ပြောင်းလဲတိုးတက်နေသည့်နိုင်ငံတွင် တိုးမြှင့်ရင်းနှီးမြှုပ်နှံခြင်း

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် စီးပွားရေး လုပ်ငန်းကဏ္ဍများမှ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရရှိနိုင်ရန်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများမှတဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အရှိန်အဟုန်ဖြင့် မြှင့်တင်နိုင်ရန် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံသူများအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၂ ခုနှစ်မှစတင်၍ (၈) ရာခိုင်နှုန်းခန့်ဖြင့် တိုးတက်လျက် ရှိပါသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တိုးတက်မှုနှုန်း ၈.၇ရာခိုင်နှုန်း ထိရောက်ရှိအောင် ပို့ဆောင်ပေးသည့် ဆက်သွယ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊  ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ထုတ်လုပ်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ သိသိသာသာ ဖြစ်ပေါ်ခဲ့ပြီး   အဆိုပါကဏ္ဍများသည် နိုင်ငံ၏ ဂျီဒီပီတွင် (၅၇.၅) ရာခိုင်နှုန်း၊ (၅၀.၅) ရာခိုင်နှုန်း၊ (၃၆.၁) ရာခိုင်နှုန်း၊ (၁၅.၉) ရာခိုင်နှုန်းနှင့် (၉.၇) ရာခိုင်နှုန်း အထိ အသီးသီး ရှိပါသည်။

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာသည် စက်မှုလက်မှု ၊စိုက်ပျိုးရေးနှင့် အခြေခံ အဆောက်အဦ ကဏ္ဍများ တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်စေရန် ၊  ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ပို့ကုန်တိုးချဲ့တင်ပို့ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်တင်ပို့ရန် စသည့် မူဝါဒများအပေါ် အခြေခံ၍ ရေးဆွဲထားပါသည်။

အထူးစီးပွားရေးဇုန်များ ဖြစ်သည့် သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်တို့တွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အထူးအခွင့်အရေးများ ပေးခြင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ထုံးလုပ်နည်းများကို ပိုမိုလွယ်ကူ စေရန် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စက်မှုလက်မှု အထောက် အကူပြုမှုများသည် ဖွံဖြိုးလာမည့် မြန်မာနိုင်ငံအတွက် အဓိကမောင်းနှင်အား ဖြစ်လာမည်ဖြစ်ပါ သည်။  

ထို့အပြင် စီးပွားရေးစင်္ကြံတစ်လျှောက်တွင် စက်မှုလုပ်ငန်းများ စုစည်း ဖြစ်ထွန်းရာ ဒေသဟောင်းများ (ရန်ကုန်နှင့်မန္တလေးမြို့များ) နှင့် ဒေသသစ်များ ဥပမာ− ပဲခူး၊ ဘားအံ၊ စစ်တွေ၊ မြစ်ကြီးနားနှင့် နယ်စပ်မြို့များတွင် တိုးတက်လာစေရန် အားပေး ဆောင်ရွက်လျက်ရှိပါသည်။

စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း  တစ်ဦးကျ ဝင်ငွေ ၁၀.၉ ရာခိုင်နှုန်း အထိ သိသိသာသာ တိုးတက်ခဲ့ပြီး လူလတ်တန်းစားပိုမိုများပြားစေခဲ့ပါသည်။  FMCG ( First-moving Consumer Goods) စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ(ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းများ၊ ဖျော်ဖြေရေး လုပ်ငန်းများ)ကိုလမ်းဖွင့်ပေးခြင်းကြောင့် အခွင့် အလမ်းများ ပိုမိုတိုးတက် လာပါသည်။

Location & Connectivity: Moving Towards New Crossroads of Asia

မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ရန် သာမက ကုန်ပစ္စည်း ထုတ်လုပ်မှုပြု ရာတွင်လည်း အချက်အခြာကျသည့်နေရာ၌ တည်ရှိနေပါသည်။ နိုင်ငံတော် အစိုးရမှ အနာဂတ် စီးပွားရေး ပိုမိုဖွံဖြိုးတိုးတက်ရန်အတွက် ထိရောက်မှုရှိသော ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှုကွင်းဆက် အလို့ငှာ အခြေခံစီးပွားရေး အဆောက်အဦ (လျှပ်စစ်၊ကား လမ်း၊ မီးရထားလမ်းနှင့် လေဆိပ်) ဖွံ့ဖြိုးတိုး တက်စေရန် ဦးစားပေး လုပ်ဆောင်လျှက်ရှိ ပါသည်။

 မြန်မာနိုင်ငံသည် အရှေ့တောင်အာရှကုန်းမြေတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ သန်း (၅၀) ကျော်ရှိသည့် ပြည်တွင်းစျေးကွက်ရှိသည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အာဆီယံဈေးကွက်နှင့် ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တမပင်လယ်ကွေ့ တလျှောက်ရှိ ဆိပ်ကမ်း များမှ တဆင့် နိုင်ငံတကာစျေးကွက်များသို့ ဝင်ရောက်နိုင်ပါသည်။

ဆယ်စုနှစ်များကြာအောင် နိုင်ငံတကာ အသိုက်အဝန်းနှင့် ကင်းကွာခဲ့ခြင်းသည် အခြေခံ အဆောက်အဦ ကွန်ယက်များကို ခေတ်မီစွာ တိုးချဲ့တည်ဆောက်မှုကို အဟန့်အတား ဖြစ်စေခဲ့ ပါသည်။ ယခုအခါ အစိုးရသည် မြန်မာနိုင်ငံအား အာရှ၏လမ်းမကြီးများဖြစ်လာစေရန် အောက်ဖော်ပြပါ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်−

  • ပြည်တွင်းအဓိက အဝေးပြေး လမ်းမကြီးများနှင့် ထိုင်းနိုင်ငံ(ဘားအံနှင့် ထားဝယ်အထူး စီးပွားရေးဇုန်)၊ တရုတ်နိုင်ငံ(မန္တလေး)၊ အိန္ဒိယနိုင်ငံ (မန္တလေးနှင့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း)တို့ကို နိုင်ငံဖြတ်ကျော် လမ်းမကြီးများဖြင့် ဆက်သွယ်မည့် စီမံကိန်းများ၊
  • ရန်ကုန်မြို့အနီးရှိ ရွာသာကြီးနှင့် မန္တလေးအနီးရှိ မြစ်ငယ်တို့တွင် ပိုမိုခေတ်မီသည့် ရထားလမ်း ကွန်ယက်နှင့် ကုန်းတွင်းကုန်သေတ္တာစခန်း တည်ဆောက်ခြင်း၊
  • လျှပ်စစ်ဓါတ်အား ပမာဏ တိုးချဲ့လျက်ရှိခြင်း(၂၀၁၄ ခုနှစ်တွင် ၄၄၂၂ MW) နှင့် နှစ်စဉ်ထုတ်လုပ်မှု (၁၂၂၄၇ GWh) များသာမက ၂၀၃၀ ခုနှစ်တွင် လျှပ်စစ်ဓါတ်အား အပြည့်အဝ သုံးစွဲနိုင်စေရန် အမျိုးသားလျှပ်စစ် စီမံကိန်းအရ မဟာဓါတ်အားလိုင်းများ တိုးချဲ့ဆောင်ရွက်လျှက်ရှိပါသည်။
  • မြန်မာနိုင်ငံသည်  အာဆီယံစီးပွားရေး အသိုက်အဝန်း၏ အဖွဲ့ဝင်အနေဖြင့်သာမက အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသတွင် ပါဝင်နေခြင်းနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံတကာတွင် အကောက်ခွန် လျှော့ပေါ့မှု အထူးအခွင့်အရေးများ ရရှိသဖြင့် ဒေသတွင်းထုတ်လုပ်မှု ကွန်ယက်များသို့ ပိုမို ပေါင်းစည်းနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်သစ်၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုခြင်း

မြန်မာနိုင်ငံသည် ဒီမိုကရေစီပြည့်ဝပြီးငြိမ်းချမ်းသည့် နိုင်ငံသစ် တည်ဆောက်ရေး အတွက် အခြေခံကျသည့် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများသည် ရေရှည် တည်တံ့ပြီးအားလုံးပါဝင်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိက လိုအပ်ချက်များ ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီပြည့်ဝပြီးငြိမ်းချမ်းသည့် နိုင်ငံသစ် တည်ဆောက်ရေး အတွက် အခြေခံကျသည့် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများသည် ရေရှည် တည်တံ့ပြီးအားလုံးပါဝင်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိက လိုအပ်ချက်များ ဖြစ်ပါသည်။

  • ဆင်းရဲနွမ်းပါးမှုကို လျှော့ချရန် နိုင်ငံတကာ၏ အကောင်းဆုံးကျင့်သုံး ဆောင်ရွက်မှုများကို အခြေခံကာ နိုင်ငံ၏ ရေရှည်တည်တံ့သည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် မူဝါဒလမ်း ကြောင်းများကို ဖော်ထုတ်ရန် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ချမှတ်ရေးဆွဲခဲ့ ပါသည်။
  • ကမ္ဘာ့စျေးကွက်တွင် ဝယ်လိုအားမြင့်မားသည့်ကုန်စည်နှင့်လုပ်ငန်းများ ဥပမာ-ဆန်၊ အထည် အလိပ်နှင့် ခရီးသွားလုပ်ငန်းတို့ကဲ့သို့သော အလားအလာ မြင့်မားသည့် လုပ်ငန်းများတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့ ပိုမိုတိုးတက်စေရန် အမျိုးသား ပို့ကုန်မဟာဗျုဟာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် အပါ အဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် အထူးအကောက်ခွန်အခွင့်အရေးများကို ရရှိနေခြင်းသည် နိုင်ငံတကာ အဓိက စျေးကွက်များသို့ ဝင်ရောက်ရေးအတွက် လွယ်ကူချောမွေ့စေ ပါသည်။
  • နိုင်ငံတော်အစိုးရသည် ရင်းနှီးမြှုပ်နှံမှုများအား ပြည်သူများနှင့်သဘာဝ ပတ်ဝန်းကျင်တို့ အပေါ် ထိခိုက်မှုမရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများ၏ လူနေမှုဘဝ များ၊ သဘာဝပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များအပေါ် ဆိုးကျိုးများ မဖြစ်ပေါ် စေရန်အတွက် အချို့သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း သို့မဟုတ် သီးသန့် အတည်ပြု ချက်များ ရယူရန်လိုအပ်ခြင်း၊ လိုအပ်သည့်လုပ်ထုံး လုပ်နည်းများ ဆောင်ရွက်ရန်လိုအပ် ခြင်း၊ ဖက်စပ် လုပ်ကိုင်ရန် လိုအပ်ခြင်း သို့မဟုတ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ထိခိုက်မှု ဆန်းစစ်လေ့လာချက်များ လိုအပ်ခြင်းတို့ကို သတ်မှတ်ပြဌာန်းထားပါသည်။
  • နိုင်ငံခြားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဒေသများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ချင်းပြည်နယ်ကဲ့သို့သော ဝေးလံခေါင်ဖျားဒေသများတွင် မြန်မာနိုင်ငံ သား များပါဝင်နိုင်မည့် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုမည့် စီးပွားရေး အခွင့်အလမ်းများကို စဉ်းစားခြင်းတို့ကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန က လှိုက်လှဲစွာကြိုဆိုပါသည်။

မြန်မာ့လူမှုအသိုင်းအဝိုင်းတွင်ရင်းနှီးမြှုပ်နှံခြင်း

မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေမည့် အခြေအနေများနှင့် အလားအလာ ကောင်းများ များစွာရှိပါသည်။ မြန်မာနိုင်ငံသည် သဘာဝ အရင်းအမြစ် များနှင့် စိုက်ပျိုးမြေများ ပေါကြွယ်ဝသည့်အပြင် အလားအလာကောင်းများနှင့် အပြုသဘော ဆောင်သည့် ပြောင်းလဲမှုများ ကို အကောင်အထည် ဖော်ဆောင်ရန် ကျွမ်းကျင်မှု ရှိပြီး သွက်လက်တက်ကြွသည့် လူငယ်များလည်း များစွာရှိပါသည်။

  • လွန်ခဲ့သည့်နှစ်များတွင် ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အခြေခံကျသည့်ပြောင်းလဲမှုများ ဖြစ်ပေါ်ရန် မြန်မာပြည်သူများ သည် စိတ်အားထက်သန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။  
  • ထို့အပြင် မြန်မာ ပြည်သူများသည် အခွင့်အလမ်းသစ်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြောင်းလွယ် ပြင်လွယ်ရှိကြသကဲ့သို့ နည်းပညာသစ်များကို အသုံးပြုရန်နှင့်  လိုအပ်ချက် များကို ဖြည့်ဆည်းရန် ဝန်ထမ်းများနှင့် စွန့်ဦး တီထွင်လုပ်ငန်းရှင်များအဖြစ် လုပ်ငန်း ခွင်လေ့လာမှုများမှ ကျွမ်းကျင်မှုအသစ်များကို ရရှိကြပါသည်။
  • ရန်ကုန်နှင့်အခြားသော မြို့ကြီးများတွင် သမရိုးကျလူမှုဘဝနှင့် ခေတ်မီလူမှု စနစ်တို့ အချိုးကျကျရောပြွမ်းနေပြီး မြန်မာလူ့အဖွဲ့အစည်းသည် ပွင့်လင်း နွေးထွေးပြီး နိုင်ငံခြား ယဉ်ကျေးမှုများကိုလည်း လက်ခံနိုင်ကြပါသည်။
  • ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကောက်ခံခဲ့သည့် လူဦးရေသန်းကောင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် (၅၂.၄၅)သန်းဖြစ်ပြီး အသက်(၁၅)နှစ်မှ (၆၄)နှစ်အကြားရှိ အလုပ် လုပ်ကိုင်နိုင်သည့် လူဦးရေသည် စုစုပေါင်းလူဦးရေ၏ (၆၅.၆)ရာခိုင်နှုန်း ဖြစ်ပါသည်။
  • မြန်မာနိုင်ငံသည် စာတတ်မြောက်မှုနှုန်း (၉၃)ရာခိုင်နှုန်းရှိသဖြင့် ယေဘုယျ အားဖြင့် ပညာရေးကောင်းမွန်ပြီး အခြေခံအင်္ဂလိပ်ဘာသာကို ကျယ်ကျယ်ပြန့်ပြန့် တတ်မြောက် ကြပါသည်။ ပုဂ္ဂလိကကဏ္ဍတွင် အသက်မွေးဝမ်းကြောင်း သင်တန်း များ ဖွင့်လှစ် သင်ကြား ခြင်းဖြင့် ကျွမ်းကျင်မှုကွာဟချက်များကို အလွယ်တကူ လျော့ချနိုင်မည်ဖြစ်ပါသည်။
  • မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍကို အားဖြည့်နိုင်ရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် ယနေ့ခေတ် ပညာရေးအခြေအနေကို ပိုမိုနား လည်နိုင်ရန် နိုင်ငံတော်အစိုးရက ဦးဆောင်၍ ဘက်စုံပညာရေး ကဏ္ဍသုံးသပ်မှုများ ပြုလုပ်လျက်ရှိပြီး ပညာရေးကဏ္ဍ၏ မူဝါဒများနှင့် အစီအစဉ်များကို လမ်းညွှန်မည့် အမျိုးသားပညာရေး ကဏ္ဍ စီမံကိန်းကိုလည်း ရေးဆွဲလျက်ရှိပါသည်။

လွတ်လပ်ပြီး ပွင့်လင်းမြင်သာသော စီးပွားရေးအတွက် ပတ်၀န်းကျင်ကောင်းမှ အကျိုးကျေးဇူးများ

တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် စီးပွားရေးဝန်းကျင် ကောင်းများ ဖန်တီး ခြင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းနှင့် အကာအကွယ်ပေးခြင်းတို့သည် နိုင်ငံတော် အစိုးရ၏ အဓိက ဦးစားပေးလုပ်ငန်းများဖြစ်ပါသည်။

  • မြန်မာနိုင်ငံသည် နှစ်နိုင်ငံနှီးမြှုပ်နှံမှုသဘောတူညီချက်များနှင့် အခြားသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။  
  • မြန်မာနိုင်ငံသည် အိန္ဒိယ၊ လာအို၊ မလေးရှား၊ ကိုရီးယား၊ စင်္ကာပူ၊ ထိုင်း၊ အင်္ဂလန် နှင့် ဗီယက်နမ် နိုင်ငံတို့နှင့် အခွန်နှစ်ကြိမ်ပေးဆောင်ရမှုကို ရှောင်ရှားသည့် သဘောတူ စာချုပ် များကို  ချုပ်ဆိုခဲ့ပါသည်။
  • ရင်းနှီးမြှုပ်နှံမှုများကိုကူညီပံ့ပိုးပေးရန်နှင့် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမို လွယ်ကူ စေရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်နည်းဥပဒေ (၂၀၁၆)တို့ကို ပြဌာန်းခဲ့ပါသည်။
  • နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်တင်ရန်နှင့် ဖြစ်ပေါ်တိုးတက်မှုများ လျင်မြန်စွာ ဖြစ်ပေါ်လာစေရန် ဥပမာအားဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ခြင်းဖြင့်အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အမျိုးသားအဆင့် မူဘောင်ကို ရေးဆွဲခဲ့ပါသည်။ အစိုးရတင်ဒါများခေါ်ယူရာတွင် ပွင့်လင်းမြင်သာသော လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးခြင်းဖြင့် အစိုးရ၏ဝန်ဆောင်မှုလုပ်ငန်းများတွင် ကုန်ကျ စရိတ်များကို ထိထိရောက်ရောက် အသုံးပြုနိုင်ပြီး ခေတ်မီတိုးတက်စေပါသည်။
  • မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဏသည် တစ်ဦးတည်းချုပ်ကိုင်သောစနစ်မှ စျေးကွက် စီးပွားရေးစနစ်သို့ ပြောင်းလဲလာပြီး ပထမဆုံးသော တင်ဒါယှဉ်ပြိုင်မှုစနစ် ကျင့်သုံး ခဲ့ခြင်း သည် လွတ်လပ်ပွင့်လင်းသော စီးပွားရေးဝန်းကျင်တစ်ရပ် ဖန်တီးရေးအတွက် နိုင်ငံတော် အစိုးရက အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုကို ထင်ဟပ် လျက်ရှိပါသည်။

ပြည်နယ်/တိုင်းဒေသကြီးအလိုက် လူဦးရေပျံနှံ့နေထိုင်မှုဇယား

ပြည်နယ်/တိုင်း

ဒေသကြီး

စုစုပေါင်းလူဦးရေ

တစ်နိုင်ငံလုံးရှိလူဦးရေ၏

ပျမ်းမျှ ရာခိုင်နှုန်း

ရန်ကုန်တိုင်းဒေသကြီး

၇,၇၆၃,၆၈၇

၁၄.၇

ဧရာ၀တီတိုင်းဒေသကြီး

၆,၂၆၇,၄၁၈

၁၁.၈

မန္တလေးတိုင်းဒေသကြီး

၆,၃၃၁,၃၀၁

၁၂.၀

ရှမ်းပြည်နယ်

၆,၀၉၄,၃၂၁

၁၁.၅

စစ်ကိုင်းတိုင်းဒေသကြီး

၅,၄၅၁,၃၄၃

၁၀.၃

ပဲခူးတိုင်းဒေသကြီး

၄,၉၀၇,၈၂၄

၉.၃

မကွေးတိုင်းဒေသကြီး

၃,၉၄၃,၂၃၅

၇.၅

ရခိုင်ပြည်နယ်

၃,၂၈၃,၂၁၈

၆.၂

မွန်ပြည်နယ်

၂,၀၂၂,၇၅၅

၃.၈

ကချင်ပြည်နယ်

၁,၇၉၆,၁၂၂

၃.၄

ကရင်ပြည်နယ်

၁,၅၈၄,၄၉၈

၃.၀

တနင်္သာရီတိုင်းဒေသကြီး

၁,၄၄၇,၂၉၃

၂.၇

နေပြည်တော်

၁,၂၁၇,၃၂၅

၂.၃

ချင်းပြည်နယ်

၅၀၂,၇၀၅

၀.၉

ကယားပြည်နယ်

၃၀၃,၆၄၆

၀.၆

စုစုပေါင်း

၅၂,၉၁၆,၆၉၁

၁၀၀%

၂၀၁၆-၂၀၁၇ အလုပ်သမားဦးစီးဌာနမှ ကောက်နှုတ်တင်ပြပါသည်။