SWISS CHALLENGE တင်ဒါအဆိုပြုလွှာဖိတ်ခေါ်ခြင်း
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပိုင် မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေး သာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၇လမ်းနှင့် ၆၈လမ်းထောင့်ရှိ မြမန္တလာဟိုတယ် (ယခင်ထွန်းလှဟိုတယ်)ကို တာမိုးညဲချမ်းသာ ကုမ္ပဏီများ အုပ်စုက၂၀နှစ်ငှားရမ်းဆောင်ရွက်ခဲ့ရာ ယခုအခါငှားရမ်း ကာလသက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု ပမာဏကျပ် ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး၊ အခန်း(၈၀)ပါ (၈)ထပ် ဟိုတယ်အဆောက်အဉီသစ်ကို BOTစနစ်ဖြင့် ဆောက်လုပ်၍ နှစ် ၃၀ ဆက်လက်ငှားရမ်းလိုကြောင်းနှင့် ငှားရမ်းကာလ ကုန်ဆုံးပါက အဆိုပါဟိုတယ်ကို ဝန်ကြီးဌာနသို့ အပြီးအပိုင် လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း မိမိသဘောဆန္ဒအလျောက် ကမ်းလှမ်း လာပါသည်။ ၂။ သို့ပါ၍ တာမိုးညဲချမ်းသာကုမ္ပဏီများအုပ်စုက တင်သွင်းထားသည့် မြမန္တလာ ဟိုတယ်အဆောက်အဉီဒီဇိုင်းနှင့် ရင်းနှီးမြှုပ်နှံရန် အဆိုပြုတင်ပြချက်များအပေါ် တင်ဒါယှဉ်ပြိုင် ရန် စိတ်ပါဝင်စားသော ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် Swiss Challenge တင်ဒါ တင်သွင်း ရန် အသေးစိတ်အချက်အလက်များကို ရုံးအမှတ်(၃၃)၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် အောက်ပါအတိုင်း ရယူဆောင်ရွက်ရန် ဖိတ်ခေါ်အပ်ပါသည်- (က) တင်ဒါအဆိုပြုလွှာတင်သွင်းရာတွင်ပါဝင်ရမည့်အချက်များအား ရယူရမည့်နေရာ – https://bit.ly/2PUxdhg ( ခ) တင်ဒါအဆိုပြုလွှာ အပြီးသတ် တင်သွင်းရမည့်ရက် – ၇-၄-၂၀၂၀ (ဂ) တင်ဒါအဆိုပြုလွှာတင်သွင်းရမည့်နေရာ – ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၃) ၊နေပြည်တော် ၃။ အဆိုပြုလွှာများအားအပိုဒ်၂(က)ပါLinkတွင် အခမဲ့ရယူနိုင်ပြီး လာရောက်တင်သွင်း သည့်အခါတွင်ယှဉ်ပြိုင်မည့်ကုမ္ပဏီတစ်ခုလျှင် မှတ်ပုံတင်ကြေးအဖြစ် ၅၀၀၀ဝိ/-(ကျပ်ငါးသောင်း တိတိ) ပေးသွင်းရမည် ဖြစ်ပါသည်။ ၄။ အသေးစိတ်အချက်အလက်များအားရုံးအမှတ်(၃၃)၊ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဌာန၊ နေပြည်တော်ဖုန်း-၀၆၇-၃၄၀၆၁၃၅၊၀၆၇-၃၄၀၆၁၇၂၊၀၆၇-၃၄၀၆၂၄၂သို့ ဆက်သွယ်စုံစမ်းနိုင် ပါသည်။