စံကားအင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်; EPIC ( ယဥ်ကျေး မှု့နှင့်သဘာဝသယံဇာတများကို တိုးပွားစေခြင်းဖြင့် အင်းလေးဒေသစီးပွားရေးကို မြှင့်တင်ခြင်းစီမံချက်- AICS AID 10937 )ကို AICS- ဖွံဖြိုးမှု့ ပူးပေါင်းဆောင် ရွက်ရေး အီတလီအေးဂျင့်စီ ၊ ICEI- ဦးဆောင်အဖွဲ့အစည်းများနှင့်ဒေသခံ မိတ်ဖက်အဖွဲ့ InleSpeaks, Dear Myanmar,စံကားဒေသ လုထုများ ပူးပေါင်း၍ CBT လုပ်ငန်းကို ဖော်ဆောင်ခဲ့ပါသည်။
စံကားအင်း CBT သည် စံကားအင်းအရှေ့ဖက်ကမ်းခြေ ၊အင်လေး အင်း၏တောင်ဖက် ရွာ ၃ရွာ ဖြစ်သော စံကား၊သာယာကုန်း၊ကုန်းသာ ရွာတို့ဖြင့်ဖွဲ့စည်ထားပြီး အဓိကလူမျိုးစု အားဖြင့် ရှမ်း၊ပအိုဝ်း၊ အင်းသား တို့နေထိုင်ကြပါသည်။
ရွာတိုင်းတွင် CBT ကော်မတီများရှိပြီး အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ် ဆုံးဖြတ်နိုင်သည်၊ဝန်ဆောင်မှု့ပေးသူ (ဥပမာ.အချက်အပြုတ် အဖွဲ့ များ,လှေလှော်သားများနှင့်ဧည့်လမ်းပြများ)မှဧည့်သည်များကို ဝန်ဆောင်မှု့ပေးသူများဖြစ်သည်။
အရေးကြီးသော သင်တန်းများ အပြင် လူ့စွမ်းအားမြှင်တင်ရေး နှစ်မျိုးစလုံးကို ၂၀၁၇ ခုနှစ်မှစတင်၍ တာဝန်သိ ခရီးသွား ဖွံဖြိုးရေး ရည်ရွယ်ချက်ဖြင့် အစားအစာ ဘေးကင်ရေး ၊ရေဆိုး စနစ်၊ရှေးဦးပြုစုနည်း၊ခေါင်းဆောင်မှု့ပညာနှင့် စီမံခန့်ခွဲမှု့ ၊စာရင်းသွင်းသင်တန်းများ သင်ကြားပေးခဲ့သည်၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း ၏အဓိပ္ပာယ်မှာ ဒေသတွင်းနေထိုင်သူများကို တိုက်ရိုက် ပါဝင်စေခြင်ပင်ဖြစ်သည်။စံကားအင်း CBT မှ ခရီးဥ်များ နှင့် စံကားခမ်း ကျေးရွာပိုင်အိပ်ဆောင်နှင့် စားသောက်ဆိုင်များကို ဒေသခံများ မှ စီမံခန့်ခွဲလျှက်ရှိသည်၊သင့်ရဲ့ လှေလှော်သား၊ချက်ပြုတ်ပေးသူ(သို့) ဧည့်လမ်းပြများ နှင့် သင်လည်ပတ်သောအလုပ်ရုံ များပါ သင့်တင့်သောအပို ဝင်ငွေရရှိစေခြင်းဖြင့် ၎င်းတို့မိသားစုကို ထောက်ပံ့နိုင်သည်၊
သို့သော်လည်းခရီးစဥ်တိုင်းတွင် အချိုးကျ ပမာဏဖြင့် ကျေးရွာဖွံဖြိုးရေး အတွက်ရန်ပုံငွေ ထည့်ဝင်ကျရသည်၊
၂၀၂၀ ပြည်နှစ် ဖေဖော်ဝါရီလတွင်စံကားခမ်း ကျေးရွာပိုင် အိပ်ဆောင်နှင့် စားသောက်ဆိုင်ကို ဖွင့်လှစ် နိုင်ခဲ့ပြီး အိပ်ခန်း ၃ ခန်း တွင် ဧည့်သည် ၁၂ ဦး တည်းခိုနိုင်မည်ဖြစ်သည်၊
CBT Site တွင်လုပ်ဆောင်နိုင်သော activity များ
စံကား အင်း CBT မှ ခရီးစဥ်များစုံလင်စွာ ဖြင့် အချိန် အသုံးပြု နိုင်အပေါ် မှုတည်၍ မတူ ထူးခြားတဲ့ အတွေ့ အကြုံ များရရှိစေရန် ဦးစားပေးဝန်ဆောင်မှု့ပြုလျက်ရှိသည်။
များ မှ ပြင်ဆင်ချက်ပြုတ်သော ရိုးရာ နေ့လည်စာ များမှာ ချက်ပြုတ်သူ လူမျိုးစု အုပ်စု အလိုက် ပြောင်လဲ သုံးဆောင်နိုင်မည်ဖြစ်သည်။
တောင်းဆိုချက်ရှိ ပါက , ညနေခင်း လေ့လာ သင်ယူ စရာ များ မှာ အိပ်ဆောင်ဝန်းအတွင်း CBTအဖွဲ့ မှပြုလုပ်သော ဆပ်ပြာအလုပ်ရုံ,သို့မဟုတ် သိုင်းအက သင်ကြားဖျော်ဖြေရေး ကို ကျေးရွာ မှဝါရင့် ကျွမ်းကျင်သူများက ဖျော်ဖြေ ဦးဆောင်ကြမည်ဖြစ်သည်၊
CBT Site အနီးတဝိုက်ရှိ လည်ပတ်စရာနေရာများ
သာယာသော ရှုခင်း များမြင်တွေ့နိုင်သော လမ်းလျောက်ရန် လမ်းသွယ်များ နှင် ရိုးရာ မပျက် နေထိုင်ကြသော ကျေးရွာများကို စံကား CBT ဧရိယာ ပတ်လည်တွင်တွေ့ ရနိုင်သည်၊စံကားခမ်း ကျေးရွာပိုင် အိပ်ဆောင်မှ ဧည့်သည်များအတွက် ပတ်ဝန်းကျင် တွင် ပိုမိုလေ့လာ နိုင်ရန် အခမဲ့ စက်ဘီးစီးခြင်းများပြုလုပ်နိုင်ပါသည်၊ ယဥ်ကျေးမှု့ နှင့်သဘာဝ အမွေအနှစ်များအားလုံး၊ရှင်သန်နေသော ရိုးရာများနှင့် ဘာသာရေးအထင်ကရနေရာများ ကြည့် နိုင်ရန် မြေပုံ ပြုလုပ်ပြီး “ဒေသန္တရ လေ့လာ စရာ နေရာများ မှတ်တမ်းပြုစုမှု့ အစီအစဥ် “ကို စာအုပ် နှင့် သာမက soft copy ပါကို CBT ၌ ရရှိ နိုင်ပါသည်၊
ခေါင်းစဥ် များ အရ မြေပုံတွင် စတင် ဆောင်ရွက် သည်မှစတင်၍ မိုဘိုင်းဖုန်းများတွင် သတင်းရယူနိုင်သော အက်ပ် ပလီကေးရှင်း “Explore Samkar –Inle “ ကို ပြုလုပ်ခဲ့ ပါသည်၊
ဤအက်ပ်ပလီကေးရှင်း ကို ဖုန်းအမျိုးမျိုး တွင် ထည့်သွင်း ရရှိနိုင်ပြီး နေရာအတော်များများနှင့် ရွာ များကို အောက်ဖော်ပြပါ ခေါင်းစဥ် ခွဲ များမှတဆင့် ဝင်ရောက်နိုင်ပါသည်၊
နေရာအားလုံး ကို ဒေသဆိုင်ရာ ကောင်ကင်မှတ်တမ်းများ ပြုလုပ်ထားပြီး မြေပြင်တွင် အနီးစပ်ဆုံး မှန်ကန်မှု့ရှိစေပါသည်၊
ဓာတ်ပုံ နှင့် ထပ်ထည့်ထားသောခေါင်းစဥ် များ ဖြည်စွက်ပြီး ထည့်သွင်း တင်ပြထား ပြီးဖြစ်ပါသည်။ အက်ပလီကေးရှင်းသည် ယခုအခါ အင်္ဂလိပ်ဗားရှင်းဖြင့် ရရှိနိုင်သော်လည်း မကြာမှီ မြန်မာဗားရှင်းဖြင့် ရရှိတော့မည်ဖြစ်သည်၊
ဥပမာအားဖြင့် လည်ပတ်စရာနေရာများထဲမှတခုဖြစ်သောနောင်ဘိုကျေးရွာ၏ ကြည့်စရာ ရိုးရာအိုးလုပ်ငန်း သို့မဟုတ် လွိုင်လန်ရှေးဟောင်းဘုရား ဘုရင်အလောင်းစည်သူတည်ထားတော်မှု ပြီးလွိုင်လန်တောင်ထိပ် တွင်တည်ရှိ၍ကန်ရေပြင်သို့ ရင်သပ်ရှုမောဖွယ် ရှုခင်းများကို မြင်တွေ့ ရမည်ဖြစ်သည်၊ပတ်ဝန်းကျင်တွင် သဘာဝ ရေထွက် ကို နန်းဟူးရွာ အနီးမှာ တွေ့ရှိနိုင်ပါသည်၊ထိုနေရာတွင် ရေကန်ငယ် သုံးခု တည်ရှိပြီး ရေသည်ကြည်လင်လျက်ရှိသည်ကို တွေ့ နိုင်သည်၊ အနိမ့်ဆုံးကန်တွင် လူတိုင်း အမျိုးသမီးနှင့်အမျိုးသားများပါ ရေချိုးနိုင်သည်,အပေါ်ဖက်ကန်မှာ ဘုန်းကြီး များသာ ရေချိုနိုင်ပြီး ရဟန်း သမုတ် အသုံးပြုရန် ရေသိမ်လည်းရှိသည်၊
CBT Site သို့ သွားရောက်လည်ပတ်နိုင်သည့်လမ်းကြောင်းများ
စံကားအင်း CBT သည် ရေလမ်းခရီးသာ မက ကုန်းလမ်းခရီးဖြင့်လည်း သွာလာ နိုင်ပေသည်၊စံကား အင်း၏အရှေ့ဖက်ခြမ်း ကမ်းခြေတွင်တည်ရှိပြီး အင်လေးအင်း တောင်ဖက်သို့ ချောင်းဖြင့်ဆက်သွယ်ထား၍ ရာသီချိန်တွင် ရေကြောင်းမှ သွားလာနိုင်ပါသည်၊
စံကား CBT သည် ညောင်ရွေ မှ တောင်ဖက် ၃၈ ကီလိုမီတာ အကွာ စံကားရွာ, CBT ၏အလယ် ဗဟိုတွင်တည်ရှိသည် ညောင်ရွေ သို့ အင်းလေးကန် အရှေ့ဖက်ကမ်းကားလမ်းမှ ဆက်သွယ် ထားပြီး ၁နာရီ ခွဲ ခန့်သွား ရသည်၊ကုန်းသာရွာသည်လည်းတူညီစွာအရှေ့ဖက်ကမ်းတွင်တည်ရှိပြီး မိုင် အနည်ငယ် ခန့် တောင်ဖက်သို့သွားရသည်၊သာယာကုန်းရွာ သည် ကန်၏အခြားဖက်ကမ်း တွင်တည်ရှိပြီး စံကားမှ လှေဖြင့်( ၁၅ မိနစ်ခန့် ခရီး) သွားလာနိုင် ပါသည်၊ CBT- ရွာအားလုံးကို ညောင်ရွေ မှ စက် လှေ ဖြင့် ၃ နာရီ ခရီး စီး ၍ လှပသော အင်းလေးကန်ကို ဖြတ်ကာ ရောက်ရှိ နိုင်ပါသည်၊
စံကားအင်း CBT သည် ,ထင်ရှား ကျော်ကြား လှသောအင်လေးသို့ အဓိက ဝင်ပေါက်ဖြစ်သည့်ညောင်ရွေမြို့ နှင့် ကယားပြည်နယ် ၏ မြို့တော် လွိုင်ကော်မြို့, ဖယ်ခုံမြို့ အနီး မိုးဗြဲ ဆည် သို့ သွားသော လမ်း အလယ်တွင် တည်ရှိသည်၊
စံကားအင်း CBT သည် ဧည့်သည်များ အား တနှစ်ပတ်လုံး ဝန်ဆောင်မှု့ပေးရန် နွေးထွေးစွာ ကြိုဆို လျှက်ရှိသည်၊
ဧည့်များသောရာသီတွင် ရာသီဥတုမှာ နေသာ ပြီး ခြောက်သွေ့ ကာ နေ့တွင်ပူ၍ညအခါ ချမ်း အေး သည်၊
ဧည်များရာသီတွင် ဤဧရိယာ သို့ညောင်ရွေ မှ မော်တော်ဘုတ်ဖြင့်ရောက်ရှိနိုင်ပြီး အခြားရာသီတွင် ခြောက်သွေ့ သဖြင့် မဖြစ်မနေ ညောင်ရွေမှ ကားဖြင့် ၁ နာရီခွဲ ခန့် ကားဖြင့်သွားရ လေ့ရှိသည်၊
ရှမ်းပြည်နယ်သည်၎င်း၏ ကောင်မွန် သော ရာသီဥတု နှင့် အပုချိန်များကြောင့် ကျော်ကြား သည်မိုးရာသီတွင်လည်း အပြင်ဖက်တွင်ထင်ရှားသော အလင်ရောင် များကြောင့် လည်ပတ်လုပ်ရှားမှု့များလုပ်ဆောင်နိုင်ပေသည်၊
စံကားအင်း CBT ၏ ခရီး စဥ်များ, အချိန် နှင့်အခြေအနေ၊ ဈေးနှုန်း များ ၊ သတင်း အချက်အလက် များ၊ သိရှိလိုပါက CBT ညှိနှိုင်းရေး မှုး နှင့် ဆက်သွယ် ပါရန်
အီးမေးလ် – samkarcbt@gmail.com
ဖုန်း – +၉၅ ၉ ၈၉၅၀၂၃၉၃၀
စာရင်းသွင်း ခြင်း ,သီးသန့်နေရာ ဝယ်ယူခြင်း နှင့် ငွေပေးချေ ခြင်း —