Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်အား မြန်မာ- တရုတ် ခရီးသွားမြှင့်တင်ရေး အမှုဆောင်ကဥက္ကဌနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော် ဇွန် ၇ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်အား မြန်မာ- တရုတ် ခရီးသွားမြှင့်တင်ရေး အမှုဆောင်ဥက္ကဌ Mr. David Liu နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ- တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် တရုတ်နိုင်ငံတွင် အသုံးများသော တစ်တော့ (Tiktok)၊ ကွိုက်ဇိုလ် (Kuaishou) ကဲ့သို့ လူမှုကွန်ယက်မီဒီယာ ပလက်ဖောင်းများတွင် Myanmar Pavilion အမည်ဖြင့် မြှင့်တင်ကြော်ငြာရေး၊ ၂၀၂၄ ခုနှစ်တွင် International Mountain Tourism ပွဲတော်ကျင်းပနိုင်ရေး၊ မြန်မာ- တရုတ် ချစ်ကြည်ရေးမြို့တော်များ ဆောင်ရွက်နိုင်ရေး...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်တွေမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော် ဇွန် ၅ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရုံးခွဲသို့ သွားရောက်၍ မိုခါမုန်တိုင်းဒဏ် ကြောင့် ရုံးအဆောက်အဉီနှင့် ဝန်ထမ်းအိမ်ရာ ပျက်စီးမှုအခြေအနေကို ကြည့်ရှုပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရုံးလုပ်ငန်းများ အရှိန်အဟုန်မပြတ် စနစ်တကျ ဆောင်ရွက်ကြရေး မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်ကာ အားပေးစကား ပြောကြားခဲ့သည်။ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ရှိ Hotel Memory ၌ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွား အသင်းအဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဟိုတယ်များမှ လုပ်ငန်းရှင်များ၊ တာဝန်ခံများနှင့် တွေ့ဆုံသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိုခါမုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ချို့ယွင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် မြိတ်ခရိုင်၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် ဒေသခံများအားတွေ့ဆုံ

မြိတ် ဇွန် ၃ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂ ရက်က ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့ Hotel Grand Jade အစည်းအဝေးခန်းမ၌ မြိတ်ခရိုင် ခရီးစဉ်ဒေသအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်နွှယ်လုပ်ကိုင် ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များနှင့် ဒေသခံများကို တွေ့ဆုံသည်။ လေ့ကျင့်ပျိုးထောင်ပေးရန်လို တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများကို လုပ်ငန်းကျွမ်းကျင်သည့် ဝန်ထမ်းများ ဖြစ်လာစေရေး လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းအပြင် ပြည်ပခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းရှင်များ၏ လုပ်ငန်းများ...
Continue Reading

မြန်မာ- ရုရှား ခရီးသွားမြှင့်တင်ရေး ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ခရီးစဉ်အစီအစဉ်များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၈ ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ပိုမိုဝင်ရောက်လာရေး အတွက် ရည်ရွယ်၍ မြန်မာ- ရုရှားခရီးသွားမြှင့်တင်ရေး ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ခရီးစဉ်အစီအစဉ် များ (Familiarization-FAM Trip) ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ Myanmar Airways International (MAI) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Ural Airlines ၏ မြန်မာကိုယ်စားလှယ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ- ရုရှားချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်နှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

နေပြည်တော် မေ ၁၂ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် ယမန်နေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းမှရရှိလာသောဝင်ငွေများသည် ဒေသအတွင်းရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍများအပြင် ဒေသခံများထံသို့ စီးဝင်မည်ဖြစ်သဖြင့် ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေကြောင်း၊ ထားဝယ်ခရိုင်ခရီးစဉ်ဒေသတွင် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် တန်းခိုးကြီးဘုရားများ၊ သာယာလှပသောကမ်းခြေများနှင့် သဘာဝအလှအပများစွာ ရှိပါကြောင်း၊ ယင်းအခြေအနေကောင်းများကို အကျိုးရှိစွာအသုံးချပြီး ဒေသတွင်းခရီးသွားလုပ်ငန်း ကဏ္ဍ ပြန်လည်ဦးမော့အောင်၊ ခရီးစဉ်ဒေသတစ်ခု ကို ခရီးသွားဈေးကွက်၌ စိတ်ဝင်စားမှုများစွာရရှိလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်...
Continue Reading

ဆွဲဆောင်မှုရှိသည့် အခြေအနေများကို အသုံးချပြီး ပြည်တွင်းခရီးသွားလုပ်ငန်းအပြင် ပြည်ပခရီးသွားလုပ်ငန်းပါ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်

နေပြည်တော် ‌မေ ၉ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့သို့ ရောက်ရှိပြီး “Victoria Cliff Hotel & Resort” တွင် ကော့သောင်းခရိုင်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ကော့သောင်းခရီးစဉ် ဒေသတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ပင်လယ်ပြင်အတွင်းမှ သာယာလှပသည့် ကျွန်းများ၊ ကမ်းခြေများ ရေပေါ် ရေအောက်ရှိသယံဇာတများအပြင် အခြားသော သဘာဝအရင်းအမြစ်များ များစွာတည်ရှိနေပါကြောင်း၊  ယင်းကဲ့သို့ ဆွဲဆောင်မှုရှိသည့် အခြေအနေ များကို အသုံးချပြီး ပြည်တွင်းခရီးသွားလုပ်ငန်းအပြင် ပြည်ပခရီးသွားလုပ်ငန်းပါ ပိုမိုဖွံ့ဖြိုးတိုးတက် လာအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသည့်...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော် မေ ၅ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်တာဝန်ခံများသည် ယနေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင် အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရှေးဦးစွာ နှုတ်ခွန်းဆက်စကားပြောကြားပြီး အော်သိုဒေါ့ဘုန်းတော်ကြီးက နိုင်ငံတစ်နိုင်ငံတွင် ဘာသာရေး အဆုံးအမသည် အရေးကြီးပြီး ဘာသာရေးအဆုံးအမ မရှိလျှင် ပျက်စီး၊ ကျဆုံးမှုများရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစု မှီတင်းနေထိုင်ပြီး ဘာသာရေးအဆုံးအမရှိနေခြင်းမှာ ကောင်းမွန်သော အခြေအနေဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ရုရှားလူမျိုးများနှင့် ရုရှားခရီးသွားများအတွက် အော်သိုဒေါ့ ဘုရားရှိခိုးကျောင်း တစ်ကျောင်း တည်ထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ရုရှားလူမျိုးများ အနေဖြင့်...
Continue Reading

မြန်မာ- ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၄ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိလာရောက် လည်ပတ်စေရေးနှင့် ရုရှားခရီးသွားဈေးကွက်မြှင့်တင်နိုင်ရန်ရည်ရွယ်ဖြင့် မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်း တို့မှ ဥက္ကဌ နှင့် ဒုဥက္ကဌများ၊ Myanmar Airways International (MAI) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ Royal Su Latt Thakhin ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ရုရှားနိုင်ငံမှ ခရီးသွားအေဂျင်စီများ၊ သတင်းမီဒီယာများနှင့် ခရီးသွားဝါသနာ ရှင်များပါဝင်သော...
Continue Reading

(၅၁) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၃ သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော် ဧပြီ ၂၇ (၅၁) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးဘုတ်အဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ်- ၂၀၂၃ တို့ကို ဧပြီ ၂၅ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ပရီဆီဟာနုပြည် နယ်ရှိ Independence Hotel ၌ လက်ခံကျင်းပရာ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်များ၊ အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဧပြီ ၂၅ ရက်တွင် မဟာမဲခေါင်ဒေသခွဲ...
Continue Reading
1 2 3 94