(၂၀၁၉) ခုနှစ် အင်းလေးရပေါ်သင်္ကြန်

အင်းလေးဒေသသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းတွင် တည်ရှိပြီး နှစ်စဉ်ပြည်တွင်းပြည်ပခရီးသွားဧည့်သည် အများအပြား လာရောက်လည်ပတ်သော မြန်မာနိုင်ငံ၏ ထိပ်တန်ခရီးသွားရပ်ဝန်းဒေသတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ပြည်ပခရီးသွားဉီးရေ သုံးသန်းခန့်လာရောက်လည်ပတ်လေ့ရှိပြီး ပြည်တွင်းခရီးသွားသန်းပေါင်းများစွာလည်း လာရောက်လည်ပတ်လေ့ရှိပါသည်။ မြန်မာတို့၏ နှစ်သစ်ကူးအချိန်အခါသမယဖြစ်သည့် အတာသင်္ကြန်ကာလသည် ခရီးသွားဉီးရေအထူးများပြားလေ့ရှိပြီး ပြည်တွင်းပြည်ပခရီးသွားဉီးရေ နှစ်သိန်းခန့် လာရောက်လည်ပတ်လေ့ရှိသည့် အချိန်ကာလတစ်ခုဖြစ်ပါသည်။ အင်းလေးဒေသသည် အခြားဒေသများနှင့်မတူ ရေပေါ်တွင်ကျေးရွာများတည်ဆေညက် နေထိုင်ကြသည့်ဒေသတစ်ခုဖြစ်သည့်အလျောက်  ရိုးရာအတာသင်္ကြန်တွင်လည်း အခြားဒေသများနှင့်မတူ ရေပြင်ပေါ်တွင် သင်္ကြန်ပွဲတော်ကျင်းပခြင်း၊ အင်းသားရိုးရာ နှစ်သစ်ဆွမ်းဉီးလောင်းလှူခြင်း အစရှိသည့် ဓလေ့စရိုက်များစွာရှိပါသည်။

ယခု (၂၀၁၉) ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ခရီးသွားလာမှု မြှင့်တင်ရေးနှင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ချစ်ခင်ရင်းနှီးမှု တိုးပွားပြီး ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ထိန်းသိမ်းစောင့်ရှောက်ရန် မြန်မာနိုင်ငံ၏ ပထမဉီးဆုံး၊ အထူးခြားဆုံးနှင့် အစည်ကားဆုံးကျင်းပမည့် အင်းလေးရေပေါ်သင်္ကြန်ကို  မှ အင်းလေးဒေသတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။

အဆိုပါ ရေပေါ်သင်္ကြန်ပွဲတော်တွင်

  • အင်းလေးကန်ရေပြင်ပေါ်၌ လှေသမ္ဗန်များ၊ ဖောင်များဖြင့် အတာရေ စင်ပက်ဖြန်းကြမည့် ပျော်ရွှင်ကြည်နူးဖွယ်ရာ ရေပေါ်သင်္ကြန်ပွဲ၊
  • တေးသံသာများဖြင့်ဖျော်ဖြေတင်ဆက် ကြမည့် ရေပေါ်ရှီုပွဲ၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ယိမ်းအကအလှများနှင့် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲအစီအစဉ်များ ၊
  • အင်းလေးဒေသကိုယ်စားပြု Mister & Miss Innlay 2019 ရွေးချယ်ပွဲ၊ သံဃာအပါး (၁၀၀၀) ကြွရောက် ချီးမြှင့် အလှူခံမည့် နှစ်ဉီးရေပေါ်ဆွမ်းလောင်းပွဲ ၊
  • နှစ်ဉီးရေပေါ် ဓမ္မသဘင် စသည့် အစီအစဉ်များကို မဟာသင်္ကြန် အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

 

ရည်ရွယ်ချက်များ

  •   အင်းလေးဒေသ အခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး မြှင့်တင်မှုအတွက် အထောက်အပံ့ ဖြစ်စေရန်။
  • သင်္ကြန်ကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံများနှင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ပထမဆုံး ရပေါ်သင်္ကြန်ကို အတူတကွ ပျော်ရွှင်ကြည်နူးစွာဆင်နွဲပြီး မြန်မာ့နှစ်သစ်ကူးကို ကြိုဆိုရန်။
  •  အင်းလေးရိုးရာ ရေပေါ်သင်္ကြန် ဓလေ့စရိုက်များကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရန်။
  •    ဒေသခံတိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ပါဝင်ဆင်နွဲနိုင်မည့် ပွဲတော်ကြီးတစ်ခု ပေါ်ပေါက်လာစေရန်။

.

Brochure

ကျင်းပမည့်အစီအစဉ်

(၂၀၁၉) ခုနှစ် အင်းလေးရေပေါ်သင်္ကြန်ကို (၂၀၁၉)ခုနှစ် ဧပြီလ (၁၃)ရက်နေ့ (မဟာသင်္ကြန် အကြိုနေ့) မှ (၁၇)ရက်နေ့ ( မြန်မာနှစ်ဆန်းတစ်ရက်နေ့) အထိ (၅)ရက်တိုင်တိုင် ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ၊ နန့်ပန်ရွာရှိ Innlay Cultural Heritage Trust Complex ရေပေါ်အဆောက်အအုံကြီးတွင် အောက်ပါ အစီအစဉ်များဖြင့် ကျင်းပပြုလုပ်သွားရန် ရည်ရွယ်ထားပါသည်။

စဉ် နေ့ရက် အချိန်

 

အစီအစဉ်
၁။

 

 

၁၃.၄.၂၀၁၉

(မဟာသင်္ကြန် အကြိုနေ့)

 

နေ့ခင်း (၃:၀၀) နာရီ

 

(၂၀၁၉) ခုနှစ် အင်းလေးရေပေါ်သင်္ကြန်ဖွင့်ပွဲနှင့် ညဘက် ဖျော်ဖြေရေးအစီအစဉ်

(8 ladies show )

၂။

 

၁၄.၄.၂၀၁၉

(မဟာသင်္ကြန် အကျနေ့)

 

နံနက် (၈:၀၀)နာရီမှ ညနေ(၅:၀၀)နာရီ

 

အတာသင်္ကြန်ယိမ်းအကပြိုင်ပွဲနှင့် မနက်ပိုင်းဖျော်ဖြေရေးအစီအစဉ်

(8 ladies show )

၃။ ၁၄.၄.၂၀၁၉

(မဟာသင်္ကြန် အကျနေ့)

 

 

ည (၇:၀၀) နာရီ

 

ညဘက် ဖျော်ဖြေရေးအစီအစဉ်

(Tin Zar Maw + 7 ladies show)

၎။ ၁၅.၄.၂၀၁၉ (မဟာသင်္ကြန် အကြတ်နေ့) နံနက် (၈:၀၀)နာရီမှ ညနေ (၅:၀၀) နာရီ အတာသင်္ကြန်ယိမ်းအကပြိုင်ပွဲနှင့် မနက်ပိုင်းဖျော်ဖြေရေးအစီအစဉ် (8 ladies show )
၅။

 

 

၁၅.၄.၂၀၁၉

(မဟာသင်္ကြန် အကြတ်နေ့)

 

ည (၇:၀၀) နာရီ

 

နိုင်ငံကျော် အမျိုးသား တေးသံရှင်များ၏ တေးဂီတဖျော်ဖြေရေး အစီအစဉ်

(8 ladies show )

၆။

 

၁၆.၄.၂၀၁၉

(မဟာသင်္ကြန် အတတ်နေ့)

 

နံနက် (၈:၀၀)နာရီမှ ညနေ (၅:၀၀)နာရီ

 

အတာသင်္ကြန်ယိမ်းအကပြိုင်ပွဲနှင့် မနက်ပိုင်းဖျော်ဖြေရေးအစီအစဉ်

(8 ladies show )

၇။

 

၁၆.၄.၂၀၁၉

(မဟာသင်္ကြန် အတတ်နေ့)

ည(၇:၀၀)နာရီ မှ ည(၉:၃၀) အင်းလေးဒေသကိုယ်စားပြု Mister & Miss Innlay 2019 ရွေးချယ်ပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များ
၈။ ၁၆.၄.၂၀၁၉

(မဟာသင်္ကြန် အတတ်နေ့)

 

 

ည (၉:၃၀)နာရီမှ ည (၁၂:၀၀)

 

(၂၀၁၉)ခုနှစ် အင်းလေးရေပေါ်သင်္ကြန် ပိတ်ပွဲနှင့် ညဘက် ဖျော်ဖြေရေး အစီအစဉ်

(8 ladies show )

၉။

 

၁၇.၄.၂၀၁၉

(မြန်မာနှစ်ဆန်း (၁) ရက်နေ့)

နေ့လည် (၁:၀၀) နာရီ သံဃာ အပါး (၁၀၀၀) ရေပေါ် ဆွမ်းလောင်းပွဲတော်
၁၀။

 

၁၇.၄.၂၀၁၉

(မြန်မာနှစ်ဆန်း (၁) ရက်နေ့)

ည (၇:၀၀)နာရီ နှစ်ဉီးရေပေါ် ဓမ္မသဘင်

 

About the author