ဇလုံတောင်
ဇလုံတောင်ဒေသ လူထုအခြေပြုခရီးသွားလုပ်ငန်းအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ ခရိုင်၊ ဗန်းမောက်မြို့မှ ဇလုံတောင်သို့ သွားရာလမ်းမဘေး (၅) မိုင် (၅) ဖာလုံရှိ ပဲမနေရွာဟောင်းအနီး နိုင်ငံတော်ပိုင် စီမံကိန်းနယ်မြေတွင် (၈)ဧကအား ခရိုင်မှူး၊ မြို့နယ်မှူးတို့၏ သတ်မှတ်ခွင့်ပြု ပေးထားသော နေရာတွင် တည် ထောင်ထားပါသည်။ ဇလုံတောင်ဒေသ ဖွံ့ဖြိုးရေး ခရီးသွားလုပ်ငန်း စတင်ရန်အတွက် တစ်ရွာလျှင် သိန်းနှစ်ဆယ်၊ ရွာသုံးရွာ သိန်းခြောက်ဆယ်နှင့် ရွာသုံးရွာမှ အလှည့်ကျ လုပ်အားပေးစနစ်ဖြင့် လုပ်ဆောင်ရန်သဘောတူခဲ့ပါသည်။ (၁.၁၀.၂၀၁၆) မှစတင်၍ မြေနေရာများ ရှင်းလင်းခြင်း၊ အဆောက်အဦးများ ဆောက်ရန်အတွက် လိုအပ်သော ဝါးများခုတ်ယူခြင်း၊ ကနေဦး မတည်ငွေစတင်ထည့်ဝင်ခဲ့ပါသည်။ C.B.T လုပ်ငန်းစဉ်ဖော်ဆောင် တည်ဆောက်ရာတွင် ရွာ(၃) ရွာမှ ရွေးချယ်ပေးထားသော ဒေသခံများဖြင့် ကော်မတီဖွဲ့စည်းထားပြီး တာဝန်ခံ မှုစနစ်များ၊ ဘဏ္ဍာရေးနှင့် ဝင်ငွေ/ထွက်ငွေ အသုံးစာရင်း စနစ်၊ C.B.T ပိုင်ပစ္စည်းများနှင့် လက်ရှိအဆောက် အဦးများ၏ တန်ဖိုးများကို တွက်ချက်၍ စာရင်းပြုစုခြင်း စသော စနစ်များနှင့် C.B.T ၏မူဝါဒဖြစ်သော ကျေး လက်လူနေမှု ဘဝမြင့်မားရေး၊ သဘာဝရေမြေတောတောင်များကို ချစ်မြတ်နိုးစိတ် မြင့်မားစေပြီး ထိန်းသိမ်း ကာကွယ်စောင့်ရှောက်လာစေရေး၊ ရိုးရာအစဉ်အလာနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ကို တန်ဖိုးထား၍ ပြန်လည်ဖော်ထုတ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်စေရေး၊ မိသားစုဝင်ငွေမြင့်မားလာစေရေး နှင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက် လာစေရေးစသည့် ဒေသတွင်းဖွံ့ဖြိုးရေးများကို ရည်ရွယ်၍ ဖွဲ့ စည်းထားပါသည်။ C.B.T (ဇလုံတောင်) လုပ်ငန်းစဉ်များကို အောင်မြင်စွာ ဖော်ဆောင်ရာတွင် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးရှိ ဌာနဆိုင်ရာများ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့နှင့် ဆွေးနွေးညှိနှိုင်း ၍ ရိုးရာဓလေ့ထုံးတမ်း ယဉ်ကျေးမှုများ ဒေသတွင်းအခြေအနေများနှင့် သင့်လျော်သော လုပ်ငန်း စဉ်များချမှတ်၍ ဆောင်ရွက်ခဲ့ပါသည်။ ရွာ(၃)ရွာမှ မတည်ရန်ပုံငွေ ကျပ်(၆၀)သိန်း ဖြစ်ပြီး လုပ်ငန်း လိုအပ်ချက်အရ လုံလောက်မှုမရှိပါသဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုး၏ အာမခံ ချက်ဖြင့်ပြင်ပမှ ကျပ်(၁၅) သိန်း၊ မြို့နယ်ထွေ/အုပ် ရန်ပုံငွေမှ ကျပ်သိန်း(၃၀) တို့ကိုသင့်တင့် သော အတိုးနှုန်းထားဖြင့် ချေးယူထည့်ဝင်ထားသဖြင့် စီမံကိန်းသုံးစွဲငွေမှာ စုစုပေါင်းကျပ်(၁၀၆) သိန်းဖြင့် အကောင် အထည်ဖော် ခဲ့ပါသည်။ ရွာ(၃)ရွာမှ လုပ်အားများနှင့် ကုန်ကြမ်းပစ္စည်းများ အားလုံးကို ကာလတန်ကြေးဖြင့်တွက်ကြည့်လျှင် ကျပ်သိန်း (၃၀၀)ဝန်းကျင်ခန့် ရှိပါသည်။ ဤဒေသရှိရွာများ သည် မိရိုးဖလာလယ်စိုက်ခြင်း၊ ပဲစိုက်ခြင်း၊ တောလိုက်ခြင်းများကိုသာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာ ခဲ့ပြီးC.B.T စီမံကိန်းမှ အလုပ်အကိုင်သစ်များရခြင်း၊ အသိပညာဗဟုသုတများရခြင်း၊ မိသားစုဝင် ငွေများ တိုးလာခြင်း ဤတော၊ ဤတောင်ကြီး တည်တံ့စေရန် ထိန်းသိမ်းလိုစိတ်များရှိလာခြင်း၊ မိမိတို့ ရိုးရာ ယဉ်ကျေးမှုများကို ဂရုတစိုက်ထိန်းသိမ်းလာခြင်းစသော အကျိုးကျေးဇူးတရားများစွာ ပေါ်ထွန်း လာလိမ့်မည် ဖြစ်ပါသည်။
CBT Site တွင်လုပ်ဆောင်နိုင်သော activity များ
ဇလုံတောင်
ဇလုံတောင် ဒေသလူထုအခြေပြု ခရီးသွားလုပ်ငန်းသည် စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင်၊ဗန်းမောက်မြို့နှင့် (၅ မိုင် ၅ ဖာလုံ)အကွာပန်းမမှီတောင်ကျချောင်းနံဘေးတွင် တည်ရှိပါသည်။ ဇလုံတောင် လူထုအခြေပြု ခရီးသွားလုပ်ငန်းအား ဇလုံတောင်အနီးတွင် ရှိသော ခမိုး၊ ညောင်သာ ယာ၊ ခိုပြင် စသည့် ကျေးရွာ (၃) ရွာဖြင့် ဖွဲ့စည်းထားပါသည်။ ကျေးရွာ (၃) ရွာတွင် ကဒူးတိုင်းရင်း သားလူမျိုးများ နေထိုင်ကြပြီး ဒေသထွက် အစားအစာများဖြစ်သည်ံ ကောက်ညှင်းဖြင့် ပြုလုပ်ထား သော ပေါင်းတင်းများဖုတ်ခြင်း၊ ခေါပုတ်ထောင်းခြင်းများ ကိုခရီးသွားဧည့်သည်များ ကိုယ်တိုင်ဝင် ရောက် လုပ်ကိုင်ခြင်း၊ ရိုးရာလုပ်ငန်းဖြစ် သော ဝါးအသုံးအဆောင် လက်မှု့ပစ္စည်း ပြုလုပ်ခြင်းကို ဒေသခံများနှင့်အတူ ပြုလုပ်ကြည့်ခြင်းများ၊ ပဲစိုက်ခင်း၊ နှမ်းစိုက်ခင်း စသည့် စိုက်ပျိုးရေး လုပ်ငန်း များကိုလည်း ဒေသခံများနှင့်အတူ ဝင်ရောက်စိုက်ပျိုး ကြည့်ခြင်းများ ပြုလုပ်ကြပါသည်။ ကဒူးတိုင်းရင်းသားရိုးရာ အဝတ်အစားများ ရောင်းချသည့်ဆိုင်များတွင် လည်း ခရီးသွားဧည့်သည် များမှဝယ်ယူခြင်း၊ ဝတ်ဆင်ကြည့်ခြင်းများ ရှိပါသည်။ ဇလုံတောင်ပေါ်သို့ ကားဖြင့် တက်ရောက် ခြင်းနှင့် ခြေလျှင်တက်ခြင်းလည်း ရှိပါသည်။ ကဒူးတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု့ အကအဖွဲ့များ ရှိပြီး ခရီးသွားဧည့်သည်များမှ ဝင်ရောက်ကခုန်ခြင်း များရှိပါသည်။ ကျေးရွာ (၃) ရွာတွင် ရှိသော ကဒူးတိုင်းရင်းသား လူမျိုးတို့၏ လူနေမှု့ ဓလေ့ထုံးစံများကို လေ့လာရခြင်း၊ ဇလုံတောင် အနီးပတ် ဝန်းကျင်ရှိ တော၊ တောင်၊ ရေတံခွန်များကို လှည့်လည်ကြည့်ရှုရခြင်းဖြင့် စိတ်ဝင်စားစရာ ပျော်ရွှင် စရာ ဖြစ်သော ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်ပါသည်။
CBT Site အနီးတဝိုက်ရှိ လည်ပတ်စရာနေရာများ
ဇလုံတောင်
ဇလုံတောင် ဒေသလူထုအခြေပြု ခရီးသွားလုပ်ငန်းအား ဗန်းမောက်မြို့နယ် ဇလုံတောင် အနီးတွင် ရှိသော ခမိုး၊ ညောင်သာယာ၊ ခိုပြင် စသည့်ကျေးရွာ (၃) ရွာဖြင့် ဖွဲ့စည်းထားပါသည်။ ဇလုံတောင် (CBT) စခန်းအနီးရှိ ကျေးရွာ (၃) ရွာတွင် နေထိုင်ကြသော ကဒူးလူမျိုးများ၏ ဓလေ့ထုံးစံများကို လေ့လာရန်ရခြင်း၊ ရိုးရာလုပ်ငန်းဖြစ်သော ဝါးအသုံးအဆောင် လက်မှု့ ပစ္စည်းများ ရောင်းသည့် အရောင်းဆိုင်များ၊ ကဒူးရိုးရာ အဝတ်အစားများ၊ ကဒူးလူမျိုးတို့၏ တိုင်းရင်းသာ ရိုးရာအက များဖြင့် ကပြဖျော်ဖြေမှု့များ၊ ကဒူးအစားအစာများကို လေ့လာခြင်း စသည့်များကို လည်ပတ်ကြည့် ရှုနိုင်ပါသည်။ ဗန်းမောက်မြို့နှင့် (၃) မိုင်အကွာတွင် နေထိုင်သော စက်တောကျေးရွာရှိ ကဒူး တိုင်းရင်းသား လူမျိုးများ နေထိုင်ကြပြီး သူတို့၏ လူနေမှု့ ဓလေ့စရိုက်များကိုလည်း လေ့လာ ကြည့်ရှုနိုင်ပါသည်။ ဇလုံတောင်ပေါ် သွားရာလမ်းတစ်လျှောက်တွင် အမြီးမပါ လက်တံရှည်မျောက် များကို လမ်းလျှောက်၍ တက်လျှင်တွေ့မြင်နိုင်ပြီး ကားဖြင့်သွားလျှင် မျောက်များ၏ အော်သံကို ကြားနိုင်ပါသည်။ ထိုမှတဖန် ဇလုံတောင်မှ အင်းတော်ကြီးသို့လည်း သွားရောက်လေ့လာ လည်ပတ် နိုင်ပါသည်။ ထင်ရှားကျော်ကြားသည့် ဇလုံတောင် ဒေသသို့ ပြည်တွင်း ဘုရားဖူး ခရီးသွားဧည့်သည် များမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလျှက် ရှိပါသည်။
CBT Site သို့ သွားရောက်လည်ပတ်နိုင်သည့်လမ်းကြောင်းများ
ဇလုံတောင်
ဇလုံတောင် လူထုအခြေပြု ခရီးသွားလုပ်ငန်း ရှိရာသို့ ကသာခရိုင်၊ ဗန်းမောက်မြို့မှ မော်တော်ယာဉ်၊ ဆိုင်ကယ်ဖြင့် လာရောက်ပါက မိနစ် (၃၀) ခန့်ကြာမြင့်ပါမည်။ ရွှေဘို၊ မြစ်ကြီးနား လမ်းပေါ်ရှိ အင်းတော်မြို့ မှ လာရောက်ပါက (၃၃) မိုင်ခန့် ကွာဝေးပြီး (၂) နာရီခန့် ကြာမြင့်ပါမည်။ဇလုံတောင် လူထုအခြေပြု ခရီးသွားလုပ်ငန်းမှ (၉) မိုင်ခန့်ကွာဝေးသော ဇလုံတောင်၊ ကြောင်မန်းတောင်များသို့ သွားရောက်နိုင်ပြီး ကဒူးလူမျိုးများ နေထိုင်သည့် ခမိုး၊ ညောင်သာယာ၊ ခိုပြင် ကျေးရွာများသို့ သွားရောက်၍ ကဒူးလူမျိုးများ ၏ဓလေ့ ထုံးစံများ၊ ကဒူးလူမျိုးများ ၏ လက်မှု့ရိုးရာ ဝါးအသုံး အဆောင်ပစ္စည်းများကို လေ့လာနိုင်ပါသည်။ မတ္တရာ-သပိတ်ကျင်း မှအင်းတော် ဗန်းမောက်ထိ လာနိုင်သလို မန္တလေး-ရွှေဘို-ထီးချိုင့်-ဗန်းမောက်သို့ မော်တော်ကားဖြင့် သွားနိုင်ပြီး ထိုမှ တစ်ဆင့် အင်းတော်လေးအိုင်၊ မန်လည်ဆရာတော် ဘုရားကြီး၏ ရုပ်ကလပ် တော်ကိုလည်း ဖူးမျှော်နိုင် ပါသည်။ ကသာ ခရိုင်ရှိ အင်းတော်သို့ ရောက်ရှိပြီး အင်းတော်တွင် ဂျပန်ခေတ် မြေအောက် ဆေးရုံကိုလည်း သွားရောက်လေ့လာ နိုင်ပါသည်။ ၎င်းမှတစ်ဆင့် နဘားရှိ ဘူတာရုံတွင် အင်္ဂလိပ်ခေတ် မှ ကျန်ရှိခဲ့သော ရှေးဟောင်း ဘူတာရုံ၏ အငွေ့အသက် များကို လည်း ကြည့်ရှုခံစား နိုင်ပါသည်။
CBT Site သို့ သွားရောက်လည်ပတ်သင့်သောအချိန်
ဇလုံတောင်
ဇလုံတောင် ဒေသသို့ ဆောင်းရာသီဝင်စ နိုဝင်ဘာလမှ စ၍ ဇွန်လကုန်ထိ ဘုရားဖူး ခရီးသွားဧည့်သည် များ အသွားအလာ မပြတ်ရှိ နေပါသည်။ နွေရာသီ မတ်လပိုင်း ကုန်လောက်မှ စ၍ အားလပ်ရက် ဖြစ်သော ဧပြီလ (မြန်မာ့ ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလ) နှင့် ဆောင်းရာသီ ဒီဇင်ဘာလ ကျောင်းပိတ်ရက်များတွင် ဌာနဆိုင်ရာ ဝန်ထမ်းများး၊ ကျောင်းသူ/ သားများ၊ အများပြည်သူများ အများဆုံးလာရောက် ကြပါသည်။ မိုးတွင်းကာလ (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ) လများတွင် မိုးရွာသွန်းမှု့ကြောင့် လမ်းများမှာ ခရီးသွားလာရာ တွင် အခက်အခဲ ဖြစ်သည့်အတွက် ခရီးသွား ဧည့်သည်လာရောက်မှု့ မရှိသလောက် ဖြစ်ပါသည်။ ဘုရားဖူး ဧည့်သည်များသည် ဇလုံတောင်ပေါ်သို့ နွေရာသီတွင် နံနက် စောစော (၆) နာရီမှ ညပိုင်း (၇) နာရီ အချိန်ထိ လာရောက်ကြပြီး ဆောင်းတွင်းပိုင်း မှာ နံနက် (၉) နာရီ မှ စ၍ ညနေ (၆) နာရီထိ လာရောက် ဖူးမျှော်ကြပါသည်။ ညနေ (၆) နာရီ နောက်ပိုင်း ရာသီ ဉတု အေးလာသည့် အတွက် လာရောက်သူ နည်းသွားပါသည်။ ရွှေရောင်ထွန်းပြောင်သော ဇလုံတောင် ဒေသသို့ ပွင့်လင်းရာသီတွင် ပြည်တွင်း ဘုရားဖူး ခရီးသွားဧည့်သည်များ လာရောက်ပြီး နောင်တွင် ဒုတိယ ကျိုက်ထီးရိုး သဖွယ် ဖြစ်လာနိုင်ချေ ရှိသည်ဟု မျှော်လင့် ရပါသည်။
ဇလုံတောင်