ကျင်းပသည့်ကာလ
မြင်းကမ္ဘာရွာ၊ ပုဂံ၊ မန္တလေးတိုင်း
မနူဟာဘုရားပတ်ဝန်းကျင်ရှိ ဘုရားဈေးတွင် လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ပါသည်။ ပွဲတော်တွင် ဘုရားဓါတ်တော်များအား ဘုရားဘေးတစ်လျှောက် လှည့်လည်ပူဇော်ကြပါသည်။
မနူဟာဘုရားပွဲတော်အား စက်တင်ဘာလတွင် မြင်းကမ္ဘာရွှာ၊ ပုဂံ၌ ကျင်းပပြီး ပွဲတော်တွင် ဒေသခံ ဈေးသည်များမှ ပစ္စည်းများအား နွားလှည်းများဖြင့်သယ်ဆောင်လာ၍ ခရီးသွားဧည့်သည်များအား ရောင်းချကြပါသည်။ စားသောက်ဖွယ်ရာများ၊ လက်မှုပစ္စည်းများနှင့် လယ်ယာထွက်ပစ္စည်းများအား ဝယ်ယူရရှိနိုင်ပါသည်။ ရောင်းချရရှိသော ငွေအချို့တဝက်အား ရဟန်းသံဃာများနှင့် မနူဟာဘုရားအား လှူဒါန်းပူဇော်ကြပါသည်။ နေ့ဘက်တွင် စက္ကူဖြင့်ပြုလုပ်ထားသည့် မြတ်စွာဘရားရှင် အလောင်းအလျာ ပုံစံတူအရုပ်များ၊ ဘုရားဓါတ်တော်များအား လှည့်လည်ပူဇော်ပြသ၍ ဒေသခံများမှ လှူဘွယ်ဝတ္ထုများ အား ကပ်လှူပူဇော်ကြပါသည်။ ညဘက်တွင် ဒေသခံများမှ အကများ၊ ပြဇာတ်ပွဲများပြုလုပ်၍ ပွဲတော် အားဆင်နွှဲကြပါသည်။