MOHT COVID-19 Resilience Package (3)

ASEAN Standard Tour Guide Upgrading for National Guides
ဧည့်လမ်းညွှန်မွမ်းမံသင်တန်း( ASEAN Level 3)သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်းကြေငြာခြင်း
*******************************************************
  •  ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် Coronavirus Disease 2019 – COVID-19 ကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းလျှက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ASEAN Level 3 အဆင့်ရှိ ဧည့်လမ်းညွှန်(မွမ်းမံ) သင်တန်းများကို ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (မန္တလေးရုံးခွဲ) အသီးသီး၌ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။
  • အာဆီယံအဆင့် ဧည့်လမ်းညွှန်မွမ်းမံသင်တန်းတွင် ASEAN Certificate IV in Tour Operation(Guiding) မှ Core & Generic Competency Unit ၁၈ ခု နှင့် Functional Competency Unit ၁၈ ခု အပေါ်အခြေခံ၍ သင်ကြားပေးမည်ဖြစ်ပါသည်။
  • ဧည့်လမ်းညွှန်အဖြစ်လက်ရှိလုပ်ကိုင်နေပြီး၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်သက်တမ်း အနည်းဆုံး(၂)နှစ်ပြည့်ပြီးသောဧည့်လမ်းညွှန် (National Guide) များ တက်ရောက်နိုင်ပါသည်။
  • သင်တန်းကာလမှာ ရက်သတ္တပတ် ၁ ပတ်လျှင် တနင်္လာမှ သောကြာအထိ (၈) ပတ်ကြာ (၂လ) သင်ကြားပေးမည် ဖြစ်ပြီးသင်တန်းများကို COVID 19 Lockdown အလွန်ကာလတွင် စတင်ဖွင့်လှစ် ရန်လျာထားပါသည်။
  • သင်တန်းကြေး ကျပ်တစ်သိန်းငါးသောင်းကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန COVID 19 Stimulus Package မှ ကျခံပေးမည် ဖြစ်ပါသည်။
  • အပတ်စဉ်တစ်ခုလျှင် သင်တန်းသား (၂၀) ဦးဖြင့် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) တို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
  • သင်တန်းသားရွေးချယ်မှုကို သက်ဆိုင်ရာဧည့်လမ်းညွှန်အသင်းများ၏ ထောက်ခံချက်ဖြင့် လျှောက်ထားလာသူများအနက်မှ ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန နှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)တို့မှ ရွေးချယ်သွားမည်ဖြစ်ရာ သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့တက်ရောက်လိုသော သင်တန်းဌာနသို့ လိပ်မူ၍ လျှောက်ထားနိုင်ပါကြောင်း အသိပေး အပ်ပါသည်။
  • Online မှ လျှောက်ထားရန် : လျှောက်လွှာများကို https://bit.ly/3efA1Pu မှ Download ရယူဖြည့်စွက်ပြီးလျှင် [email protected] သို့ပေးပို့ပါရန်။
About the author

Leave a Reply