Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Travel Bubble/ Corridor Framework ရေးဆွဲရေးအကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ဇူလိုင်လ (၁၆) ရက် အာဆီယံနိုင်ငံခေါင်းဆောင်များ၏ (၃၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် အာဆီယံခရီးသွားလုပ်ငန်းများတွင် COVID-19 သက်ရောက်မှုများကို လျော့ပါးသက်သာ စေရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ၏ COVID-19 ဆိုင်ရာအထူးအစည်းအဝေး၏ လမ်းညွှန်ချက်များအရ COVID-19 အလွန်ကာလတွင် အာဆီယံသို့လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များနှင့်ခရီးသွား လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူများ၏ ယုံကြည်မှုကိုမြှင့်တင်ရန်၊ နိုင်ငံအလိုက် Travel Procedure များ တစ်ပြေးညီဖြစ်စေရန်နှင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဖွဲ့ဝင်နိုင်ငံများအတွင်း Travel Corridor/ Bubble ထူထောင်ဆောင်ရွက်သွားရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို  ၁၆-၇-၂၀၂၀ ရက်နေ့(ကြာသပတေးနေ့) နေ့လည် ၁:၃၀နာရီ တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ  Assistant Director (ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူ) Mr. Le Quang Lan က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အာဆီယံခေါင်းဆောင်များနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးများ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ဆောင်ရန် ပဏာမအဆင့်အနေဖြင့်  အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဦးဆောင်၍ ASEAN Framework to facilitate the Travel Bubble Scheme ရေးဆွဲပြုစု သွားမည်ဖြစ်ပါသည်။ ကနဦးအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီ၏ သဘောထားမှတ်ချက်များ ရယူသွားမည်ဖြစ်ရာ ယခုကျင်းပသည့် ညှိနှိုင်းအစည်းအဝေးသည် မြန်မာနိုင်ငံ၏ သီးခြား သဘောထားမှတ်ချက် ရယူသွားရန်အတွက် ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါ Travel Corridor/ Bubble Framework ရေးဆွဲတည်ဆောက်ရာတွင် မိမိတို့ နိုင်ငံအတွင်း ခရီးသွားလာရေးနှင့်ဆက်စပ်သော ကျန်းမာရေး၊ နိုင်ငံခြားရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး စသည့် ဌာနများနှင့် ပြီးပြည့်စုံသော ညှိနှိုင်း ပေါင်းစပ်မှု လုပ်ငန်းစဉ် လိုအပ်မည်ဖြစ်ပြီး အပြန်အလှန်သဘောတူလက်ခံသည့် Standard Protocol Procedure များကို အာဆီယံအဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါ၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ မူကြမ်းရေးဆွဲပြီးစီးပါက အာဆီယံ Sectoral Body များ ဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများမှ သဘောထား မှတ်ချက်များ၊ အကြံပြုချက်များနှင့်အညီ အတည်ပြုဆောင်ရွက်ရန်ဖြစ်ပါကြောင်း အကြံပြု ဆွေးနွေးခဲ့ပါသည်။ အဆိုပါ Framework မူကြမ်းအား အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် လှည့်လည်စာဖြင့် လက်မှတ်ရေးထိုးအတည်ပြုသွားရန် လျာထား ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံအလိုက်ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ် မှုအပေါ်မူတည်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ အချင်းချင်းအပြင် အာဆီယံပြင်ပနိုင်ငံများ ဖြင့်ပါ Bilateral သော်လည်းကောင်း၊ Multilateral သော်လည်းကောင်း ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းအစည်းအဝေးကို နေ့လည် ၂:၀၀ နာရီတွင် ရုပ်သိမ်း ခဲ့ပါကြောင်း သတင်းရရှိပါသည်။