Ecotourism Tour Guide Online Training
သဘာဝအခြေခံခရီးသွားဧည့်လမ်းညွှန်သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေငြာခြင်း
*****************************************************************
- ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် Coronavirus Disease2019 – COVID 19 ကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းလျှက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ သဘာဝအခြေခံခရီးသွား ဧည့်လမ်းညွှန် သင်တန်းများကို Australia ACS Distance Education နှင့်ချိတ်ဆက်ကာ Online မှတဆင့် သင်တန်းတက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။
- သဘာဝအခြေခံခရီးသွား ဧည့်လမ်းညွှန်သင်တန်းတွင် Ecotourism Basics, Interpretive Services in Ecotourism, Ecology and Conservation , Plant and Animal Classification and Identification, Geology/ Geomorphology, Interpreting Aquatic Environments, Interpreting Land Environments, Planning an Ecotour, Ecotour Displays, Leading an Ecotour စသော ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပါသည်။
- ဧည့်လမ်းညွှန်အဖြစ်လက်ရှိလုပ်ကိုင်နေပြီး၊ လွန်ခဲ့သည့် (၅)နှစ်ဆက်တိုက် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်သက်တမ်းရှိသော ဧည့်လမ်းညွှန် (National Guide) များနှင့် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်သက်တမ်း အနည်းဆုံး(၂)နှစ်ပြည့်ပြီး ASEAN Standard Tour Guide Upgrading သင်တန်းသို့ တက်ရောက် ပြီးသောဧည့်လမ်းညွှန်များ ပါဝင်တက်ရောက်နိုင်ပါသည်။
- သင်တန်းကာလမှာ နာရီ (၁၀၀) သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းများကို COVID 19 Lockdown အလွန်ကာလတွင် စတင်ဖွင့်လှစ်ရန် လျာထား ပါသည်။
- သင်တန်းကြေး ဒေါ်လာ၆၆၀ (ကျပ် ၁,၀၀၀,၀၀၀ ခန့်) ဖြစ်ပြီး သင်တန်းသား (၇) ဦးအတွက် သင်တန်းကြေးကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသော Luxembourg Development Agency မှ COVID 19 Stimulus Package Scholarship အဖြစ် ပေးအပ်သွားမည်။
- သင်တန်းသားရွေးချယ်မှုကို သက်ဆိုင်ရာဧည့်လမ်းညွှန်အသင်းများ (သို့မဟုတ်) ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ၏ ထောက်ခံချက်ဖြင့်လျှောက်ထား လာသူများအနက်မှ ဝန်ကြီးဌာနနှင့် လူဇင်ဘတ်ဖွံ့ဖြိုးရေးအေဂျင်စီမှကိုယ်စားလှယ်များပါဝင်သောအဖွဲ့ဖြင့် ရွေးချယ်သွားမည်ဖြစ်ရာ သင်တန်းတက် ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာသွားညွှန်ကြားမှုဉီးစီးဌာန၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲသို့ လိပ်မူ၍ လျှောက်ထားနိုင်ပါကြောင်း အသိပေး အပ်ပါသည်။
- Online မှ လျှောက်ထားရန် : လျှောက်လွှာများကို https://bit.ly/3d8D3VK မှ Download ရယူဖြည့်စွက်ပြီးလျှင် moht.covid.rp5@gmail.com သို့ပေးပို့ပါရန်။