Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ညောင်ရွှေတွင် အင်းလေးကန်အမှတ်တံဆိပ် Inle Lake Destination Brand မိတ်ဆက်ပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ (၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အင်းလေးကန်ခရီးစဉ်ဒေသစီမံခန့်ခွဲရေး စီမံကိန်းရေးဆွဲပြီး မဟာဗျူဟာ (၉) ရပ်ပေါ်တွင် အင်းလေးဒေသ ခရီးစဉ်စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းခဲ့ပါသည်။ မဟာဗျူဟာလုပ်ငန်းစဉ်များအရ အင်းလေးကန်အမှတ် တံဆိပ်ဖြစ်ပေါ်လာစေရန်အတွက် အင်းလေးကန်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဆက်စပ်ဌာန ဆိုင်ရာများနှင့် ခရီးသွား လုပ်ငန်းကဏ္ဍမှ အသင်းအဖွဲ့များ ဝိုင်းဝန်းဆွေးနွေးမှု International Finance Cooperation (IFC) ပံ့ပိုးမှု Aus Aid UK Aid အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ရေးဆွဲဆောင်ရွက်ခဲ့ပြီး (၃.၁၁.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် အင်းလေးကန်အမှတ်တံဆိပ် Inle Lake Destination Brand မိတ်ဆက်ပွဲအခမ်းအနားကို ညောင်ရွှေမြို့နယ်၊ Royal Nadi Resort Hotel ၌...
Continue Reading

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်၊ နိုဝင်ဘာလ (၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံ စိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝ အလှအပ များ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော် ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိအပျော်စီးသင်္ဘောများဖြင့် လည်းကောင်း လည်ပတ် လျက် ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Myanmar Senses Family Travels & Tours Co.,Ltd  ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ချက်ခ်နိုင်ငံသားဧည့်သည် (၂) ဦး ၊ ဂျာမဏီ နိုင်ငံသားဧည့်သည်(၂) ဦး၊ သြစတြေးလျနိုင်ငံသားဧည့်သည် (၁) ဦး၊...
Continue Reading

ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ် ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ပုဂံ၌ ကျင်းပပြုလုပ်မည့် မဟာမဲခေါင်ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွားဖိုရမ်အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေးနှင့် ဟိုတယ်များအဆင့် အတန်းမီ ဝန်ဆောင်မှုပေးနိုင်စေရေးကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာလ ၃ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့်အဖွဲ့သည် ၂−၁၁−၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ပုဂံမြို့သို့ ရောက်ရှိကာ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ပုဂံ၌ ကျင်းပပြုလုပ်မည့် မဟာမဲခေါင်ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ခရီးသွားလုပ်ငန်းဖိုရမ် အဆင်ပြေချောမွေ့စွာကျင်းပ နိုင်ရေးနှင့် ဟိုတယ်များအဆင့်အတန်းမီ ဝန်ဆောင်မှု ပေးနိုင်စေရေးအတွက်ပုဂံမြို့ရှိဟိုတယ်များသို့ ကွင်းဆင်းစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂−၁၁−၂၀၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် Bagan Information and training Center ၌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲရှိ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာ၌ပုဂံရုံးခွဲတာဝန်ခံမှ ပုဂံဒေသ၏ခရီးသွားလုပ်ငန်း အခြေအနေ၊ ဧည့်သည်ဝင်ရောက်မှု၊ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးမှ တင်ပြချက်များအပေါ်လိုအပ်သည်များ ကိုလမ်းညွှန်ပြီးနောက်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှင်မြန်ကောင်းမွန်အောင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊...
Continue Reading

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်/ ထွက် လည်ပတ်လျက်ရှိ

နေပြည်တော်၊ နိုဝင်ဘာလ (၁) ရက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသား (၂၅၅၇၆) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသားခရီးသွားဧည့်သည်(၃၉၈) ဦး၊ လန့်တောင်း နေ့ချင်းပြန်ခရီးစဉ် ထိုင်းနိုင်ငံသား(၂၁)ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသားကမ္ဘာလှည့်ခရီးသည် (၄၀၂) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ် ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၀၄၃)...
Continue Reading

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၁၉) အစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာလ (၃၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုဖြင့် ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေအရ ဖွဲ့စည်းထားရှိသည့် မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၁၉) အစည်းအဝေးကို (၂၉.၁၀.၂၀၁၉) ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဒုတိယဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမြင့်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် ကော်မတီဒုတိယဥက္ကဋ္ဌ ဝန်ကြီး ဦးမြင့်အောင်တို့က အမှာစကား ပြောကြားခဲ့ကြပြီး ကော်မတီ အတွင်းရေးမှူးဖြစ်သူ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်က (၂/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊ ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး ဧည့်လမ်းညွှန် အသင်းဖွဲ့စည်းမှု၊...
Continue Reading

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်၊ အောက်တိုဘာလ (၂၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံ စိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝ အလှအပ များ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော် ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိအပျော်စီးသင်္ဘောများဖြင့် လည်းကောင်း လည်ပတ်လျက် ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Khaing Lin Tun Co.,Ltd  ၏ စီစဉ်ဆောင်ရွက်မှု ဖြင့် ထိုင်းနိုင်ငံသားဧည့်သည် (၂၆) ဦးသည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၁၀) စီးဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့မှ...
Continue Reading

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် အိုဆာကာမြို့၌ ကျင်းပပြုလုပ် ခဲ့သည့် ဂျပန်ခရီးသွားပြပွဲ-၂၀၁၉ နှင့် တတိယအကြိမ်မြောက် ခရီးသွားလုပ်ငန်းဝန်ကြီးများ အဆင့်စားပွဲဝိုင်းဆွေးနွေးပွဲသို့တက်ရောက်

နေပြည်တော် အောက်တိုဘာ၂၈ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် JATA Tourism Expo အတွင်းရေးမှူးတို့၏ ဖိတ်ကြားချက်အရ (၂၄-၁၀-၂၀၁၉) ရက်နေ့မှ (၂၇-၁၀-၂၀၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ဂျပန်ခရီးသွားပြပွဲ-၂၀၁၉ နှင့် တတိယ အကြိမ်မြောက် ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့်စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ (၂၃-၁၀-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိုကျိုမြို့၊ လွှတ်တော်အဆောက်အအုံ၌ ဂျပန်-မြန်မာ လွှတ်တော်ချင်းချစ်ကြည်ရေးအသင်းဥက္ကဌ၊ ဂျပန်ချယ်ရီဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ Mr. Ichiro AISAWA နှင့် အတွင်းရေးမှူးဖြစ်သူ Mr. Hiromichi WATANABE တို့အားတွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် (Sakura) ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေး၊ ခရီးသွားစွဲဆောင်မှုတိုးမြှင့်ရေးတို့အတွက်...
Continue Reading

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့်စစ်တွေမြို့၌ Online Hotel Guest List Management System သင်တန်းများဖွင့်လှစ်သင်ကြား

နေပြည်တော်၊ အောက်တိုဘာလ (၂၅) ရက် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုအခြေအနေကို လွယ်ကူလျင်မြန်စွာ သိရှိပြီး လိုအပ်သည့် စိစစ်ကြပ်မတ်မှုများကိုဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်နယ်အတွင်းမှ လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာများ အနေဖြင့်လည်း ဧည့်စာရင်းတိုင်ကြားမှုများကို လွယ်ကူစွာဖြင့် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (စစ်တွေရုံးခွဲ) ၏ စီစဉ်မှုဖြင့် “Online Hotel Guest List Management System” သင်တန်းများကို (၂၂.၁၀.၂၀၁၉) ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ “SaeRi Guest House” ၌ လည်းကောင်း၊ (၂၄.၁၀.၂၀၁၉) ရက်နေ့တွင် စစ်တွေမြို့ရှိ “Royal Sittwe Resort” ဟိုတယ်၌ လည်းကောင်း ဖွင့်လှစ်သင်ကြားပေးပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့...
Continue Reading

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပမည်ဖြစ်ကြောင်း

နေပြည်တော်၊ အောက်တိုဘာလ (၂၅) ရက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ လွိုင်ကော်တန်ဆောင်တိုင်မီးပုံးပျံပွဲအား (၉.၁၁.၂၀၁၉) ရက်နေ့မှ (၁၃.၁၁.၂၀၁၉)ရက်နေ့အထိ လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်တွင် (၅) ရက်တိုင်တိုင် မီးပုံးပျံပြိုင်ပွဲများ၊ မသိုးသင်္ကန်းကပ် လှူပူဇော်ပွဲများ၊ နိုင်ငံကျော်တေးသံရှင်များ၏ Free Show သီဆိုဖျော်ဖြေမှုများ၊ မီးပဒေသာ လှည့်လည်ပူဇော်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။ ပြည်တွင်းပြည်ပခရီးသွားများအနေဖြင့် ကယားပြည်နယ်တန်ဆောင်တိုင်ပွဲတော်သို့ လာရောက် လည်ပတ်ပြီး ကယားပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရိုးရာအစားအသောက်များ၊ ထူးခြား လေးနက်သည့် ဝိသေသလက္ခဏာများနှင့် ပြည့်နှက်နေသောခရီးစဉ်ဒေသများသို့ လာရောက် လေ့လာလည်ပတ်နိုင်ပြီး ကယားပြည်နယ်ရှိ ခရီးစဉ်ဒေသများနှင့်ပတ်သက်၍လည်းကောင်း၊ တည်းခိုနေထိုင် စားသောက်ရေး အတွက်လည်းကောင်း လိုအပ်သည့် သတင်းအချက်အလက်များကို www.kayahtourism.org တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းရရှိပါသည်။
Continue Reading
1 76 77 78 79 80 83