20
Jun
Digital Marketing လုပ်ငန်းများတွင် အသုံးပြုရန် ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများဆိုင်ရာ Promotion Video များ ရိုက်ကူးထုတ်လွှင့်ရန်အတွက် ဈေးနှုန်းအဆိုပြုလွှာခေါ်ယူခြင်း
ရက်စွဲ ၊ ၂၀၁၉ခုနှစ် ဇွန်လ (၂၀)ရက်
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် Digital Marketing ဆိုင်ရာလုပ်ငန်းများတွင်အသုံးပြုရန် မြန်မာနိုင်ငံခရီးစဉ်ဒေသဆိုင်ရာ အောက်ပါ Promotion Video များအား ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပါသည်။
(က) ခရီးစဉ်ဒေသအစုံနှင့် ခရီးသွားဆွဲဆောင်မှုများ ပါဝင်သော ၂:၃၀ မိနစ်စာ Video
(ခ) ခရီးစဉ်ဒေသအစုံနှင့် ခရီးသွားဆွဲဆောင်မှုများ ပါဝင်သော ၁:၀၀ မိနစ်စာ Video
၂။ အဆိုပါ Promotion Video များရိုက်ကူးထုတ်လွှင့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် ရုပ်သံထုတ်လုပ်ရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များအနေဖြင့် ဈေးနှုန်း အဆိုပြုလွှာများ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
(က) ပေးပို့သူသည် ၁:၀၀မိနစ် သို့မဟုတ် ၂:၃၀မိနစ်စာ Video များကို Background Music အပါအဝင် ကိုယ်တိုင်ဖန်တီးပြုလုပ်၍ 3840 x 2160 pixels သို့မဟုတ် 4096 x 2160 pixels (2160p) 4K အရည်အသွေးရှိ Video များကိုဉီးစားပေး၍ ပေးပို့နိုင်ပါသည်။ Device အားလုံးဖြင့် ကြည့်ရှုနိုင်သော 360° video များကိုလည်းပေးပို့နိုင်ပါသည်။(Raw data များနှင့် Raw video များပေးပို့ရန်မလိုအပ်ပါ။)
(ခ) ပေးပို့သူသည် Video များတွင် ကိုယ်ပိုင် Watermark ထည့်သွင်းပေးပို့ရပါမည်။(ဝန်ကြီး ဌာနမှ ဝယ်ယူအသုံးပြုမည့် Video များကိုသာ Watermark ဖြုတ်၍ မူရင်း Videoများ ပြန်လည်ပေးပို့ရန်ဖြစ်ပါသည်။)
(ဂ) ပေးပို့သူ၏ Introduction Letter နှင့် Quotation ပါရှိရမည်။ (Video အမည်နှင့် ယှဉ်တွဲ၍ ဈေးနှုန်းများကို Quotation တွင် ဖော်ပြပေးရန် ဖြစ်ပါသည်။)
(ဃ) Video နှင့်ပတ်သက်၍ အခြားမှကူးယူပြုလုပ်ထားခြင်း မဟုတ်ကြောင်းနှင့် ကိုယ်တိုင် ရိုက်ကူးထားခြင်းဖြစ်ကြောင်း တာဝန်ယူရပါမည်။ Background Musicများကို အခြားမှ ဝယ်ယူအသုံးပြုနိုင်ပြီး လိုအပ်ပါက ဝယ်ယူထားရှိကြောင်း အထောက်အထား ပြသနိုင် ရမည်။
(င) Video များကို English Narration သို့မဟုတ် English Subtitleများ ထည့်သွင်းပါရှိရမည်။
(စ) Video များကို Digital Marketing လုပ်ငန်းများအတွက် Online Mediaများတွင်သာ အသုံးပြုသွားမည်ဖြစ်ပြီး ၎င်း Video များကို ဝယ်ယူပြီးပါက ဝန်ကြီးဌာနသို့ မူပိုင်ခွင့် (Copyright) ပေးအပ်ရမည်ဖြစ်ပါသည်။
(ဆ) ရွေးချယ်ဝယ်ယူထားသော Videoပေါ်တွင် ဌာနမှလိုအပ်သော ပြောင်းလဲခြင်း၊ ပြင်ဆင် ခြင်း၊ ထပ်မံထည့်သွင်းခြင်းများကို ပေးပို့သူကလက်ခံ၍ တာဝန်ယူ ဆောင်ရွက်ပေးရ မည်ဖြစ်ပါသည်။
(ဇ) ပေးပို့ထားသော Video များ သည် အခြား ကုမ္ပဏီ ၊ အဖွဲ့အစည်း ၊ Website နှင့် Social Network များတွင် တင်ထားခြင်း၊ ရောင်းချထားခြင်း(လုံးဝ) မရှိသော Video များဖြစ်ရန် လိုအပ်ပါသည်။ ရွေးချယ်ဝယ်ယူပြီးသော Video များအား ဝန်ကြီးဌာနနှင့် အလားတူ ရည်ရွယ်ချက်ဖြင့် အခြားသို့ထပ်မံပြန်လည်ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းများ မပြုရ။
(ဈ) ဝန်ကြီးဌာနမှဝယ်ယူအသုံးပြုမည့် Video များ၏ IP right ၊ Copyrightများနှင့် ပတ်သက် ၍ အခြားပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ မကျေနပ်ချက်၊ စွပ်စွဲချက်များရှိလာပါက ဌာနမှ လုံးဝ တာဝန်ယူမည် မဟုတ်ဘဲ ပေးပို့သူက တာဝန်ယူဖြေရှင်းရမည်ဖြစ်ပါသည်။
(ည) Video များ၊ ဆောင်းပါးများတွင် ပါဝင်ရမည့် ဝန်ကြီးဌာနမှ လိုအပ်လျက်ရှိသည့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများ အသေးစိတ်စာရင်းကို https://bit.ly/2L2RmjB တွင် ဝင်ရောက် download ရယူနိုင်ပါသည်။
၃။ Video များကို media@tourism.gov.mm သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။ Size ကြီးမားသော File များကို Online Uploading Siteများ (ဥပမာ – wetransfer ၊ Google Drive၊ Mediafire၊ Opanload ၊ Zippyshare စသည်) မှတဆင့် Link ပြုလုပ်၍ ပေးပို့နိုင်ပါသည်။ ပေးပို့လာသည့် အဆိုပြုလွှာများကို ဝန်ကြီးဌာနမှ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခြင်းခံရသည့်သူများကိုသာ ဆက်သွယ်၍ လိုအပ် သည့်ကိစ္စရပ်များ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ e-Government Office ၊ ဖုန်းနံပါတ် – ၀၆၇၃-၄၀၆၄၇၆ သို့ ရုံးချိန် အတွင်း (၀၉:၀၀ နာရီမှ ၁၆:၃၀နာရီအတွင်း) ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
နေပြည်တော်
Announcement PDF : https://bit.ly/2N0IvkV
Appendix PDF : https://bit.ly/2L2RmjB
Japan , Chinese