Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

MOHT COVID-19 Resilience Package (1) Tourism Capacity Building for Tourism Related Grassroots Personnel ခရီးသွားလုပ်ငန်းဝန်ဆောင်မှု (အခြေခံ) သင်တန်းများဖွင့်လှစ်ရန် ကြေငြာခြင်း

ဟိုတယ်နှင့်ခရီးသွားကဏ္ဍလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် Coronavirus Disease 2019 – COVID-19 ကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းလျှက်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု (အခြေခံ) သင်တန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး၌ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု (အခြေခံ) သင်တန်းများတွင် Communication and Introduction of Foreign Language Module, Service Attitude Module, Health and Hygiene Module, Safety and Security Module များ သင်ကြားပေးမည် ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ခရီးစဉ်ဒေသများတွင် ပါဝင်လုပ်ကိုင်နေကြသော အခြေခံလူတန်းစားများဖြစ်သည့် အနှေးယာဉ် ဆိုက်ကားဆရာများ၊ မြင်းလှည်းဆရာများ၊ အငှားယာဉ်မောင်းသူများ၊ စက်လှေမောင်းသူများ၊ ခေါင်းရွက်ဗျတ်ထိုးဈေးသည်များ၊ လက်မှုပညာသည်များ တက်ရောက်နိုင် ပါသည်။ သင်တန်းကာလမှာ ရက်သတ္တပတ် ၁ ပတ်လျှင် စနေ၊ တနင်္ဂနွေ ၂ ရက်နှုန်းဖြင့် ၄ ပတ်၊ ၈ ရက်ကြာ သင်ကြားမည်ဖြစ်ပြီး၊ သင်တန်းများကို COVID-19 Lockdown အလွန်ကာလ(ခန့်မှန်း ဇွန်လဆန်း) တွင် စတင်ဖွင့်လှစ်သွားရန် လျာထားပါသည် သင်တန်းကြေး သုံးသောင်းကျပ်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန COVID-19 Stimulus Package မှ ကျခံပေးမည့်အပြင် သင်တန်းတက်ရောက်မည့် သင်တန်းသားများအား သင်တန်းကာလအတွင်းတစ်ရက်လျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ အပတ်စဉ်တစ်ခုတွင် သင်တန်းသား ၂၀ ဉီးဖြင့် မန္တလေးတိုင်းဒေသကြီး မန္တလေးနှင့် ပုဂံ တို့တွင် စတင်ဖွင့်လှစ်ပြီး သင်တန်းတက်ရောက်လိုသူ အရေအတွက်ပေါ် မူတည်၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးချဲ့ဖွင့်လှစ်သွားပါမည်။ သင်တန်းသားရွေးချယ်မှုကို သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး အဖွဲ့အစည်းများမှ သက်ဆိုင်ရာလုပ်ငန်း အသင်းအဖွဲ့များနှင့် ပူးပေါင်းရွေးချယ်သွားမည်ဖြစ်ရာ သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့လုပ်ကိုင်ရာဒေသအလိုက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ရုံးခွဲများ၊ ခရီးစဉ်စီမံခန့်ခွဲရေးအဖွဲ့များနှင့် ဧည့်လမ်းညွှန်အသင်းများထံလိပ်မူ၍ လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။ Online မှ လျှောက်ထားရန် ခရီးသွားလုပ်ငန်းဝန်ဆောင်မှု (အခြေခံ) သင်တန်းများအတွက် လျှောက်လွှာကို ဤနေရာတွင်  (သို့မဟုတ်) အောက်ပါ QR Code Scan ဖြင့် Download ရယူဖြည့်စွက်ပြီးလျှင် covid.rp1@gmail.com သို့ပေးပို့ပါရန်။    
About the author

Leave a Reply