Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
15.consolation prize Ye Lin Tun
UPCOMING EVENT

ဧည့်လမ်းညွှန်သင်တန်း အမှတ်စဉ် (၆၄) နှင့် ဧည့်လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် မတ် ၁၆ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည် အချင်းပြည့်ဝသော ဧည့်လမ်းညွှန်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားခဲ့သော ဧည့်လမ်းညွှန်သင်တန်းအမှတ်စဉ် (၆၄) နှင့် ဧည့်လမ်းညွှန် မွမ်းမံသင်တန်းအမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။ သင်တန်းဆင်းပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ အမျိုးသားစီမံ ခန့်ခွဲမှုပညာဒီဂရီကောလိပ်နှင့် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။ စွမ်းရည်များ ပြည့်စုံနေရမည် သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက အရည်အသွေးပြည့်ဝသော ဧည့်လမ်းညွှန်ကောင်းတစ်ဦး ဖြစ်စေရန်အတွက် ဘာသာစကားကျွမ်းကျင်မှုသာမက ဗဟုသုတကြွယ်ဝမှု၊ စိတ်ရှည်သည်းခံမှု၊ ခရီးသွား အဖွဲ့ကို ဦးဆောင်နိုင်မှု၊...
Continue Reading

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ၊ မတ်လ (၁၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ယနေ့မွန်းလွဲပိုင်းတွင် ကျောက်စိမ်းခန်းမ၌ ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများ ရှင်းလင်း တင်ပြခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်သည်။ အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနတို့မှ အရာရှိကြီးများ၊ အရာထမ်း/အမှုထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ကောင်စီ နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ တာဝန်ခံများနှင့် ဝန်ထမ်းများ က အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ကွေ့လင်မြို့၌ ကျင်းပခဲ့သော China-ASEAN Expo Tourism ပြပွဲသို့ တက်ရောက်ခဲ့မှု အခြေအနေများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းညွန့် ဦးဆောင်သောအဖွဲ့ကလည်းကောင်း၊ ထိုင်းနိုင်ငံ၌  ကျင်းပခဲ့သည့်...
Continue Reading

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများသို့ ခရီးသွားများ ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်သော လှုပ်ရှားမှုများကို ပေါင်းစပ်ပြီး ခရီးစဉ်များ ရေးဆွဲဖော်ဆောင်ကြရန် လိုအပ်

နေပြည်တော် မတ် ၇ မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပသည်။ ဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မကွေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဝန်ဆောင်မှုကောင်းမွန်ရေး၊ ခရီးစဉ် ဒေသများ ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းများ ဖြစ်စေရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ထို့ကြောင့် ယနေ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပရခြင်း ဖြစ်ကြောင်း။ ပြည်ပခရီးသွားဧည့်သည်များ...
Continue Reading

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်းသော အချက်အလက်များ နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာ Website များတွင် ပိုမိုပါဝင်လာစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၅ ရက် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ စေရေးနှင့် ဈေးကွက်ရှာဖွေရေး၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး အတွက် နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာ Website များတွင် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍပိုမိုပါဝင်လာခြင်းအားဖြင့် digital ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေရန် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်သင်ကြားပေးနေသော တက္ကသိုလ်/ ကောလိပ်များမှ ဆရာ ဆရာမများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများကို အွန်လိုင်းမှ တွေ့ဆုံသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ် တာဝန်ခံများ တက်ရောက်ကြသည်။ ၈၃ ရာခိုင်နှုန်းကျော်တိုးတက် အစည်းအဝေးတွင်...
Continue Reading

ဒေသဆိုင်ရာဧည့်လမ်းညွှန်အခြေခံသင်တန်း အမှတ်စဉ် (၅၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၄ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အချင်းပြည့်ဝသည့်ဧည့် လမ်းညွှန်ကောင်းများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ပိုင်းတွင်ဒေသဆိုင်ရာဧည့်လမ်း ညွှန်သင်တန်းအမှတ်စဉ် (၅၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ နေပြည်တော် ဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူများ၊ ဧည့်လမ်းညွှန်များ၊ သင်တန်းနည်းပြဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဧည့်လမ်းညွှန်များအနေဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် အများဆုံးထိတွေ့ဆက်ဆံရသူများဖြစ်သောကြောင့် အသိပညာ၊ အတတ် ပညာပြည့်ဝနေစေရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း များနှင့် ဘာသာစကားသင်တန်းများ၊...
Continue Reading

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ Best International Travel & Agency တို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် လာရောက်သော ထိုင်းနိုင်ငံသား ရိုက်ကူးရေးအဖွဲ့ဝင်များအား တွေ့ဆုံနှုတ်ဆက်

နေပြည်တော် မတ် ၂ ထိုင်းခရီးသွား ဧည့်သည် များအနေဖြင့် ပိုမိုသိရှိ လာရောက်လည်ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ရယူထားသော Sai Swe ကုမ္ပဏီလီမိတက်နှင့် ထိုင်းနိုင်ငံရှိ Best International Travel & Agency တို့ ပူးပေါင်း စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသား ရိုက်ကူးရေးအဖွဲ့ဝင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ သည် နေပြည်တော်နှင့် ပုဂံမြို့ရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသော နေရာများကို ရိုက်ကူးရန် ခရီးစဉ်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်လျက်ရှိသည်။ ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးသို့ လာရောက်ဖူးမြော်၍ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များကို ရိုက်ကူးလျက်ရှိသော ထိုင်းနိုင်ငံသား ရိုက်ကူးရေးအဖွဲ့ဝင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။...
Continue Reading

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် မတ် ၁ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များကို စနစ်တကျသိရှိ ထမ်းဆောင်နိုင်စေရန်နှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်များ တိုးမြှင့်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားသည့် ဌာနတွင်း ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများမှ သင်တန်းသား သင်တန်းသူများက Hybrid စနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ သင်တန်းသား သင်တန်းသူ အမှုထမ်းငယ်များအနေနှင့် မိမိတို့ လေ့လာသင်ယူခဲ့သော ပညာ ရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် အသုံးချသွားရန်လိုအပ်ကြောင်း၊...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၇   ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ပုသိမ်-ငွေဆောင်ကားလမ်းဘေး ၁၉ မိုင်ရှိ ငွေဆောင်အပန်းဖြေဆင်စခန်းသို့ သွားရောက်ကာ ခရီးသွားဧည့်သည်များ ဆင်စီးအပန်းဖြေအနားယူ နိုင်ရန်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုသည်။   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၇ မိုင်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၏ ပုသိမ်မြို့နယ် စီးပွားရေး (ပျဉ်းကတိုး) စိုက်ခင်း၌ အများပြည်သူခရီးသွားများ ငွေဆောင်မြို့ပတ်ဝန်းကျင်ကို ကြည့်ရှုခံစားနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ရှုခင်းသာ (view point) သို့ သွားရောက်ကြည့်ရှု၀သည်။   ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ ပုသိမ်ဟိုတယ်၌ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာ...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၅   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေများရှိ ဟိုတယ်များနှင့် Sea & Lake အပန်းဖြေစခန်း၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် စွန့်စားခရီးသွားလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဒီရေတောတံတားနှင့် ခရီးသွားဧည့်သည်များ အပန်းဖြေအနားယူနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လေ့လာကြည့်ရှုသည်။   ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး   မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ဟိုတယ်၌ ပုသိမ်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့၊ ဟိုတယ်လုပ်ငန်းရှင်များ၊ တည်းခိုရိပ်သာနှင့် စားသောက်ဆိုင်များ၊ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုသိမ်မြို့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။   ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့်...
Continue Reading
1 3 4 5 6 7 111