Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ယာယီပိတ်ထားခဲ့သော နိုင်ငံတကာလေကြောင်းလိုင်းများ ဧပြီ ၁၇ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲတော့မည်

နေပြည်တော် မတ်လ ၃၁ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကာ နိုင်ငံတကာမှ ခရီးသည်များ အဓိက ဝင်/ ထွက်ပေါက်ဖြစ်သည့် နိုင်ငံတကာဆိုက်ရောက် (International Arrival) အဆောက်အဦနှင့် ပြည်တွင်းဆိုက်ရောက် (Domestic Arrival) အဆောက်အဦအတွင်း ဝန်ကြီးဌာနမှ ခရီးသွားဧည့်သည်များအတွက် ဖွင့်လှစ်ထားသော သတင်းနှင့် ပြန်ကြားရေးကောင်တာ (Tourist Information Counter) များကို စစ်ဆေးကြည့်ရှုသည်။ ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူးက သတင်းနှင့်ပြန်ကြားရေးကောင်တာများ (Tourist Information Counter) ဖွင့်လှစ်ထားရှိမှုနှင့် နိုင်ငံခြားသား ခရီးသည်ဝင်ရောက်လာချိန်တွင် အသင့်ဖြစ်နေစေရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုများကြောင့် ယာယီပိတ်ထားခဲ့သော...
Continue Reading

အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးများကို Video Conferencing စနစ်ဖြင့် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်

နေပြည်တော်၊ မတ်လ (၃၁) ရက်            (၁၃)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းအရင်းအမြစ်ရှာဖွေဖော်ထုတ်ရေး၊ ကြီးကြပ်ရေး နှင့်စစ်ဆေးအကဲဖြတ်ရေး ကော်မတီအစည်းအဝေး (13th ASEAN Tourism Resourcing, Monitoring and Evaluation Committee Meeting) ကို ၃၁-၃-၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင်Video Conferencing စနစ်ဖြင့် ဘရူနိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့ရာ ဖိလစ်ပိုင် နိုင်ငံကဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ပြီး အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင် များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စား လှယ်များပါဝင်တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ညွှန်ကြား‌ရေးမှူးချုပ် ဦးမောင်မောင်ကျော်က အစည်းအဝေး၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက Online မှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။  ...
Continue Reading

ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၌ ခရီးသွားဧည့်သည်များ စနစ်တကျ တည်းခိုနေထိုင်‌စေရေး နယ်ရုံးခွဲတာဝန်ခံများနှင့်တွေ့ဆုံ

နေပြည်တော်၊ မတ် ၂၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် ခရီးသွားဧည့်သည်များ စနစ်တကျ တည်းခိုနေထိုင်‌စေရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံသည်။   ပြသအစစ်ဆေးခံရမည်   တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းခရီးသွားဧည့်သည်များအနေဖြင့် ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်သည့်အခါတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း ဧပြီ ၁ ရက်မှစတင်၍ နိုင်ငံသားကတ် (မှတ်ပုံတင်) များ ပြသအစစ်ဆေးခံရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများသို့ လာရောက်တည်းခိုမည့် ပြည်တွင်းခရီးသွားများကို နိုင်ငံသားကတ် (မှတ်ပုံတင်) များဖြင့် လက်ခံနိုင်ရေးအတွက် ရုံးခွဲတာဝန်ခံများအနေဖြင့် အထူးကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်သည့် စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ...
Continue Reading

ခရီးသွားလုပ်ငန်းနှင့် ခိုင်မာသောအဖွဲ့အစည်း ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၂၅ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် နံနက်ပိုင်းတွင် ဝန်ကြီးဌာနကျောက်စိမ်းခန်း၌ “ခရီးသွားလုပ်ငန်းနှင့် ခိုင်မာသော အဖွဲ့အစည်း” ခေါင်းစဉ်ဖြင့် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။ တက်ရောက် အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများ၊ တက္ကသိုလ်/ ကောလိပ်များမှ ဆရာ ဆရာမများ၊ နယ်ရုံးခွဲများမှရုံး ခွဲတာဝန်ခံများနှင့် ဖိတ်ကြားထားသူများက အွန်လိုင်း မှ တက်ရောက်ကြသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုအခါ ရပ်နားထားခဲ့သော နိုင်ငံတကာ လေကြောင်းလိုင်းများ ဧပြီ ၁၇ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်လာရန် ဝန်ကြီးဌာနက...
Continue Reading

ဆီးနှင်းနှင့် တောင်တန်းဒေသခရီးသွားလုပ်ငန်းဆိုင်ရာ (၁၁) ကြိမ်မြောက် ကမ္ဘာ့ညီလာခံကျင်းပ

နေပြည်တော် မတ် ၂၄ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ ညနေပိုင်းတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပသော “ဆီးနှင်းနှင့် တောင်တန်းဒေသခရီးသွားလုပ်ငန်းဆိုင်ရာ (၁၁) ကြိမ်မြောက် ကမ္ဘာ့ညီလာခံ” သို့ ဝန်ကြီးဌာန နီလာခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်သည်။   ညီလာခံကို ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရာတွင် ခရီးသွားဧည့်သည်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ခရီးသွားအရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများပြုလုပ်ခြင်း၊ ရေရှည်တည်တံ့မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာ ပြောင်းလဲ အသုံးပြုမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ မတ် ၂၃ ရက်မှ ၂၄  ရက်အထိ နှစ်ရက်တာ ကျင်းပခြင်းဖြစ်သည်။   တက်ရောက် ညီလာခံသို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ...
Continue Reading

နိုင်ငံတကာခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်

နေပြည်တော် မတ် ၂၃ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းအတွက် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်သည်။ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က နိုင်ငံတကာလေကြောင်း လိုင်းများအား ဧပြီလ ၁၇ ရက်တွင် ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ရာ နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်ကြမည်ဖြစ်၍ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်ရှိသည်တို့ကို စီစဉ်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်ရာတွင် ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချမှု ရှိစေရန် အတွက် ဟိုတယ်များအနေဖြင့် ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းသည့် ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် Health and Safety Protocol နှင့်အညီ...
Continue Reading

နိုင်ငံတကာလေကြောင်းခရီးစဉ်များအား ဧပြီ ၁၇  ရက်မှစတင်၍ ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုတော့မည်

နေပြည်တော် မတ် ၂၁   နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ကျင်းပပြုလုပ်သော ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။   အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က နိုင်ငံတကာလေကြောင်းခရီးစဉ်များအား ဧပြီ ၁၇ ရက်မှစတင်၍ ကိုဗစ်-၁၉ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ရာ ဝန်ကြီးဌာနနှင့် အသင်းအဖွဲ့များအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍများအလိုက် လိုအပ်ချက်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျပြင်ဆင်ထားရှိပြီး အဆင်သင့်ဖြစ်နေကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လေကြောင်းလိုင်းများဖြင့် ဝင်ရောက်သည့် ခရီးသွားဧည့်သည်များအတွက် ဝင်ရောက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် လုပ်ငန်းလုပ်ကိုင်သူများ သိရှိနိုင်ရေးအတွက် အချိန်မီဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Quarantine ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် ခရီးသည်များ လာရောက်တည်းခိုသည့်အခါ ကျန်းမာရေးဝန်ဆောင်မှုအာမခံရှိနေစေရေးအတွက် ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေသော...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မတ်လ ၁၉ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ  နိုင်ငံတော်ဧည့်ဂေဟာနှင့် ဟိုတယ်များသို့ သွားရောက်ကာ နေပြည်တော်ဟိုတယ်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်၊ ဟိုတယ်များမှ အထွေထွေမန်နေ ဂျာများ၊ တာဝန်ခံများ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံအတွင်းသို့ ဝင်‌ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များကို ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ လာမည့် ဧပြီ ၁၇ ရက်မှ  စတင်၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်မည့်အတွက် ခရီးသွား ဧည့်သည် များ လာရောက်တော့မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိက ခရီးစဉ်ဒေသများသို့ လာရောက် လည်ပတ်မည့် ခရီးသွားဧည့်သည်များကို လုံခြုံစိတ်ချ၍...
Continue Reading

မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းပေါ်ထွန်းလာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်

နေပြည်တော် မတ် ၁၁           ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ရင့်ဖြင့် ကျင်းပသော အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည်။ အွန်လိုင်းမှတက်ရောက် ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ပြီး၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ဟိုတယ်ဇုန်မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း/ အမှုထမ်းများနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးလှည့်လည်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။ မဟာဗျူဟာအစီအစဉ်များ ရေးဆွဲ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၅) ASEAN Tourism Strategic Plan (ATSP 2016-2025) ၏ အန္တိမမျှော်မှန်းချက်ဖြစ်သည့် “၂၀၂၅ ခုနှစ်တွင်...
Continue Reading
1 2 3 4 5 82