စဉ် |
မြို့နယ် |
ခရီးစဉ်ဒေသအမည် |
ခရီးစဉ်ဒေသအကြောင်း |
၁ |
ပုသိမ်မြို့နယ် |
ပုသိမ် |
ပုသိမ်မြို့သည် ဧရာဝတီတိုင်း၏ မြို့တော် ဖြစ်၍ မြန်မာနိုင်ငံတွင် စတုတ္ထအကြီးဆုံး မြို့ဖြစ်သည်။ ရန်ကုန်မြို့၏ အနောက် ၁၉၀ကီလိုမီတာအကွာတွင်ရှိ၍ လူဦးရေ ၂ သိန်းကျော်ခန့်နေထိုင်သည်။ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်၍ ကူးသန်း ရောင်းဝယ်ရေးတွင်အချက်အခြာကျသော မြို့လည်းဖြစ်သည်။ ပုသိမ်မြို့၏ ထင်ရှား သောအမှတ်အသားများမှာ ပုသိမ်ဟာလဝါ နှှင့် ပုသိမ်ထီးတို့်ဖြစ်ကြသည်။ ပုသိမ်မြို့မှ ကုန်းလမ်း(ကား) ခရီးဖြင့် ဒေသအသီးသီးသို့သွားလာနိုင်ပြီး ရေလမ်း (မော်တော်) ခရီးဖြင့် တိုင်းအတွင်းရှိ မြို့ရွာ အသီးသီးသို့သွားလာနိုင်သည်။ ရထားလမ်း ဖြင့် ကြံခင်းမြို့အထိသွားလာနိုင်သည်။ ထိုပြင် ပုသိမ်မြို့၌လေဆိပ်တစ်ခုရှိ၍ ပုသိမ် – ရန်ကုန် ပြေးဆွဲပေးလျက်ရှိပါ သည်။ ပုသိမ်မြို့ရှိ သွားလာလည်ပတ်နိုင် သောနေရာများမှာ ရွှေမုဋ္ဌောစေတီတော်၊ ပုသိမ်မြို့မဈေး၊ ပုသိမ်ရေပေါ်ညဈေး၊ ပုသိမ် ကြိုးတံတား၊ Royal Lake ၊ နှီးဘုရား၊ လေး ကျွန်းမာန်အောင်ဖောင်တော်ဦးစေတီတော် ရှိ ရေကြည်ရေနောက် (မောင့်ကန်နှမကန်) တဂေါင်းဘုရားစေတီတော်မြတ်ကြီး၊ ရွှေစည်းခုံစေတီတော်၊ စက်တော်ရာစေတီ တော်၊ ရွှေစာပုသိမ်ထီးလုပ်ငန်း၊ ရွှေမြင်းပျံ (ပုသိမ်ဟာလဝါလုပ်ငန်း)၊ အိုးလုပ်ငန်းစ သည်တို့ ဖြစ်ကြသည်။ ထို့ပြင် ပုသိမ်မြို့အ နီး ရွှေမြင်တင်ကျေးရွာရှိ ရွှေမြင်တင်ဘုရား သို့ လည်းသွားရောက်ဖူးမြော်နိုင်ပါသည် |