုထိုးတော်ကြီး၊ ဓုကန်သိမ်းဘုရား၊ ကိုးသောင်းပုထိုးတော်ကြီး၊ လေးမျက်နှာဘုရား၊ အံ့တော်ဘုရားများ စသည့် ခရီးသွားလာသူများ လာရောက်လည်ပတ်နိုင်သည့် နေရာကောင်းများ တည်ရှိပါသည်။
စိမ်းပြာရောင်ရေနှင့်နူးညံ့သောအဖြူရောင်သဲပွင့်များရှိသည့် ၇ကီလိုမီတာအရှည်ရှိသော ငပလီကမ်းခြေသည် ကမ္ဘာ အနှံ့အပြားတွင်ရှိသော ထောင်ချီသည့် နိုင်ငံခြားသားများ ၏ နှလုံးသားကိုဖမ်းစားထားနိုင်သော နေရာတစ်ခုဖြစ်ပါ သည်။ ငပလီကမ်းခြေသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ကမ်းခြေများထဲမှတစ်ခုအဖြစ်သတ်မှတ်ခြင်းခံထားရပါသည်။ ငပလီကမ်းခြေ၏ ကမ်းရိုးတန်း တစ်လျှောက်တွင် ထန်းပင် များ အစဉ်လိုက်ရှိနေပြီး တိတ်ဆိတ်ငြိမ်သက်အေးချမ်း သော အားလပ်ရက်အပန်းဖြေခြင်းကို ကုန်ဆုံးရန်ေ ကာင်းသော နေရာတစ်ခုဖြစ်ပါသည်။ ငပလီ ကမ်းခြေသည် နိုင်ငံခြားသားများနှစ်သက်သော နေရာတစ်ခုဖြစ်သော် လည်း လူများကျပ်သပ်ထူထပ်ခြင်း မရှိသော်ကြောင့် အပန်းဖြေအနားယူရန် အသင့်တော်ဆုံးေ နရာလည်း ဖြစ်ပါသည်။
မြောက်ဦးမြို့သည် မြန်မာနိုင်ငံ အနောက်ပိုင်းဒေသတွင် ရှိသော ၇ စတုရန်းကီလိုမီတာကျယ်ဝန်းသည့် ရှေးဟောင်း သုတေသန နယ်မြေတစ်ခုဖြစ်ပါသည်။ ထိုရှေးဟောင်း သုတေသန နယ်မြေသည် အေဒီ ၁၄၃၀ နှင့် ၁၇၈၅ ခုနှစ် အတွင်း မြောက်ဦးဘုရင်မင်းဆက်၏ မြို့တော်ဖြစ်ခဲ့သည်။ မြောက်ဦးမြို့သည် နိုင်ငံခြားသားခရီးသွားများ ဒေသခံများ ၏ နေ့စဉ်ဘဝ များကို လေ့လာနိုင်သည့်နေရာတစ်ခုြ ဖစ်သည်။ မြောက်ဦးမြို့သည် ကျောက်တုံးများ အုတ်ခဲများ ဖြင့်ဆောက်လုပ်ထားသည့် အရွယ်အစားပေါင်းစုံရှိသော ဘုရားများ ပုထိုးတော်များ တည်ရှိသည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။
စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ကုလားတန်၊ မေယု နှင့် လေမိုဖြစ်များ ပေါင်းဆုံရာ မြစ်ဝကွျှန်းပေါ်တွင် တည် ရှိပါသည်။ စစ်တွေမြို့သည် ရင်သပ်ရှုမောဖွယ် ရှုခင်းများ၊ မရေမတွက်နိုင်သော ဘုန်းကြီးကျောင်းများ၊ ဘုရားပုထိုးများ နှင့် ရခိုင်ယဉ်ကျေးမှု အမွေအနှစ် ပြတိုက်ရှိသည့်အတွက် နိုင်ငံခြားသားများ လာရောက်လည်ပတ်နိုင်သော နေရာကောင်း တစ်ခု ဖြစ်ပါသည်။
မြောက်ဉီးမြို့တွင်တည်ရှိသည့် လေးမျက်နှာဘုရားသည် သျှစ်သောင်းပုထိုးတော်ကြီး၏ အနောက်မြောက်ဘက်တွင် တည်ရှိပါသည်။ ဤလေးမျက်နှာဘုရားသို့ဝင်ရန် အရပ်လေး မျက်နှာတွင် တံခါးမုဒ်ဝလေးခုရှိပြီး လှိုဏ်ဂူအတွင်း အလယ်တွင် ပလ္လင်တော်များအပေါ်၌ကြီးမားသောထိုင်တော်မူကျာက်ဆင်းတု တော်ရှစ်ဆူမှာအရပ်ရှစ်မျက်နှာသို့မျက်နှာမူကာတည်ရှိနေပါသည်။ ဤဘုရားကိုဘုရင်စောမွန်ကမှအဒီ၁၄၃၀ခုနှစ်တွင် သဲကျောက် များကိုအသုံးပြု၍ တည်ထားခဲ့ခြင်း ဖြစ်ပါသည်။
ကိုးသောင်းပုထိုးတော်ကြီးသည်မြောက်ဉီးမြို့တွင် အကြီးဆုံးပုထိုးတော်ကြီးဖြစ်ပါသည်။ ဘုရားဆင်းတုတော်(၉၀၀၀၀)ကိန်းဝပ်စံပယ်နေသဖြင့် ကိုးသောင်းပုထိုးတော်ကြီးဟု အမည်တွင်သည်။ ဤပုထိုးတော်ကြီးကို အေဒီ၁၅၅၄ခုနှစ်နှင့်၁၅၅၆ခုနှစ်ကြားတွင် ရခိုင်ဘုရင်မင်းတိက္ခာကတည်ထားခဲ့ပါသည်။ ဤပုထိုးတော်ကြီးသည် ကျောက်နံရံများ၊ ကျောက်မုဒ်ဉီးများနှင့်အတူ ထုထည်ကြီးမားသည့် အထိမ်းအမှတ်တစ်ခုအဖြစ်ရှိနေပြီး ထူထဲသောကျောက်တံတိုင်းခံတပ်ကြီးနှင့်ဆင်တူပါသည်။
ထုက္ကံသိမ်ဘုရားကိုအေဒီ၁၅၇၁ခုနှစ်တွင်ဘုရင်မင်းဖလောင်း ကတည်ထားခဲ့ပါသည်။ပေ၃၀ခန့်မြင့်သောတောင်ကုန်းပေါ်၌ တည်ရှိပြီးပြေပြန့်သောမျက်နှာပြင်ကဲ့သို့ဖွဲ့စည်းတည်ဆောက်သောကြောင့် ”ဗုံ”နှင့်အလားသဏ္ဌာန်တူနေပါသည်။ ဤဘုရား၏နံရံများပေါ်၌ ပုံဖော်ထားသော ပန်းပုရုပ်ကြွများ၊ ရုပ်တုများရှိပါသည်။ ထုက္ကံသိမ်ဘုရားသည်လည်ပတ်ရန်အတွက်လှပသော သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပါသည်။
ကမ်းသာယာကမ်းခြေသည်ရခိုင်ပြည်နယ်ရှိ သာယာလှပသော ကမ်းခြေများထဲမှ တစ်ခုဖြစ်ပါသည်။ ”ကမ်းသာယာ”ဆိုသည်မှာ ”မြန်မာနိုင်ငံရှိသာယာသောကမ်းခြေ”ဟုဆိုလိုပြီး ၂ကီလိုမီတာ ခန့် ရှည်လျားပါသည်။ ကမ်းသာယာကမ်းခြေ၏ ထူးခြားချက် များမှာ အပြာရောင်ပင်လယ်ရေ၊ငွေရောင်သဲများပြန့်ကျဲနေသော ကမ်းခြေ၊(၈၀၀၀)ကိုက်ခန့်ရှည်လျားသည့်ကမ်းခြေတစ်လျှောက် ညီညာစွာပေါက်ရောက်နေသော စိမ်းစိုညို့မှိုင်းသည့် အုန်းပင် အစုလေးများ၊ များပြားသောကျောက်ပြားများေ ကျာက်တုံးများြ ဖစ်ပါသည်။ ပင်လယ်ရေအောက်ကျောက်တုံးများ၊ ပင်လယ်ေ ကျာက်ဆောင်များသည် ကမ်းခြေအတွက်သဘာဝကပေးသော ခြံစည်းရိုးသဖွယ်ဖြစ်နေသောကြောင့်ငါးမျှားခြင်းကိုကြိုက်နှစ်သက်သော သူများအနေဖြင့် လုံခြုံစိတ်ချစွာငါးမျှားနိုင်ပါသည်။ ထို့ပြင် ကမ်းခြေတစ်လျှောက်တွင်လည်း လာရောက်လည်ပတ်သူ များအား ကူညီရန်အစောင့်များချထားပါသည်။
မြောက်ဉီးမြို့ရှိအံတော်သိမ်ပုထိုးသည် ဗုဒ္ဓမြတ်စွာဘုရား၏ အံတော်ဓာတ်ကို ဌာပနာထားသော ဘုရားဖြစ်ပါသည်။ သျှစ်သောင်းပုထိုးတော်ကြီး၏ အရှေ့မြောက်အရပ် ၈၆ပေ (၂၆မီတာ)ခန့်အကွာ အဝေးတွင်တည်ရှိပါသည်။ ဤပုထိုးကို မူရင်းတည်ထားခဲ့သူဘုရင်မင်းလှရာဇာသည်ေ အဒီ၁၅၂၁ခုနှစ် တွင်တည်ထားခဲ့ပါသည်။
သျှစ်သောင်းပုထိုးတော်ကြီးသည်မြောက်ဉီးမြို့တွင် သတိပြု မိလောက်အောင် ထင်ရှားသော ဘုရားတစ်ဆူဖြစ်ပါသည်။ ရှစ်သောင်းသောဆင်းတုတော်တို့ကိုအစွဲပြု၍ ရှစ်သောင်းဘုရား ဟုခေါ်ကြသည်။ သျှစ်သောင်းဘုရားကို ဘုရင်မင်းပင်ကြီးကေ အဒီ၁၅၃၅ခုနှစ်နှင့် ၁၅၃၆ခုနှစ်ကြားတွင် ဘင်္ဂလားဒေ့ရှ်ကို စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် တည်ထားခဲ့ခြ င်းဖြစ်ပါသည်။
တန်ဆောင်တိုင်ပွဲတော်ကိုနိုဝင်ဘာလတွင်နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပကြပြီးသင်္ကန်းပရိက္ခရာများနှင့်အခြားလှူဖွယ်ရာများကို ရဟန်းသံဃာတော်များအားဆပ်ကပ်လှူဒါန်းကြပါသည်။ ကထိန်ခင်းခြင်းဟုလည်းခေါ်ကြပါသည်။ ဤအချိန်တွင် ဘုန်းကြီးကျောင်းများအတွက်လှူဒါန်းမည့်ဝတ္ထုငွေများကို ပဒေသာပင်သီး၍ထိုပဒေသာပင်ကိုကထိန်အရံအဖြစ်လည်း လှူဒါန်းကြပါသည်။
ဂေါတမမြတ်စွာဘုရားသည်နတ်ပြည်၌တရားဟောကြားပြီးနောက် လူ့ပြည်သို့ပြန်ကြွလာသည်ကိုအမှတ်တရဖြစ်စေရန်အလို့ငှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကိုသီတင်းကျွတ်လပြည့်နေ့ ပတ်ဝန်းကျင်တွင်မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၃ရက်ကြာ ကျင်းပကြပါသည်။ လူများသည်သူ့တို့၏အိမ်များကို ဆီမီးများ၊ရောင်စုံမီးပုံးများဖြင့် အလှဆင်ပြီးထိုပွဲတော် ကိုဖော်ကျူးကြပါသည်။သီတင်းကျွတ်မီးထွန်းပွဲတော်သည် ဝါတွင်း၃လပြီးဆုံးခြင်းအဖြစ်လည်းသတ်မှတ်ကြပါသည်။
သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံ၏ စိတ်ဝင်စားဖွယ် အကောင်းဆုံးနှင့် အကြီးမားဆုံးသော ပျော်ပွဲရွှင်ပွဲ တစ်ခုဖြစ်ပါသည်။ ရခိုင်သြင်္ကန်ပွဲတော်ထူးခြားချက်မှာ ယောကျာ်းလေးများ နှင့် မိန်းကလေးများသည် လောင်းလှေ၏တစ်ဘက်တစ်ချက်တွင် ထိုင်ကာ ရေကစားကြခြင်းဖြစ်ပါသည်။ ထိုမင်္ဂလာရှိသောေ န့ရက်တွင် မြန်မာလူမျိုး ချီးကျူးဖွယ် ကောင်းမှုတို့ကို နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် ပြုလုပ်လေ့ရှိကြသည်။