ချင်းအမွေအနှစ်ရွာ ဟုအမည်ပေးထားသော တာရွှမ်းရွာသည် ဖလမ်းမြို့မှ ၄ မိုင်အကွာတွင်တည်ရှိပြီး ရွာသုံးရွာက ဝိုင်းရံထားသည်။ မဏိပူရမြစ်သည် ရွာ၏မြောက်ဘက်မှ အရှေ့ဘက်သို့ စီးဆင်းသည်။ တာရွှမ်းရွာကို ၁၅ ရာစုတွင် စတည်ခဲ့ပြီး ‘ချင်းမင်းကြီး’ ဗိုလ်ကြွန်ဘိခ် (ဝါ) ဗိုလ်ဆွန်ပက် ကြောင့် ထင်ရှားသည်။ ဗိုလ်ကြွန်ဘိခ်သည် ဗြိတိသျှတို့၏ ကျူးကျော်မှုကို ဦးဆောင် တိုက်ခိုက်ခဲ့သော ခေါင်းဆောင်ဖြစ်သည်။
တာရွှန်းရွာတွင် ရှေးချင်းရိုးရာ အဆောက်အဦးများကို ယနေ့ထိတိုင် မြင်တွေ့နေရဆဲဖြစ်သည်။ ထို့အပြင် ခရီးသွားဧည့်သည်များ အနေဖြင့် ခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့သော ချင်းလူမျိုးတို့၏ ယဉ်ကျေးမှုနှင့် နေထိုင်မှု ဓလေ့များကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။
ဤ CBT ရွာကို The Backyard Travels and Tours နှင့် UKaid တို့ပူးပေါင်းကာ အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်သည်။
CBT Site တွင်လုပ်ဆောင်နိုင်သော activity များ
ရွာအဝင်ရှိ မွှာလ် (ခေါ်) ကပြင်ပေါ်မှ ရင်သပ်ဖွယ် ရွာ၏အလှကို ပေါ်စီးမှရှုမြင်ရမည်။ ရွာတလျှေက် ချင်းရိုးရာအိမ် များမြင်တွေ့ရမည်။ အိမ်၏နံရံများကို နွားနောက်၊ ဝက်ဝံ၊ တောဝက်၊ သမင်၊ ဒရယ်၊ မျောက်၊ အောက်ချင်းငှက် စသော သားကောင်များ၏ ဦးခေါင်းခွံများ၊ ချိူများ နှင့် နှုတ်သီးများဖြင့် အလှဆင်ထားသည်။ ဤနံရံများသည် ရွာမုဆိုးများ၏ ဂုဏ်ယူစရာ ပြခန်းများပင်ဖြစ်သည်။နေ့လည်စာအဖြစ် အိမ်ရှင်မှချက်ပြုတ်ပေးသော ချင်းရိုးရာ အစားအသောက်များကို စားသုံကြမည်။ အစားအသောက်များသည် သန့်ရှင်းလတ်ဆတ်သော ရွာမှထွက်ရှိသည့် အောဂဲနစ် အသီးအရွက်များဖြင့် ချက်ပြုတ်ထားသည်။
ဗိုလ်ကြွန်ဘိခ် ပြတိုက်၊ ဗိုလ်ကြွန်ဘိခ် အုတ်ဂူ နှင့် ဗိုလ်ကြွန်ဘိခ် မျိုးဆက် ကမ္ဗည်းကျောက်စာ စိုက်ထူရာနေရာများကို လေ့လာနိုင်သည်။ တာရွှမ်းရွာ၏ ပတ်ပတ်လည် ရွာများသို့ လည်ပတ်နိုင်သည့်အပြင် ဇိန်မှုတောင် အမျိုးသားဉယျာဉ်သို့ ခြေလျှင်တောင်တက်ခြင်းများ ပြုနိုင်သည်။ မဏိပူရမြစ်သို့ ပျော်ပွဲစားထွက်နိုင်သည်။ စိုက်ပျိုးရာသီတွင် ပျိုးပင်များကို ကိုယ်တိုင် စိုက်ပျိုးနိုင်သည်။ ချင်းရိုးရာ မီးပုံအကကို ရွာသားများနှင့် အတူယှဉ်တွဲ ကနိုင်သည်။
CBT Site အနီးတဝိုက်ရှိ လည်ပတ်စရာနေရာများ
(၁) တာရွှမ်းရွာ၏ အနီးပတ်လည်ရှိ ရွာများသို့သွားပြီး ၎င်းတို့၏ နေထိုင်မှုဘဝများကို လေ့လာနိုင်သည်။ လမ်းတလျှောက် လှပသောရှုခင်းများကို မြင်တွေ့ရပါမည်။ ရွာပိုင်စိုက်ခင်း၊ စပျစ်ခြံ၊ မဏိပူရမြစ်ကို အပေါ်စီးမှမြင်နိုင်သည့် ရှုခင်းသာ နှင့် နွားနောက်ခြံ တို့ကိုလည်း မြင်တွေ့ရပါမည်။ Congthe ရွာတွင် နေ့လည်စာ စားကာ ဖလမ်းမြို့သို့ဆက်သွားပြီး မြို့အတွင်း လည်ပတ်နိုင်ပါသည်။
(၂) ဒေသခံလမ်းညွှန်ဖြင့် ရွာအောက်ရှိမဏိပူရမြစ်တွင် ပျော်ပွဲစားထွက်နိုင်သည်။ နံနက်စာစားပြီး၊ နေ့လည်စာကို ထုပ်ပိုးပြီးနောက် မြစ်သို့ဆင်းကြမည်။ မြစ်ထဲတွင် ရေဆင်းကူးနိုင်ပြီး ရိုးရာနည်းဖြင့် ငါးဖမ်းခြင်း အတွေ့အကြုံ လည်းရရှိပါမည်။ မြစ်တွင် Suangpi အမည်ရှိ သစ်သားဖြင့်ပြုလုပ်ထားသော ကြိုးတံတားရှိပြီး တံတားရှိသည်။ ၎င်းတံတားကို ရှေးယခင်က အနီးအနားရှိ ကျေးရွာများက ဖလမ်းမြို့နှင့် ဆက်သွယ်ရန် အသုံးပြုခဲ့ကြသည်။ ၁၉၂၅-၂၆ ခုနှစ်အတွင်း ဗြိတိသျှတို့ တည်ဆောက်ခဲ့သော မဏိပူရတံတားပျက် ကိုလည်း မြင်တွေ့ရမည်။ တာရွှန်းရွာသို့ ပြန်သွားပြီး ညစာကို ဒေသခံအိမ်ရှင်၏ အိမ်တွင်သုံးဆောင်ပါမည်။
CBT Site သို့ သွားရောက်လည်ပတ်နိုင်သည့်လမ်းကြောင်းများ
လက်ရှိတွင် တာရွှမ်းရွာနှင့် အနီးဆုံးလေဆိပ်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးလေဆိပ်ဖြစ်သည်။ Air KBZ နှင့် Myanmar National Airlines တို့သည် ရန်ကုန်နှင့် မန္တလေးမှ ကလေးလေဆိပ်သို့ နေ့စဉ် ပျံသန်းလျက်ရှိသည်။ ရန်ကုန် မှ ဟားခါး နှင့် ကလေးမြို့ သို့ တိုရိုက် မှန်လုံကားဖြင့်လည်းကောင်း၊ မန္တလေး မှ ကလေးမြို့၊ ထိုမှတဆင့် တာရွှမ်းရွာသို့ ကားငှား၍ သွားနိုင်သည် (သို့) ဖလမ်းမြို့အထိ လိုင်းကားဖြင့်သွားနိုင်သည်။
၂၀၂၀ ခုနှစ်တွင် ဖလမ်း၌ Surbung လေဆိပ်တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်သဖြင့် တာရွှမ်း CBT ကို ရန်ကုန်နှင့် မန္တလေးတို့မှ မကြာမီကာလတွင် တိုက်ရိုက်သွားရောက်နိုင်တော့မည်။