Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များ စိမ်းလန်းသာယာလှပသော ပတ်ဝန်းကျင် ဖန်တီးဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များ မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်မှုရှိပြီး စိမ်းလန်းသာယာလှပသော ပတ်ဝန်းကျင်အဖြစ် ဖန်တီးဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Jasmine Nay Pyi Taw Hotel ၌ နေပြည်တော်ရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကို နိုင်ငံ၏မြို့တော်၊ အုပ်ချုပ်ရေးမြို့တော်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြဌာန်းထားရှိကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးစနစ်၊ ရေစီးရေလာကောင်းမွန်ရေးစနစ်တို့ အပါအဝင် အပန်းဖြေအနားယူ နိုင်သည့်နေရာများ၊ ခရီးသွားဆွဲဆောင်ရာနေရာများ၊ တည်းခိုနေထိုင်ရန် ဟိုတယ်ဇုန်များကို မြို့ပြ စီမံခန့်ခွဲမှုစနစ်များနှင့်အညီ တည်ဆောက်ထားရှိကြောင်း၊ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ရှိနေသဖြင့် ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာနိုင်သည့်...
Continue Reading

ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက် လိုအပ်သောအစီအမံများ ဆွေးနွေးပြောကြား

နေပြည်တော် ဇန်နဝါရီ ၂၃ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းနှင့် ပြည်နယ်များ အလိုက် ဟိုတယ်ဇုန်များနှင့် ခရီးသွားအသင်းအဖွဲ့များမှ ဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ တွဲဖက် အတွင်းရေးမှူးများ၊ နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် တွေ့ဆုံ၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဆိုင်ရာ လမ်းညွှန်ချက်များ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်း/ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန် လိုအပ်သော အစီအမံများကို ဆွေးနွေးပြောကြားသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် နိုင်ငံတော်အဆင့်အစည်းအဝေးများ၊ အခမ်းအနားများ၊ ခရီးစဉ်များ၊ တွေ့ဆုံပွဲများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားပြီး ခရီးသွားလုပ်ငန်း၏ အရေးပါမှုကို ထည့်သွင်းပြောကြားလမ်းညွှန်လေ့ရှိပါကြောင်း၊...
Continue Reading

နေပြည်တော်အတွင်းရှိ ဟိုတယ်များမှ ဟိုတယ်ပရဝုဏ်နှင့် ပတ်ဝန်းကျင်ဧရိယာများအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုကို ကြည့်ရှု

နေပြည်တော် သန့်ရှင်းသာယာလှပပြီး ဆွဲဆောင်မှုရှိသော  ခရီးစဉ်ဒေသတစ်ခုဖြစ်လာစေ ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဆက်စပ်ဌာနများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ ဝန်ကြီးရုံး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးခွဲတာဝန်ခံ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ နိုင်ငံတော် ဧည့်ဂေဟာအတွင်းရှိ ဟိုတယ်များနှင့် ရာဇသင်္ဂဟလမ်းဘေးဝဲယာရှိ ဟိုတယ်များမှ ဟိုတယ်ပရဝုဏ်နှင့် ပတ်ဝန်းကျင်ဧရိယာများအတွင်း အပင်ကြီးများကို အလင်းဖွင့်ထားရှိမှု မြေယာရှုခင်းသန့်ရှင်း သာယာလှပအောင် ဆောင်ရွက်နေမှု၊ ချုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းနေမှုအခြေအနေများ၊ အမှိုက်များကင်းစင်ရေးနှင့် သန့်ရှင်းသာယာလှပမှုရှိအောင် စုပေါင်းဆောင်ရွက်နေမှု၊ ယခင်ရက်သတ္တပတ်ကာလက ကြည့်ရှုညွှန်ကြားခဲ့သော သန့်ရှင်းရေးဆိုင်ရာ ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆက်လက် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုသည်။ နိုင်ငံတော်အစိုးရ၏ နေပြည်တော်အား Green City၊...
Continue Reading

ယူနမ်ပြည်နယ် မန်စီနှင့် မန္တလေးမြို့အကြား တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်လည်စတင်

နေပြည်တော် ဇန်နဝါရီလ ၂၂ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့သော Ruili လေကြောင်းလိုင်း၏ မန္တလေး-မန်စီ-မန္တလေး (DR-503) ခရီးစဉ်သည် ယမန်နေ့တွင် ယူနန်ပြည်နယ် မန်စီမြို့မှ မန္တလေးမြို့သို့ ပထမဦးဆုံးသောခရီးစဉ်အဖြစ် ပြန်လည်ပြေးဆွဲခဲ့ကာ မန္တ‌လေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)သို့ ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဆိုက်ရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ၊ မြန်မာနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၂၈ ဦး လိုက်ပါခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် MJas (Mitsubishi Cooperation-Jalux) Airport Services Co.,Ltd မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး...
Continue Reading

ခရီးသွားလုပ်ငန်းသုတေသနစင်တာလက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများအသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၂၁ ခရီးသွားလုပ်ငန်း သုတေသနစင်တာ လက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများ အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှုသံမှူးကြီးနှင့် တာဝန်ရှိသူများ၊ တရုတ်-မြန်မာခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ရန်ကုန်)၊  တရုတ်-မြန်မာ ကုန်သည်ကြီးများအသင်း (ရန်ကုန်)၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ သင်တန်းသား သင်တန်း သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ခရီးသွားအသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီလ ၁၉ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရ ကျောင်းသို့ သွားရောက်ပြီး သီလဓမ္မကုန်းသာတောရကျောင်းဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒထံသို့ အရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းဖောင်းချောင်းအတွင်းသို့ ရွှေဝါငါးကြင်းနှင့် ငါးမျှစ်ချင်း ငါးသားပေါက်ကောင်ရေ ၃၀၀၀ ကျော်ကို မျိုးစိုက် ထည့်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လွိုင်မွေတောင်စခန်း စတုရဌသုမင်္ဂလာစေတီတော်အနီး ချယ်ရီပင်တန်း၌ ကျင်းပသော ချယ်ရီပန်းပွဲတော် (၂၀၂၃) အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  ချယ်ရီပန်း ပွဲတော်ကို...
Continue Reading

နေပြည်တော်ကို GREEN CITY၊ CLEAN CITY၊ SMART CITY ဖြစ်စေရန် သန့်ရှင်းသာယာလှပသော မြို့တော်ဖြစ်စေရေးဆောင်ရွက်နေ ခရီးသွားဧည့်သည်များ တည်းခိုရန် ဟိုတယ်များ သန့်ရှင်းမှုနှင့် ဝန်ဆောင်မှုအရည်အသွေးများ ကောင်းမွန်တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၄ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ နိုင်ငံတော်ဧည့်ဂေဟာရှိဟိုတယ်များ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် မင်္ဂလာသီရိဟိုတယ်၌ တွေ့ဆုံပြီး မြို့တော် နေပြည်တော်ကို “GREEN CITY၊ CLEAN CITY၊ SMART CITY” ဖြစ်စေရန် လမ်းညွှန်ချက်နှင့်အညီ သန့်ရှင်းသာယာလှပသော မြို့တော်ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဝန်ကြီးဌာနမှလည်း Tourism Hub ဖြစ်စေရေးကို ကြိုးပမ်းဆောင်ရွက်နေသည်ဖြစ်ရာ ဟိုတယ်များအနေဖြင့်လည်း နိုင်ငံတော်မှ ဆောင်ရွက်နေသောလုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး မြို့တော်၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။ ယခုအခါ နေပြည်တော်သည် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ လာရောက် လည်ပတ်လိုသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည့်အတွက်...
Continue Reading

ကျန်းမာရေးနှင့် အလှအပဆိုင်ရာ စီးပွားရေး နှီးနှောဖလှယ်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဟု ယုံကြည်

နေပြည်တော် ဇန်နဝါရီ ၁၁ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်မှုဌာနက စီစဉ်ကျင်းပသော ကျန်းမာရေး နှင့် အလှအပဆိုင်ရာ စီးပွားရေးနှီးနှောဖလှယ်ပွဲ (၂၀၂၃) သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ဦးစွာ ထိုင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးကြီး ဒေါက်တာ သာနာဝပ်နာဂိုဝတ်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။ ကုမ္ပဏီပေါင်း ၂၆ ခု တက်ရောက် ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသို့ ထိုင်းနိုင်ငံမှ ဆေးရုံများအပါအဝင် ကုမ္ပဏီပေါင်း (၂၆) ခု တက်ရောက်သည်ဟု သိရှိရပါကြောင်း၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ စီးပွားရေးနှီးနှော ဖလှယ်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေး နိုင်မည်ဟု...
Continue Reading

တရုတ်- မြန်မာ မြှင့်တင်ရေးစင်တာတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများနှင့် ဆွဲဆောင်မှုများကို ပါဝင်ပြသရန် ကမ်းလှမ်းထား

နေပြည်တော် ဇန်နဝါရီ ၁၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ–ဂျပန်ဗဟိုဌာန၏ အထောက်အပံ့ဖြင့် National Activity Project-2022 ကို အကောင်အထည်ဖော်သည့်အနေဖြင့် တတိယအကြိမ် ဂျပန် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး အသိပညာ ပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကလောမြို့ရှိ Kalaw Hilltop Villa Hotel တွင် Hybrid စနစ်ဖြင့် ကျင်းပသည်။ အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အွန်လိုင်းမှတစ်ဆင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ယခု အာဆီယံ-ဂျပန် ဗဟိုဌာနနှင့်ပူးပေါင်းကျင်းပသော ဆွေးနွေးပွဲမှတစ်ဆင့် ဆွေးနွေးပွဲ ကိုယ်စားလှယ်များသည် ဂျပန်ခရီးသွားဧည့်သည်များ၏ ရိုးရာဓလေ့နှင့် လူနေမှုဘဝပုံစံများ၊ အပြုအမူသဘောသဘာဝများ ကိုသိရှိနားလည်လာပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် အာဆီယံ-ဂျပန် ဗဟိုဌာန၏ ၂၀၂၃ ခုနှစ်အတွက်...
Continue Reading
1 2 3 4 93