Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

လားရှိုးမြို့တွင်မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ အောက်တိုဘာလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (လားရှိုးရုံးခွဲ) ၏ ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေပညာပေး ရှင်းလင်းဆွေးနွေးပွဲကို (၂၈.၉.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့၊ လားရှိုးမိုတယ်၌် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (လားရှိုးရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) ရှမ်းမြောက်ဇုန် ဥက္ကဌ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများမှလုပ်ငန်းရှင်များ၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များစုစုပေါင်း (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(လားရှိုးရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) ရှမ်းမြောက်ဇုန်ဥက္ကဌတို့က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေကို အသေးစိတ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည် များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Continue Reading

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း ၃/၂၀၁၉ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ အောက်တိုဘာလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပဲခူးရုံးခွဲ) ၏ ကြီးကြပ်မှု ဟိုတယ်လုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းအမှတ်စဉ် (၃/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို (၂၈.၉.၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးမြို့၊ ကမ္ဘောဇဟင်္သာဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဆင်းပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်း(ပဲခူးဇုန်) ဥက္ကဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းဆင်းပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပဲခူးရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဟိုတယ်လုပ်ငန်းရှင် များအသင်း (ပဲခူးဇုန်) ဥက္ကဌတို့က သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းအား (၂.၉.၂၀၁၉) ရက်နေ့မှ (၂၈.၉.၂၀၁၉)...
Continue Reading

မွန်ပြည်နယ်ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်း အမှတ်စဉ် (၄၆) သင်တန်းဖွင့်လှစ်

နေပြည်တော်၊ အောက်တိုဘာလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မော်လမြိုင်ရုံးခွဲ) ၏ စီစဉ်မှုဖြင့် ဖွင့်လှစ်သော ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း အမှတ်စဉ် (၄၆) ဖွင့်ပွဲအခမ်းအနားကို (၃၀.၉.၂၀၁၉)ရက်နေ့ နံနက်ပိုင်း တွင် မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (မော်လမြိုင်ရုံးခွဲ) မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင် အသင်း (မော်လမြိုင်ဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၁၇၀)...
Continue Reading

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အပျော်စီးရေယာဉ်ဖြင့် လာရောက်လည်ပတ်လျှက်ရှိ

နေပြည်တော်၊ စက်တင်ဘာလ (၃၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု Sanctuary Retreats Myanmar Limited ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အစ္စရေးနိုင်ငံသားဧည့်သည်(၃၅) ဦးသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့မှ စက်တင်ဘာလ (၂၁) ရက်နေ့အထိ RV Sanctuary Ananda အပျော်စီးရေယာဉ်ဖြင့် ရန်ကုန်-...
Continue Reading

ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ငပလီကမ်းခြေဆောင်းဦးပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ (၃၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ဖွဲ့စည်း ထားရှိသည့် ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ငပလီကမ်းခြေတွင်ပြုလုပ်မည့် ဆောင်းဦးပွဲတော်အခမ်းအနားကျင်းပရေးဦးစီး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတို့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းတွင် သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (စစ်တွေရုံးခွဲ) မှ ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ...
Continue Reading

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေသစ်နှင့်ပတ်သက်သော အကြောင်းအရာများအား ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ (၃၀) ရက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနနှင့်ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မူဆယ်ရုံးခွဲ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မူဆယ်ခရိုင်အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ တည်းခိုရိပ်သာ လုပ်ငန်းရှင်များ၊ ခရီးလှည့်လည်ရေးလုပ်ငန်းရှင်များ၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်များအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အသစ်ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား ထပ််ဆင့်ရှင်းလင်းပွဲအခမ်းအနားကို (၂၇-၉-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် မူဆယ်မြို့၊ ရွှေသီရိဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ မူဆယ်ရုံးခွဲတာဝန်ခံနှင့် အရာထမ်း၊ အမှုထမ်းများ၊ဟိုတယ်၊တည်းခိုရိပ်သာနှင့်ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာဧည့်လမ်းညွှန် များ၊ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မူဆယ်ရုံးခွဲတာဝန်ခံက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ဧည့်သည်များမှ...
Continue Reading

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၂၀၁၉ (World Tourism Day- 2019)အထိမ်းအမှတ်အခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ (၂၇) ရက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ၂၀၁၉ (World Tourism Day-2019)အထိမ်းအမှတ် အခမ်းအနား အား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ယနေ့နံနက် (၀၉:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကို ၊ ဦးသိန်းဆွေနှင့်ဦးအုန်းမောင် ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒုတိယဝန်ကြီး များ၊နေပြည်တော်ကောင်စီဥက္ကဌနှင့်တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊သံအမတ်ကြီးများ၊ ဌာနဆိုင် ရာများမှ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ်များ ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Zurab Pololikashvili ၏ သတင်း စကားရုပ်သံအား ဗွီဒီယိုဖြင့်ပြသကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။...
Continue Reading

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်/ ထွက် လည်ပတ်လျက်ရှိ

နေပြည်တော်၊ စက်တင်ဘာလ (၂၇) ရက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှ စက်တင်ဘာလ (၂၆) ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသား (၂၄၇၃၆) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသားခရီးသွားဧည့်သည် (၃၆၅) ဦး၊ လန့်တောင်း နေ့ချင်းပြန်ခရီးသွားဧည့်သည် ထိုင်းနိုင်ငံသား (၇) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ထိုင်း နိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသားကမ္ဘာလှည့်ခရီးသည် (၆၆)...
Continue Reading

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၂/၂ဝ၁၉) အစည်းအဝေးသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြား

နေပြည်တော် စက်တင်ဘာ ၂၆ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၂/၂ဝ၁၉) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့အစည်းအဝေးသည် ၂၀၁၈ ခုနှစ် စက်တင်ဘာ (၁၇) ရက်တွင် ပြန်လည်ပြင်ဆင်ပြီး ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေသစ်အရ အမျိုးသားခရီးသွားလုပ်ငန်း ဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်း ကော်မတီနှင့်...
Continue Reading
1 91 92 93 94