၁၈ ရက် (သီတင်းကျွတ် လဆန်း (၁)ရက် မှ လဆုတ် (၃)ရက်နေ့ထိ )
အင်းလေးကန်၊ ရှမ်းပြည်နယ်တောင်ပိုင်း
ဒေသခံများမှ ရွှေအတိပြီးသော ဘုရားဆင်းတုတော်များအား ရှိခိုးကန်တော့ကြပါသည်။ ခြေဖြင့်လှော်ခတ်သည့် လှေလှော်ပြိုင်ပွဲမှာ ပွဲတော်၏ အဓိကဆွဲဆောင်မှုပင်ဖြစ်ပါသည်။
စက်တင်ဘာလတွင် ကျင်းပသော ဖောင်တော်ဦးဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လူများလာရောက်ကြပါသည်။ ယင်းပွဲတော်မှာ အင်းလေးတွင် ကျင်းပသော အကြီးကျယ်ဆုံး ဘုရားပွဲတော်ဖြစ်ပါသည်။ ပွဲတော်သို့ ဘုရားဖူးလာရောက်ကြသည့် ခရီးသွားဧည့်သည်များ များပြားလှပါသည်။ ရွှေသင်္ကန်းများကပ်လှူထားသောကြောင့် ဘုရားဆင်းတုတော်များမှာ မူလပုံစံ ပျောက်ကွယ်နေပါသည်။ ဘုရားဖူးများမှာ ဘုရားရှိခိုးကန်တော့၍ လှူဘွယ်များအား ကပ်လှူကြပြီး ရဟန်းသံဃာများအားလည်း လှူဘွယ်ပစ္စည်းများဖြင့် ကပ်လှူပူဇော်ကြပါသည်။ အဆိုအကများဖြင့် ပူဇော်ပသခြင်းများလည်းပါဝင်ပါသည်။ မြန်မာနိုင်ငံတွင်သာမြင်တွေ့နိုင်သည့် ခြေဖြင့်လှော်ခတ်သည့် လှေလှော်ပြိုင်ပွဲအားလည်း ခရီးသွားဧည့်သည်များအနေဖြင့် အားပေးကြည့်ရှုနိုင်ပါသည်။