Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

MOHT COVID-19 Resilience Package (4)

National Guides Program for UFL Graduates and Graduates with Recognized Language Proficiency Certificates
ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း (National Guide)သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်းကြေငြာခြင်း
**************************************************
  • ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် Coronavirus Disease 2019 – COVID-19 ကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းလျှက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းကို ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
  • ဧည့်လမ်းညွှန်(အခြေခံ) သင်တန်းတွင် National Skill Standard Authority (NSSA) မှ အတည်ပြုထုတ်ပြန်ထားသော Tour Guide – Level 3, National Tour Guide မှ Basic Competency Unit ၂ ခု၊ Industrial Competency Unit ၇ ခု နှင့် Technical Competency Unit ၅ ခု အပေါ် အခြေခံ၍ သင်ကြားပေးမည်ဖြစ်ပါသည်။
  • ဧည့်လမ်းညွှန်(အခြေခံ) သင်တန်းသို့ နိုင်ငံခြားဘာသာတက္ကသိုလ်များမှ သက်ဆိုင်ရာ ဘာသာစကား အထူးပြု ဘွဲ့ရရှိသူများ (သို့မဟုတ်) ဘွဲ့တစ်ခုခု ရရှိပြီး သက်ဆိုင်ရာ ဘာသာစကား တတ်ကျွမ်းမှုအသိအမှတ်ပြုလက်မှတ်(Advance) ရရှိထားသူများ တက်ရောက်နိုင်မည်ဖြစ်ပါသည်။
  • သင်တန်းကာလမှာ (၃)လ သင်တန်းဖြစ်ပြီး သင်တန်းများကို COVID-19 Lockdown အလွန်ကာလ(ခန့်မှန်း ဇွန်လလယ်)တွင် စတင်ဖွင့်လှစ်ရန် လျာထားပါသည်။
  • သင်တန်းကြေးမှာ ကျပ် တစ်သိန်းငါးသောင်း ဖြစ်ပါသည်။
  • အပတ်စဉ်တစ်ခုလျှင် သင်တန်းသား (၂၀) ဦး ဖြင့် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။
  • သင်တန်းပြီးဆုံးပါက ဧည့်လမ်းညွှန်(National Guide) လိုင်စင်ဝင်ခွင့်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုပြီး အောင်မြင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင် (National Tour Guide License) ကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
  • သင်တန်းသားရွေးချယ်မှုကို ဝန်ကြီးဌာနမှကြီးကြပ်ပြီး ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် ရွေးချယ်သွားမည်ဖြစ်ရာ သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနသို့ လိပ်မူ၍ လျှောက်ထားနိုင်ပါကြောင်း အသိပေး အပ်ပါသည်။
  • Online မှ လျှောက်ထားရန် : လျှောက်လွှာများကို https://bit.ly/3gmRUhi မှ Download ရယူဖြည့်စွက်ပြီးလျှင် moht.covid.rp4@gmail.com သို့ပေးပို့ပါရန်။
About the author

Leave a Reply