Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ခရီးသွားလုပ်ငန်းသုတေသနစင်တာလက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများအသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၂၁ ခရီးသွားလုပ်ငန်း သုတေသနစင်တာ လက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများ အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှုသံမှူးကြီးနှင့် တာဝန်ရှိသူများ၊ တရုတ်-မြန်မာခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ရန်ကုန်)၊  တရုတ်-မြန်မာ ကုန်သည်ကြီးများအသင်း (ရန်ကုန်)၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ သင်တန်းသား သင်တန်း သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ခရီးသွားအသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီလ ၁၉ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရ ကျောင်းသို့ သွားရောက်ပြီး သီလဓမ္မကုန်းသာတောရကျောင်းဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒထံသို့ အရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းဖောင်းချောင်းအတွင်းသို့ ရွှေဝါငါးကြင်းနှင့် ငါးမျှစ်ချင်း ငါးသားပေါက်ကောင်ရေ ၃၀၀၀ ကျော်ကို မျိုးစိုက် ထည့်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လွိုင်မွေတောင်စခန်း စတုရဌသုမင်္ဂလာစေတီတော်အနီး ချယ်ရီပင်တန်း၌ ကျင်းပသော ချယ်ရီပန်းပွဲတော် (၂၀၂၃) အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  ချယ်ရီပန်း ပွဲတော်ကို...
Continue Reading

နေပြည်တော်ကို GREEN CITY၊ CLEAN CITY၊ SMART CITY ဖြစ်စေရန် သန့်ရှင်းသာယာလှပသော မြို့တော်ဖြစ်စေရေးဆောင်ရွက်နေ ခရီးသွားဧည့်သည်များ တည်းခိုရန် ဟိုတယ်များ သန့်ရှင်းမှုနှင့် ဝန်ဆောင်မှုအရည်အသွေးများ ကောင်းမွန်တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၄ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ နိုင်ငံတော်ဧည့်ဂေဟာရှိဟိုတယ်များ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် မင်္ဂလာသီရိဟိုတယ်၌ တွေ့ဆုံပြီး မြို့တော် နေပြည်တော်ကို “GREEN CITY၊ CLEAN CITY၊ SMART CITY” ဖြစ်စေရန် လမ်းညွှန်ချက်နှင့်အညီ သန့်ရှင်းသာယာလှပသော မြို့တော်ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဝန်ကြီးဌာနမှလည်း Tourism Hub ဖြစ်စေရေးကို ကြိုးပမ်းဆောင်ရွက်နေသည်ဖြစ်ရာ ဟိုတယ်များအနေဖြင့်လည်း နိုင်ငံတော်မှ ဆောင်ရွက်နေသောလုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး မြို့တော်၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။ ယခုအခါ နေပြည်တော်သည် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ လာရောက် လည်ပတ်လိုသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည့်အတွက်...
Continue Reading

ကျန်းမာရေးနှင့် အလှအပဆိုင်ရာ စီးပွားရေး နှီးနှောဖလှယ်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဟု ယုံကြည်

နေပြည်တော် ဇန်နဝါရီ ၁၁ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်မှုဌာနက စီစဉ်ကျင်းပသော ကျန်းမာရေး နှင့် အလှအပဆိုင်ရာ စီးပွားရေးနှီးနှောဖလှယ်ပွဲ (၂၀၂၃) သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ဦးစွာ ထိုင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးကြီး ဒေါက်တာ သာနာဝပ်နာဂိုဝတ်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။ ကုမ္ပဏီပေါင်း ၂၆ ခု တက်ရောက် ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသို့ ထိုင်းနိုင်ငံမှ ဆေးရုံများအပါအဝင် ကုမ္ပဏီပေါင်း (၂၆) ခု တက်ရောက်သည်ဟု သိရှိရပါကြောင်း၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ စီးပွားရေးနှီးနှော ဖလှယ်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေး နိုင်မည်ဟု...
Continue Reading

တရုတ်- မြန်မာ မြှင့်တင်ရေးစင်တာတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများနှင့် ဆွဲဆောင်မှုများကို ပါဝင်ပြသရန် ကမ်းလှမ်းထား

နေပြည်တော် ဇန်နဝါရီ ၁၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ–ဂျပန်ဗဟိုဌာန၏ အထောက်အပံ့ဖြင့် National Activity Project-2022 ကို အကောင်အထည်ဖော်သည့်အနေဖြင့် တတိယအကြိမ် ဂျပန် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး အသိပညာ ပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကလောမြို့ရှိ Kalaw Hilltop Villa Hotel တွင် Hybrid စနစ်ဖြင့် ကျင်းပသည်။ အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အွန်လိုင်းမှတစ်ဆင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ယခု အာဆီယံ-ဂျပန် ဗဟိုဌာနနှင့်ပူးပေါင်းကျင်းပသော ဆွေးနွေးပွဲမှတစ်ဆင့် ဆွေးနွေးပွဲ ကိုယ်စားလှယ်များသည် ဂျပန်ခရီးသွားဧည့်သည်များ၏ ရိုးရာဓလေ့နှင့် လူနေမှုဘဝပုံစံများ၊ အပြုအမူသဘောသဘာဝများ ကိုသိရှိနားလည်လာပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် အာဆီယံ-ဂျပန် ဗဟိုဌာန၏ ၂၀၂၃ ခုနှစ်အတွက်...
Continue Reading

ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင် ပြင်ဦးလွင်နှင့် မန္တလေးမြို့များတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီလ ၉ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင် သည် ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ တုံဂပူရိဟိုတယ်၌ ကျင်းပသော ရုရှားဘာသာစကားပြော အခြေခံသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ရုရှားဘာသာစကားသင်တန်းကို ဝန်ကြီးဌာနသည် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၏ အကူအညီဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလ ငါးလကျော် ကြာမြင့်ခဲ့ပြီး နာရီပေါင်း ၆၀၀ ကို ရက်သတ္တပတ် ၂၀ သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ဘာသာစကားဆိုသည်မှာ စိတ်ဝင်စားမှုအပြည့်ထားကာ လေ့ကျင့်သင်ယူလျှင် တတ်မြောက် လွယ်သဖြင့် လက်တွေ့ပြောဆိုလေ့ကျင့်ကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားများသည် ၎င်းတို့၏ ဘာသာစကားဖြင့် နှုတ်ဆက်ပြောဆိုပါက ကျေနပ်နှစ်သက်မှုသာမက ယုံကြည်မှုကိုပါ တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်မင်းလတ်မှ သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ဦးဆောင်သောအဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၅ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီး ဌာန ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Visitstump ဦးဆောင်သောအဖွဲ့ကို လက်ခံတွေ့ဆုံသည်။ ဆွေးနွေး တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ကိုဗစ်အလွန်ကာလတွင် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ မြန်မာနိုင်ငံသို့ ထိုင်းခရီးသွားဧည့်သည်များ လာရောက်ရာတွင် ကျန်းမာရေးအာမခံ ဝယ်ယူထားရှိရေးနှင့် အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေး၊ မြန်မာနိုင်ငံမှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ရာတွင်လည်း ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက် သွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားပြပွဲများ၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော ကဏ္ဍများတွင် ဝန်ကြီးဌာနနှင့် တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အကြား...
Continue Reading

နေပြည်တော်သည် မြန်မာနိုင်ငံ၏ အလယ်ဗဟို၌ တည်ရှိနေသည့်အတွက် ခရီးစဉ်ဒေသများသို့ သွားရောက်ရာတွင် အချိန်တိုတိုဖြင့် ရောက်ရှိနိုင် ဟိုတယ်နှင့်တည်းခိုရိပ်သာများ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေးအတွက် ဂရုပြုဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၃၀ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ်၌ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ တာဝန်ခံများ၊ အထွေထွေ မန်နေဂျာများနှင့် ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မမြို့တော်ဖြစ်ကာ မြို့တည်ဆောက်ခဲ့စဉ်က မြို့ပြစီမံကိန်းများနှင့်အညီ စနစ်တကျ အကွက်ချ တည်ဆောက်ထားခဲ့ပါကြောင်း၊ ယင်းအပြင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လည်း ဟိုတယ်ဇုန်များ၊ ခရီးသွားဆွဲဆောင်ရာနေရာများနှင့် အပန်းဖြေအနားယူနိုင်မည့်နေရာများကို စနစ်တကျသတ်မှတ် အကောင်အထည်ဖော်ထားရှိခဲ့ပါကြောင်း၊ နေပြည်တော်သို့ လာရောက်မည့် နိုင်ငံတကာမှ အကြီးအကဲများ၊ သံတမန်များနှင့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးစွမ်း နိုင်ရန် ဟိုတယ်အနည်းငယ်ဖြင့်သာ စတင်ခဲ့ရာမှ ယနေ့အချိန်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၉၉ လုံးနှင့် အခန်းပေါင်းခြောက်ထောင်ကျော်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ နေပြည်တော်၌ နိုင်ငံတကာအခမ်းအနားများ၊ အစည်းအဝေးများ လက်ခံကျင်းပခြင်းသာမက နိုင်ငံတော်အဆင့် အခမ်းအနားများကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံခြားသံတမန်များကို...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၂၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ် မစ္စတာကျောက်ကျားအောက်ဝ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့ညနေပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ နှုတ်ခွန်းဆက်စကားပြောကြား ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာကျောက်ကျားအောက်ဝ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာန တည်ထောင်ခြင်းမှာ ချုံချင့်မြို့ရှိ ပြည်သူများသာမက တရုတ်ပြည်အနောက်ပိုင်းအထိပါ မြန်မာနိုင်ငံအား ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို တိုးမြှင့်လုပ်ဆောင်သွားနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။ မိမိတို့အနေဖြင့် ချုံချင့်မြို့၌ တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ်၊ တရုတ်-မြန်မာ ယဉ်ကျေးမှုဆိုင်ရာခရီးသွားကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွားမိတ်ဖက် မြို့တော်ရက်သတ္တပတ်အစီအစဉ်တို့ကို ကျင်းပရန်ရှိရာ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည် ပြပွဲကျင်းပရာတွင် ပြခန်းပေါင်း ၁၅၀...
Continue Reading
1 2 3 4 5 6 94