ရန်ကုန်သည် မြန်မာနိုင်ငံတောင်ပိုင်းဒေသ၏ ဗဟို အချက်အချာဒေသဖြစ်သည်။ ရန်ကုန်တိုင်း၏ မြို့တော်သည်လည်း ရန်ကုန်မြို့ဖြစ်ပြီး ယခင်က မြန်မာနိုင်ငံ၏ မြို့တော် လည်းဖြစ်ခဲ့သည်။ ယခုအခါတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွားရေးအချက်အချာကျ မြို့တစ်မြို့ လည်းဖြစ်သည်။ အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်အဆောက်အဦးများ အများဆုံးရှိရာမြို့ဖြစ်ပြီး ကိုလိုနီခေတ် လက်ရာများကို အကောင်းဆုံးထိန်းသိမ်းထားရာ မြို့လည်းဖြစ်သည်။ဆူးလေ ဘုရားဝန်းကျင်ရှိ ကိုလိုနီခေတ်လက်ရာများသည် နှစ်ပေါင်း(၂၀၀၀)ခန့် ရှိပြီး ယင်းပတ်ဝန်းကျင်သည် မြို့တော်၏ စီးပွားရေးအချက်အချာဒေသလည်းဖြစ်သည်။ ရန်ကုန်သည် စဉ်ဆက်မပြတ် ပြောင်းလဲ နေပြီး ခေတ် မီသော မြို့တစ်မြို့ဖြစ်သည့်အပြင် အရှေ့တောင်အာရှ၏ ဆွဲဆောင်မှု အကောင်းဆုံးမြို့များ ထဲတွင် လည်းပါဝင်သည်။ နိုင်ငံ၏ တန်ဖိုးထားမြတ်နိုးရာ အမျိုးသားအထိမ်းအမှတ် တစ်ခုဖြစ်သည့် ရွှေတိဂုံစေတီတော်သည်လည်း ရန်ကုန်မြို့တွင်တည်ရှိပါသည်။
ရန်ကုန်မြို့ကို မြန်မာမင်းဆက်တို့၏ ကုန်းဘောင်ခေတ်အတွင်း အလောင်းမင်းတရားကြီးမှ နာမည်မှည့်တွင် ခေါ်စေခဲ့ခြင်းဖြစ်သည်။ အလောင်းမင်းတရားကြီးသည် ၁၇၇၅ ခုနှစ်တွင် ဒဂုံရွာ လေးအား သိမ်းပိုက် အောင်မြင်ပြီးနောက် “ရန်အပေါင်းအောင်မြင်သောနေရာ” ဟု အဓိပ္ပာယ် ကောက်ယူ၍ ရန်ကုန်ဟု သတ်မှတ်ခဲ့သည်။ ရန်ကုန်မြို့ကို သွားလာရလွယ်ကူသော (၃) လမ်း သွား ပုံစံလမ်းများ၊ လှပသောပန်းခြံများနှင့် အေးချမ်းတိတ်ဆိတ်သောကန်များဖြင့် ဖွဲ့စည်းပြီး ပျား ပန်းခတ်မျှ သွားလာလျက်ရှိသော လမ်းမြောင်များ နှင့် စည်ကားသောဈေးများဖြင့် ဆက်သွယ်ထား သည်။ မကြာသေးမီကာလများအတွင်း ရန်ကုန်မြို့၏ မြို့ပြပုံစံသည် ခေတ်မီသော အဆောက်အဦး များဖြင့် အစားထိုးတည်ရှိလာခဲ့သော်လည်း ကိုလိုနီခေတ် အဆောက်အဦးများတည်ရှိနေခြင်းသည် ယခုတိုင် အဓိက ဆွဲဆောင်မှုတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။
မြန်မာ၊တရုတ်၊အိန္ဒိယလူမျိုးများနှင့် အင်ဂလိုမျိုးနွယ်စုများ အဓိက နေထိုင်ကြသည်၊ ဗမာစကား နှင့် အင်္ဂလိပ်စကားများကို အဓိက ပြောဆိုကြပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူဘာသာ တို့ကို ကိုးကွယ်ကြသည်။
ရန်ကုန်မြို့သည် မျှတသော ရာသီဥတုရှိသော မြို့ဖြစ်ပြီး တစ်နှစ်ပတ်လုံးပူနွေးသော ပတ်ဝန်းကျင်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့နှင့် ထိစပ် လျက်ရှိပြီး ၅၇၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းဖြစ်ပြီး လူဦးရေ ၅.၂၁ သန်း (၂၀၁၄) နေထိုင်လျက်ရှိသည်။
ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံသားများအထွတ်အမြတ်ထားရာ ဘုရားတစ်ဆူဖြစ်ပါသည်။ မြင့်မြတ်သောနဂါးဘုရား (သို့မဟုတ်) ရွှေဘုရားဟုလည်း ခေါ်တွင်ပါသည်။ ဉာဏ်တော်အမြင့် ၉၉.၃ မီတာ ရှိ၍ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ အနောက်ဘက်တွင်တည်ရှိပါသည်။ နေဝင်ဆည်းဆာ မတိုင်မီ သွားရောက်ဖူးမြော်သင့်၍ နေဝင်ချိန်အလှကို ခံစားနိုင်ပါသည်။
ဆူးလေစေတီတော်သည် ရန်ကုန်မြို့လည်တွင် တည်ရှိပြီး မြတ်စွာဘုရားရှင် လက်ထက်ကတည်းက တည်ထားကိုးကွယ်ခဲ့ပြီး သက်တမ်းမှာ နှစ်ပေါင်း ၂၆၀၀ ကျော်ရှိပြီးဟု ပညာရှင်များက ခန့်မှန်းပြောဆို ထားပါသည်။ ဆူးလေစေတီတော်မှာ ရန်ကုန်ရှေးဟောင်းအမွေအနှစ် စာရင်းထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။
ဗိုလ်တထောင်ဘုရားသည် ရန်ကုန်မြို့ထဲတွင်ရှိ၍ ရန်ကုန်မြစ်နှင့်နီးကပ်စွာတည်ရှိပါသည်။ ရွှေတိဂုံ စေတီတော်နှင့် သက်တမ်းတူတူလောက်ပင်ဖြစ်ပြီး နှစ်ပေါင်း ၂၅၀၀ ရှိပြီဖြစ်ပါသည်။ ဘုရားကိုယ်ထည်ထဲသို့ဝင်ရောက်နိုင်ပြီး ဂေါတမမြတ်စွာဘုရား၏ ဆံတော်အား ဖူးမြော်နိုင်ပါသည်။ ဒုတိယကမ္ဘာစစ်တွင် ဖျက်စီးခံခဲ့ရသဖြင့် ပြန်လည်မွမ်းမံတည်ဆောက်ထားခြင်း ဖြစ်ပါသည်။
ကန်တော်ကြီးဉယျာဉ်သည် ၂၆၀ဧက ကျယ်ဝန်းသော ထင်ရှားသည့် ရေကန်တစ်ခု၊ အပန်းဖြေစရာ နေရာတစ်နေရာဖြစ်ပါသည်။ တန်ခိုးကြီးမားလှသော ရွှေတိဂုံဘုရား၊ သစ်ခွပန်းဉယျာဉ်၊ ကလေးကစားကွင်း၊ တိရစ္ဆာန်ဉယျာဉ်၊ အမှတ်တရပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်များအပြင် ရိုးရာအကအလှများ ခံစား၍ ညစာစားသုံးအပန်းဖြေနိုင်သည့် တော်ဝင်နန်းတော်ကြီးသဖွယ် ခမ်းနားလှသည့် ကရဝိတ်နန်းတော် စားသောက်ဆိုင်၏ မြင်ကွင်းများကိုလည်း ကန်တော်ကြီးဉယျာဉ်မှ အံအားသင့်ဖွယ် မြင်တွေ့နိုင်ပါသည်။
ဗိုလ်ချုပ်ဈေးသည် ရန်ကုန်မြို့ရှိ လည်ပတ်သင့်သော ဈေးများအနက် အထင်ရှားဆုံးသော ဈေးတစ်ခုဖြစ်ပါသည်။ ခရီးသွားဧည့်သည်များသည် ဗိုလ်ချုပ်ဈေးသို့ လက်မှုပစ္စည်းဆိုင်များ၊ အမှတ်တရပစ္စည်းဆိုင်များ၊ အဝတ်အစားဆိုင်များ၊ ကျောက်မျက်ရတနာဆိုင်များ၊ ရှေးဟောင်း ပစ္စည်းဆိုင်များ၊ ပန်းချီပြခန်းငယ်များ နှင့် ၂၀၀၀ ထက်ပိုသော ဈေးဆိုင်များမှ မိသားစုအတွက် အကောင်းဆုံးလက်ဆောင်များ ရှာဖွေခြင်း၊ မြန်မာ့ရိုးရာအစားအသောက်များ၊ တရုတ်ရိုးရာ အစားသောက်များ စားသုံးခြင်း တို့ကို ပြုလုပ်ရန် လည်ပတ်သွားရောက်နိုင်ပါသည်။
ရန်ကုန်မြို့လယ်သည် အရှေ့တောင်အာရှ နိုင်ငံများတွင် ကိုလိုနီခေတ် အဆောက်အအုံ များ အများဆုံးရှိသောနေရာဟု သတ်မှတ်နိုင်ပါသည်။ ရန်ကုန်မြို့အမွေအနှစ်စာရင်းတွင် ဘာသာရေးနင့် ဆိုင်သော အဆောက်အအုံများ၊ ရှေးဟောင်းဘုရားများနှင့် ဗြိတိသျှကိုလိုနီခေတ် အဆောက် အအုံများအပါအဝင် ခမ်းနားကြီးကျယ်သော အဆောက်အအုံများ ၂၀၀နီးပါး ပါဝင်သည်။ အနီရောင်အုပ် နံရံများဖြင့်ခမ်းနားသော ဗဟိုတရားရုံးချုပ်၊ ထင်ရှားကျော်ကြားသော Strandဟိုတယ်၊ အောင်ပွဲဝင် ခမ်းနားလှပနေသော အတွင်းဝန်များရုံးနှင့် ရန်ကုန်မြို့တော် ခန်းမများသည် မဖြစ်မနေ သွားရောက် လည်ပတ်သင့်သော နေရာများဖြစ်သည်။
လှော်ကားအမျိုးသားဉယျာဉ်သည် ၁၅၄၀ဧကကျယ်ဝန်းသော သဘာဝကြိုး ဝိုင်းနယ် မြေဖြစ်ပြီး မြန်မာ့ရိုးရာအဆောက်အအုံပုံတူပြခန်းများ၊ ၆၂ဧကရှိသော တိရစ္ဆာန်ဉယျာန်နှင့် ကျောက်တုံးဉယျာဉ်နှင့် ရေကန်များတည်ရှိပြီး ရန်ကုန်မြို့မှ ၂၅ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ ၎င်းဉယျာဉ်ကို ၁၉၈၂ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သော ပညာပေးစင်တာ အဖြစ် ပထမဆုံးဖွင့်လှစ်ခဲ့ပါသည်။ ၎င်းဉယျာဉ်သည် နိုင်ငံခြားဧည့်သည်များအတွက် ကျော်ကြားသော နေ့ချင်းပြန်ခရီးစဉ်နေရာတစ်ခု ဖြစ်သည်။
တိုင်းရင်းသားကျေးရွာသည် သန်လျင်တံတားအနီးတွင်တည်ရှိသော စိမ်းလန်းစိုပြည် သောဉယျာဉ်တစ်ခုဖြစ်သည်။ ၎င်းတွင် အသေးစားပုံစံပြုလုပ်ထားသော နိုင်ငံတစ်ဝန်းရှိ အထင်ကရ နေရာများ၊ ကလေးကစားကွင်းတစ်ခု၊ ရေကန်တစ်ကန်၊ မိကျောင်းမွေးမြူရေးကန်နှင့် ငှက်များ ဘေးမဲ့တောတစ်ခုတို့ ရှိသည်။ ဤနေရာတွင် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးများနှင့် ပြည်နယ်များကို တွေ့မြင်ခံစားနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဒေသတစ်ခုချင်းစီကို ဤနေရာတွင် ဉယျာဉ်တစ်ခုစီနှင့် ယင်းဒေသ၏ အထင်ကရနေရာများကို ဤနေရာတွင် ပြသထားသည်။
သန်လျင်မြို့နယ်သည် မြန်မာနိုင်ငံ၏ အဓိကဆိပ်ကမ်းမြို့ဖြစ်ပြီး ပဲခူးမြစ်ကို ဖြတ်လျက် တည်ရှိသည်။ သန်လျင်မြို့တွင်ရှိသော အဓိကနိုင်ငံခြားသားများ ကိုဆွဲဆောင်သော နေရာမှာ ကျိုက်ခေါက်ဘုရားပင်ဖြစ်သည်။ ၎င်းဘုရားကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ခန့် ကတည်ထားခဲ့ပြီး စောင်းတန်းလေးသွယ် တည်ရှိကာ မွန်ဘုရားပုံနှင့်ဆင်တူသည်။ သန်လျင်တွင် ပြိုပျက်နေသော ၁၇၅၀တွင်တည်ဆောက်ထားသော ပေါ်တူဂီဘုရားကျောင်းတစ်ခုလည်း တည်ရှိသည်။
ခရီးသွားဧည့်သည်များသည် ရွှေဆံတော်ဘုရားဘေးမှ မြစ်တစ်လျှောက် (၂)နာရီ လှေစီး၍ သံတွဲမြို့သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတဆင့် ဧည့်သည်များသည် ရိုးရာအစဉ်အလာ ပန်းပုပညာသည်များ ပန်းပုလုပ်ကိုင်နေပုံများကို လေ့လာရန် ဆိုက်ကား ၊ မြင်း၊ သို့မဟုတ် လှည်းတို့ဖြင့် မြေအိုးလုပ်ငန်းနေရာသို့ လည်ပတ်နိုင်ပါသည်။ ဧရာဝတီမြစ်နှင့် ရန်ကုန်မြစ်ကြား၌ ရှိသော သံတွဲတူးမြောင်းသည် မြန်မာနိုင်ငံရှိ ဖန်တီးပြုလုပ်ထားသော တူးမြောင်းများအနက်မှ အရှည်ဆုံး တူးမြောင်းတစ်ခု ဖြစ်ပါသည်။
ထောက်ကြန့်စစ်သင်္ချိုင်းသည် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော ဗြိတိသျှအသိုင်းအဝိုင်းမှ စစ်သားများအတွက် သင်္ချိုင်းနေရာတစ်ခု ဖြစ်ပါသည်။ ဤသချိုင်းသည် ရန်ကုန်မြို့မှ မြောက်ဘက် ၂၅ ကီလိုမီတာခန့် ကွာဝေးသော ပြည်လမ်းပေါ်ရှိ ထောက်ကြန့်ကျေးရွာတွင် တည်ရှိပါသည်။ ထောက်ကြန့်စစ်သချိုင်းကို ဗြိတိသျှ ဓနသဟာယ စစ်သင်္ချိုင်းအဖွဲ့မှ ပြုပြင်ထိန်းသိမ်းပါသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရှစ်ရက်ကြာကျင်းပသော မယ်လမုဘုရားပွဲသည် ရန်ကုန်တိုင်း ဒေသကြီးတွင် အကျော်ကြားဆုံးဘုရားပွဲဖြစ်သည်။ အဆိုပါအခန်းအနားတွင် တရားဓမ္မများကို ဘုန်းတော်ကြီးများက ၂၄နာရီပတ်လုံးရွတ်ဖတ်ပူဇော်မှုများ၊ လှူဖွယ် ပစ္စည်းများဆပ်ကပ်လှူဒါန်းခြင်း၊ ပွဲတော်ကျင်းပခြင်းနှင့် ညနေပိုင်းဇာတ်သဘင်များ၊ စတိတ်ရှိုး ပွဲများ၊ ပြဇာတ်များပါဝင်သည်။
တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ ညလုံးပေါက်ကျင်းပါသော ဤပွဲတော်တွင် ရက်ကန်းသည် များက ညလုံးပေါက်သင်္ကန်းရက်လုပ်ကာ အာရုဏ်တက်ချိန်တွင် မြတ်စွာဘုရားထံ လှူဒါန်းပါသည်။ ဤပွဲတော်သည် ရွှေတိဂုံဘုရားတွင် ကျင်းပသော အဓိကပွဲတော်တစ်ခုဖြစ်ပါသည်။ ဤဓလေ့ အစဉ်အလာကို သက်ဉီးဆံပိုင်ဘုရင်စနစ်ခေတ်က နန်းတော်အတွင်း၌လည်းကောင်း၊ ကျေးရွာများ၌ လည်းကောင်း ကျင့်သုံးခဲ့ကြပါသည်။
၎င်းပွဲတော်သည် ဟိန္ဒူလူမျိုးများ၏ အဓိကဘာသာရေးပွဲတော် တစ်ခုဖြစ်ပြီး ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ပီလခတ်ကျေးရွာရှိ စရီအန်ဂါလဲ အီစ်စရီ စရီမဟာမူနီ(စ်) ဝရရ် ဟိန္ဒူဘုရား ကျောင်းအတွင်း ကျင်းပလေ့ရှိသည်။ ထိုပွဲတော်၏ ယုံကြည်ချက်အရ ပွဲတော်အတွင်း ပါဝင်ကြသူ များသည် ပူပြင်းသော မီးခဲများပေါ်မှ ခြေဗလာဖြင့် နင်းလျှောက်၍ ဆိတ်နို့များဖြည့်ထားသော လက်တူးမြေတွင်းထဲသို့ ခြေချပြီး ၎င်းတို့၏ ခြေထောက်များကို ဆနွင်းဝါများဖြင့် သုတ်လိမ်းလေ့ရှိ ကြသည်။