တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏အဓိကမြို့တော်ဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် ပုဂံ မင်းဆက်များလက်ထက်အတွင်း တည်ထောင်ခဲ့သော ပြည်နယ်တစ်ခုဖြစ်သည်။ ရှမ်းလူမျိုး တို့သည်ရှမ်းပြည်နယ်ဟု ခေါ်ဆိုခြင်းထက် “မောင်တိုင်”ဟုခေါ်ဆိုခြင်းကို ပိုနှစ်သက်၍ ရှမ်းဟူ သောစကားလုံးအစား “တိုင်”သို့မဟုတ် “ဒိုင်း”ဟူ၍ သူတို့၏အမည်များတွင် အမြတ်တနိုး သုံးစွဲကြသည်။ ထိုင်းလူမျိုးများသည် ရှမ်းလူမျိုးများကို “တိုင်ရိုင်”သို့မဟုတ် “ရှမ်းကြီး”ဟူ၍ ခေါ်ကြသည်။ ရှမ်းပြည်နယ်၌နေထိုင်သော ဒုတိယအများဆုံးလူမျိုးစုမှာ ဝလူမျိုးတို့ဖြစ်သည်။ ဝလူမျိုးတို့သည် ရှေးအခါကလှံ၌လူ၏ဦးခေါင်းအား ချိတ်ဆွဲထားသော အလေ့အထကြောင့် ရှမ်းတောင်တန်းနှင့် ဝေးကွာသောဒေသတွင် နေထိုင်သောသူများပင် ၎င်းတို့အား ကြောက်ရွံ့ ကြသည်။ ရှမ်းပြည်နယ်၏တောင်တန်းများ ဝန်းရံနေသော မြင်ကွင်းနှင့် ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော သံလွင်မြစ်တို့၏အလှသည် မြင်သူတိုင်းအတွက် ရင်သပ်ရှုမောဖွယ် ကောင်းလှပါသည်။ ရှမ်းပြည်နယ်သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တို့ လက်လွှက်မခံသင့် သော အလွန်တရာလှပသည့် လိုဏ်ဂူများတည်ရှိရာ နေရာဌာနတစ်ခုအဖြစ် ကျော်ကြားလှသည်။
ရှမ်းပြည်နယ်တွင် ပအို့၊ ပလောင်၊ လီဆူး၊ လားဟူ၊ အခါ၊ ကိုးကန့်နှင့် အင်းသားစသည့် လူမျိုးစုများ စုပေါင်းနေထိုင်ကြသည်။ ကိုးကွယ်သောဘာသာများမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာနှင့် နတ်ကိုးကွယ်မှုတို့ရှိသည်။ ဒေသခံများသည် မြန်မာဘာသာစကားအပြင် ထိုင်းဘာသာစကားနှင့် ဆင်တူသောရှမ်းစကားဖြင့် ပြောဆိုဆက်ဆံ ကြသည်။
ရှမ်းပြည်နယ်သည် (၁၅၅၈၀၁) စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိပြီး တောင်တန်း ဒေသဖြစ်၍ချမ်းအေးပြီး အပူပိုင်းဒေသတွင် တည်ရှိသည်။ တရုတ် ၊လာအို၊ ထိုင်းစသည့် အိမ်နီး ချင်းနိုင်ငံများနှင့်နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပါသည်။
ရှမ်းပြည်နယ်ဟူသော အခေါ်အဝေါ်သည် ရှမ်းလူမျိုးများမှဆင်းသက်လာပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများကို ရှမ်းပြည်နယ်တွင် တွေ့ရှိနိုင်သည်။ (၂၀၁၄)ခုနှစ်သန်းခေါင်စာရင်း များအရ ရှမ်းပြည်နယ်၏လူဦးရေမှာ(၅.၈၂၄)သန်းခန့်ရှိသည်။
ထမ့်စမ်းဂူ သည် ပင်လယ်ရေမျက်နှာပြင်အထက်(၁၈၀ဝ)မီတာ၊ တောင်ကြီးမြို့မှ (၄၈)ကီ လိုမီတာအကွာတွင်တည်ရှိပြီး ဦးပဉ္စင်းတစ်ပါးတွေ့ခဲ့သော ကြီးမားထည်ဝါလှသည့် ထုံးကျောက် ဂူတစ်ဂူဖြစ်ပါသည်။ ဂူအမြင့်မှာ ၁၀ပေရှိကာဂူထဲတွင် နှစ်သန်းပေါင်းများစွာ အချိန်ယူဖြစ်ပေါ် လာရသော အလွန်လှပသည့်ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်များဖြင့် ပြည့်နက်နေပါ သည်။ ထို့ကြောင့် ဤရှားပါးထူးခြားလွန်းသည့် ထမ့်စမ်းဂူသည် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ နှင့် လိုဏ်ဂူပညာရှင်များ၏ စိတ်ဝင်စားရာနေရာတစ်ခုဖြစ်ပါတော့သည်။
ပင်းတယဂူ ထဲတွင် အရွယ်အစား၊အမျိုးအစားစုံလင်သော ဗုဒ္ဓဆင်းတုတော်များစွာကို တွေ့မြင်နိုင်ပါသည်။ ဆင်းတုတော်ပေါင်း(၈၀၉၄)ဆူရှိကာ တစ်ချို့မှာ ရာစုနှစ်ပေါင်းများစွာ ကပင် ရှိနေသောရုပ်ပွားတော်များဖြစ်ပြီး တစ်ချို့မှာ မကြာသေးမီကာလတွင်မှ ပူဇော်ထားသော ရုပ်ပွားတော်များဖြစ်သည်။ ဤလိုဏ်ဂူမှာ ဗုဒ္ဓဆင်းတုတော်များစွာ တည်ထားကိုးကွယ်ရာ သာသနာ့မြေဖြစ်သောကြောင့် အထွတ်အမြတ်ထားရာနေရာဖြစ်ပါသည်။
ပြဒါးလင်းဂူ သည် ကျောက်ခေတ်နှောင်းကာလ၏ ယဉ်ကျေးမှုလက်ရာပေါင်းများစွာ ရှိသည့်ဂူဖြစ်ပါသည်။ ဂူနှစ်လုံးပါဝင်ပြီး တစ်လုံးနှင့်တစ်လုံး မီတာ(၃၀)ကွာဝေးပါသည်။ ဂူထဲ တွင် ကျောက်ထွင်းနံရံများ၊ နံရံဆေးရေးပန်းချီကားများနှင့် အရိုးဖြင့်ပြုလုပ်ထားသော လက်နက်များ၊ ကျောက်ဖြင့်ပြုလုပ်ထားသော လက်နက်ကိရိယာများကို တွေ့နိုင်ပါသည်။
မွန်တဝဂူ သည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက တောင်နံရံပေါ်တွင် ဖြစ်ပေါ်ခဲ့ သောဂူဖြစ်ပါသည်။တောင်ကြီးမြို့မှ (၃)ကီလိုမီတာအကွာတွင်တည်ရှိပြီး ကားဖြင့် အလွယ် တကူသွားရောက်နိုင်ပါသည်။ ဗုဒ္ဓဆင်းတုတော်ပေါင်း(၁၀ဝဝ)ကျော်ရှိ၍ ဂူအဝင်ဝသည် ကျဉ်း မြောင်းကာ အထဲတွင်နက်စောက်ကျယ်ပြန့်သွားသည်။ ဂူအနက်မှာလည်း တိုင်းတာနိုင်ခြင်းမရှိ သေးသောကြောင့် လည်ပတ်ရန်စိတ်ဝင်စားစရာကောင်းသောဂူဖြစ်ပါသည်။
ရှမ်းပြည်နယ်၏မြို့တော်တောင်ကြီးမြို့သည် အေးချမ်းသာယာ၍ ရာသီဥတုကောင်း သောကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ညအိပ်အပန်းဖြေရာမြို့ဖြစ်ပါသည်။ ပွဲတော် ကာလများတွင် လူစည်ကားသောမြို့ဖြစ်ပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မြို့ထဲရှိ ဘုရားများသို့လည်ပတ်နိုင်သလို ပွဲတော်များတွင်လည်း ပါဝင်ဆင်နွှဲနိုင်ပါသည်။ တောင်ကြီးဈေးတွင် ရှမ်းရိုးရာယဉ်ကျေးမှုကိုထင်ဟပ်စေသော ပစ္စည်းများစွာလည်း ရရှိနိုင်ပါ သည်။
လားရှိုးမြို့သည် ဒုတိယကမ္ဘာ့စစ်ပွဲတွင် အင်္ဂလိပ်လူမျိုးများတည်ဆောက်ခဲ့သော လားရှိုး လမ်းမကြီးကြောင့် ထင်ရှားသောမြို့ဖြစ်ပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ရှမ်းပြည်၏လှပစိမ်းစိုသောရှုခင်းများ၊ လတ်ဆတ်သန့်ရှင်းအေးမြသောလေတို့ကို ကားဖြင့်သော် လည်းကောင်း၊ တောင်ပေါ်လမ်းမှရထားဖြင့်သော်လည်းကောင်း ခံစားနိုင်ပါသည်။ လားရှိုးမြို့ အနီးနားရှိရေပူစမ်းများတွင်လည်း အပန်းဖြေအနားယူနိုင်ပါသည်။
ဟိုပုံးတောင်ကြားကို ရှုမြင်နိင်သည့် တောင်ကုန်းငယ်လေးပေါ်တွင် ပုဂံခေတ်ကာလက ယွမ်ရှမ်း ပုံစံလက်ရာ ဘုရားပေါင်း ၃၀၀၀ကျော် အစုအဝေး အုပ်စုလိုက်တည်ရှိနေပါသည်။ တပေါင်းလပြည့် နေ့တွင် ပအို့ဝ်လူမျိုးများအကောင်းဆုံးဝတ်စားဆင်ယင်၍ ဘုရားဖူးရန် အဖွဲ့လိုက်သွားကြပါသည်။ လပြည့်နေ့နံနက် အာရုံတက်ချိန်တွင် ဗုဒ္ဓဆင်းတုတော်ကို လှူဒါန်းဖွယ်ရာများ လှူဒါန်းပူဇော်ရန် အတွက် လာရောက်ကြသောအချိန်မှာ ကြည့်ရှုရန်အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ဘုရားဖူးများမှ သံဃာ အပါး (၁၀၀၀) ကျော်ကို ဆွမ်းဆန်နှင့် အခြားလှူဒါန်းဖွယ်ရာများကိုလှူဒါန်း၍ ပွဲတော်ကို အဆုံးသတ်ပါသည်။
မြန်မာလူမျိုးတို့သည် ဧပြီလဒုတိယအပတ်တွင် နှစ်သစ်ကူးပွဲတော်ကို ကျင်းပ ကြပါ သည်။ နှစ်ဟောင်းမှမကောင်းမှုများကိုဖယ်ရှားကာ စိတ်ရောကိုယ်ပါ ဆေးကြော သန့်စင်သည့် အယူဖြင့် တစ်ဦးနှင့်တစ်ဦးရေလောင်းကြသောပွဲတော်ဖြစ်ပါသည်။ ဤစိတ်လှုပ်ရှားဖွယ်ရာ ပွဲတော်တွင် နိုင်ငံတစ်ဝှမ်းမှ မည်သည့်လူမျိုးမဆို နှစ်သစ်ကူးပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ကြပြီး ကုသိုလ်ကောင်းမှုများပြုလုပ်ကြပါသည်။
မီးပုံးပျံပွဲတော်သည် တောင်ကြီးမြို့တွင်ကျင်းပကာ အနယ်နယ်အရပ်ရပ်မှ ခရီးသွား ဧည့်သည်များထောင်ချီ၍ လာရောက်ဆင်နွှဲကြသော ပွဲတော်ဖြစ်ပါသည်။ မီးပုံးပျံအရွယ်အစား မျိုးစုံ၊ ပုံစံမျိုးစုံကို နေ့ရောညပါပြသထားသောကြောင့် နေ့ရောညပါ ကြည့်ရှုပါဝင်ဆင်နွှဲနိုင်ပါ သည်။ နေ့ခင်းဘက်တွင် ဘုရားပုံနှင့် တိရိစ္ဆာန်ပုံမီးပုံပျံများကို မြင်တွေ့နိုင်ပြီး ညဘက်တွင် မီးထွန်းထားသော မီးပုံးများကို တွေ့မြင်ရမည်ဖြစ်ပါသည်။