ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် Coronavirus Disease 2019 – COVID-19 ကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းလျှက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု (မွမ်းမံ) သင်တန်းများကို ဟိုတယ်ဇုံ အသီးသီး၌ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။
ဖွင့်လှစ်မည့်သင်တန်းအမျိုးအစားများမှာ Front Office Operation, Housekeeping, Food & Beverage Services, and Hotel Reservation သင်တန်းများ ဖြစ်ပါသည်။ သင်တန်းကာလမှာ ရက်သတ္တပတ် ၁ ပတ်လျှင် တနင်္လာမှ သောကြာအထိ (၃) ပတ်ကြာ (၁၅) ရက်သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းများကို COVID-19 Lockdown အလွန်ကာလ (ခန့်မှန်း ဇွန်လဆန်း) တွင် စတင်ဖွင့်လှစ် ရန်လျာထားပါသည်။
လက်ရှိဟိုတယ်တွင်တာဝန်ထမ်းဆောင်နေသော ဟိုတယ်ဝန်ထမ်းများ၊ ယခင်က ဟိုတယ်များတွင်လုပ်ကိုင်ခဲ့သောအထောက်အထားရှိပြီး လက်ရှိ တွင် အလုပ်အကိုင် လက်လွတ် ဆုံးရှုံးထားသော ဟိုတယ်ဝန်ထမ်းများ တက်ရောက်နိုင်ပါသည်။
သင်တန်းကြေး ခြောက်သောင်းကျပ်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန COVID-19 Stimulus Package မှ ကျခံပေးမည့်အပြင် သင်တန်းတက်ရောက်မည့်သင်တန်းသားများအား သင်တန်းကာလအတွင်း တစ်ရက်လျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးမည် ဖြစ်ပါသည်။
အပတ်စဉ်တစ်ခုတွင် သင်တန်းတစ်ခုလျှင် (၁၀)ဦးနှုန်း သင်တန်းသား ၄၀ ဉီးဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်စတင်ဖွင့်လှစ်ပြီး သင်တန်း တက်ရောက်လိုသူ အရေအတွက်ပေါ် မူတည်၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးချဲ့ဖွင့်လှစ်သွားပါမည်။
သင်တန်းသားရွေးချယ်မှုကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့အစည်းများ သက်ဆိုင်ရာဇုံအလိုက် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် များအသင်းနှင့်ပူးပေါင်းရွေးချယ်သွားမည်ဖြစ်ရာ သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) တို့တွင် မိမိတို့လုပ်ကိုင်ရာ ဇုံ အလိုက် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းထံ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။
Online မှ လျှောက်ထားရန်
ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းများ(မွမ်းမံ)အတွက် လျှောက်လွှာကို ဤနေရာတွင်
(သို့မဟုတ်) အောက်ပါ QR Code Scan ဖြင့် Download ရယူဖြည့်စွက်ပြီးလျှင် covid.rp2@gmail.com သို့ပေးပို့ပါရန်။