၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် လွှင့်တင် ထားသော www.tourism.gov.mm နှင့် www.tourisminmyanmar.com.mm တို့၏ လုံခြုံမှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ CMS စနစ်များ ပုံမှန် Update ဖြစ်စေရန်နှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးရန်အတွက် လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင် ရန် ဖိတ်ခေါ်အပ်ပါသည်-
၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် – ၂၂-၁၁-၂၀၁၉ ရက် (သောကြာနေ့)
(ခ ) တင်ဒါပုံစံရောင်းချမည့်နေရာ – တင်ဒါပုံစံများကို တစ်စောင်လျှင် ၁၀၀၀၀/-
နှင့် တင်ဒါတင်သွင်းရမည့်နေရာ ကျပ် (တစ်သောင်းကျပ်) နှုန်းဖြင့် e-Government Office ၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၃၃) ၊ နေပြည်တော် တွင် ရုံးချိန်အတွင်းဝယ်ယူနိုင်ပါသည်။
(ဂ) တင်ဒါလျှောက်လွှာပိတ်မည့်ရက် – ၆-၁၂-၂၀၁၉ ရက် နေ့လည် (၁၂:၀၀)နာရီ
နှင့်အချိန်
၃။ အသေးစိတ်သိရှိလိုပါက e-Government Office ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ဖုန်း ၀၆၇၃-၄၀၆၄၇၆ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါဖောင်နမူနာကြည့်ရှုရန်နှင့်တင်ဒါစည်းမျဉ်းစည်းကမ်းများ