မွန်

မွန်ပြည်နယ်သည် အရှေ့ဘက်ရှိကရင်ပြည်နယ်နှင့် အနောက်ဘက်ရှိကပ္ပလီပင်လယ် ကြားတွင်တည်ရှိသည်။ မွန်ပြည်နယ်သည် ဒီဗာရာဗတီမင်း လက်ထက်အေဒီ၁၀၂၄တွင် ခမာအင်ပါယာ၏ဖျက်ဆီးခြင်းကိုခံခဲ့ရသည်ဟု ဒီဗာရာဗတီမင်းမှ ထင်မှတ်နေခဲ့ပါသည်။ မွန်ပြည်နယ်သည် ၁၈၂၄ခုနှစ် ပထမအန်ဂလို-မြန်မာစစ်ပွဲအပြီးတွင် ဗြိတိသျှတို့၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရပါသည်။ မြန်မာနိုင်ငံရှုံးနိမ့်နေချိန်တွင် မွန်လူမျိုးများသည် ဗြိတိသျှတို့နှင့်သဘောတူထားသော ကတိအတိုင်း မိမိတို့၏ခေါင်းဆောင်များပြန်လွှတ်ပေးရန်အတွက် စစ်ပွဲအတွင်းဗြိတိသျှအားကူညီပေးခဲ့ပါသည်။ ထောင်ပေါင်းများစွာသော မွန်လူမျိုးများသည် အစောပိုင်းတွင် Siamသို့ ပြောင်းရွှေ့နေထိုင်ခဲ့သော်လည်း ဗြိတိသျှအုပ်ချုပ်နေစဉ်ကာလအတွင်း မိမိတို့၏အမိမြေသို့ပြန်လာခဲ့ပါသည်။ သို့သော် ဗြိတိသျှ၏ကိုလိုနီအဖြစ်တည်ရှိခဲ့ပါသည်။ မွန်ပြည်နယ်သည် ပင်လယ်နှင့် နီးကပ်စွာ တည်ရှိ၍ အပူပိုင်းရာသီဥတုရှိပါသည်။ မွန်ပြည်နယ်တွင် မြို့ပေါင်း(၈)မြို့ ခန့်ရှိပြီးကျွန်း(၂)ကျွန်းရှိပါသည်။ ပြည်နယ်တစ်ခု၏မွန်လူမျိုးများနေထိုင်ရာအရပ်ဒေသ ဖြစ်ပါ သည်။ ၎င်းလူမျိုးများသည် အရှေ့တောင်အာရှတွင် ပထမဦးဆုံးအခြေချနေထိုင်သူများ ဖြစ်ပါသည်။

Origin

မျိုးရိုး           – မွန်၊ ဗမာ၊ အန်ဂလို-ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်း၊ ဗမာ-ထိုင်း။

ဘာသာစကား          –  မွန်၊ ကရင်၊ ဗမာ။

ကိုးကွယ်သည့်ဘာသာ- ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ။

မြေမျက်နှာသွင်ပြင်

ရာသီဥတု – အပူပိုင်းရာသီဥတု။
နယ်နိမိတ် – ကချင်ပြည်နယ်၊ ကပ္ပလီပင်လယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ထိုင်းနိုင်ငံ။
အကျယ်အဝန်း – ၁၂၂၉၆.၆စတုရန်းကီလိုမီတာ (သို့) ၄၇၄၇.၇စတုရန်းမိုင်။

ထူးခြားမှုများ

မြို့တော် – မော်လမြိုင်(မွန်လူမျိုးများနေထိုင်ရာဒေသ)။ လူဦးရေစုစုပေါင်း ၂.၀၅သန်း။

ထူးဆန်းအံ့သြဖွယ်ကောင်းသောကျွန်းများ၏အသက်ရှူမှားလောက်တဲ့အလှအပများကို ခံစားလိုက်ပါ

စေတီပုထိုးများ

မွန်ပြည်နယ်တွင် ထင်ရှားကျော်ကြားသော စေတီပုထိုးများစွာရှိပါသည်။ ကျိုက်ထီးရိုး ဘုရားသည် မွန်ပြည်နယ်တွင် တည်ရှိပါသည်။ ၎င်းကျိုက်ထီးရိုးဘုရားသည် ကြီးမားသော ကျောက်တုံးကြီးပေါ်တွင်တည်ထားကိုးကွယ်ထားပါသည်။ ယင်းကျောက်တုံးကြီးသည် သဘာဝ ရှုခင်းအလှအပများကို ကြည့်ရှုခံစားနိုင်သောကျိုက်ထီးရိုးတောင်ပေါ်တွင် တည်ရှိပါသည်။ မွန်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံးဝင်းစိန်တောရလျောင်းတော်မူဘုရားကြီးသည် အမြင့်ပေ၃၀မီတာ နှင့် ၁၈၀မီတာရှည်လျားပြီး နှစ်စဉ်နှစ်တိုင်း ခရီးသွားဧည့်သည်များကိုဆွဲဆောင်လျက်ရှိပါသည်။ ဝင်းစိန်တောရလျောင်းတော်မူဘုရားကြီးသည် ကျောက်တစ်လုံးတောင်၏ညာဘက်မျက်နှာ ချင်းဆိုင်တွင်တည်ရှိပါသည်။ ကျိုက်ပေါလောဘုရားသည်လည်း ဘုရား၏မျက်နှာတော်ပေါ်တွင် မှဲ့ရှိနေခြင်းကြောင့်နာမည်ကြီးလှပါသည်။ ရွှေစာရံဘုရားသည်ဂေါတမမြတ်စွာဘုရား၏ဆံတော် (၈)မျှင်စွယ်တော်(၄)ဆူဌာပနာထားသော ဘုရားတစ်ဆူဖြစ်ပါသည်။ ပိဋကတ်(၃)ပုံဌာပနာထား သောကျိုက်သလ္လံဘုရားမှာလည်း ထင်ရှားကျော်ကြားလှပါသည်။

လှပသောလည်ပတ်စရာနေရာများ

ဗြိတိသျှအင်ပါယာရှေးမြို့တော်ဖြစ်ခဲ့သော မော်လမြိုင်မြို့သည် မွန်ပြည်နယ်၏မြို့တော် ဖြစ်ပြီး မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးမြို့လည်းဖြစ်သည်။ မော်လမြိုင်မြို့သည် အမျိုးမျိုး သောစာပေလက်ရာများ အထူးသဖြင့်ဗြိတိသျှခေတ်မှ စာပေများကြောင့် ထင်ရှားလှသည်။ မြို့အနှံ့တွင် ဗြိတိသျှပုံစံနှင့်ဗုဒ္ဓဘာသာပေါင်းစပ်ရောနှောထားဟန်ရှိသည့် ဗိသုကာလက်ရာများကိုလည်းတွေ့ရှိနိုင်သည်။ မော်လမြိုင်မြို့ရှိ အေဒီ၈၇၅ခုနှစ်၌တည်ထားသော ကျိုက်သန်လန် ဘုရားမှာထင်ရှားလှသည်။ ကျိုက်ခမီအပန်းဖြေစခန်းရှိ ကျိုက်ခမီရေလည်ဘုရား၊ ၁၄၄၅ခုနှစ် တွင်ဘုရင်မရှင်စောပုတည်ထားခဲ့သော ကျိုက်မရောဘုရားတို့ကိုလည်း မဖြစ်မနေသွားရောက် ဖူးမျှော်သင့်ပေသည်။ သုဝဏ္ဏဘူမ္မိခေါ် သထုံမြို့သည်လည်း မြန်မာ့သမိုင်းတွင် အရေးပါသောမြို့ ဖြစ်သည့်အပြင် လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ခန့်က ထေရဝါဒဗုဒ္ဓဘာသာ စတင်ထွန်းကားရာ နေရာလည်းဖြစ်ပေသည်။ မော်လမြိုင်မြို့ရှိ အခြားလည်ပတ်ဖွယ်ကောင်းသော နေရာများမှာ ဘီလူးကျွန်း၊ စက်စဲကမ်းခြေနှင့် စိန်ယင်မျှော်ဘုရားတို့ဖြစ်ပေသည်။

ရင်သပ်ရှုမောဖွယ်ရာကမ်းဖြေများနှင့်ကျွန်းများ

မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏တောင်ဘက်ပိုင်းတွင် တည်ရှိပြီးလှပသော ကမ်းခြေများနှင့် ကျွန်းများတည်ရှိရာ ကမ်းရိုးတန်းဒေသတစ်ခု ဖြစ်သည်။ ကျိုက်ခမီရေလည်ဘုရားရှိရာ ကျိုက်ခမီကမ်းရိုးတန်းမြို့လေးသည်လည်း လည်ပတ်ချင်စဖွယ်ကောင်းလှသည်။ ကျိုက်ခမီမြို့ ၏တောင်ဘက် ၂၄ကီလိုမီတာအကွာရှိ စက်စဲကမ်းခြေသည် y ပုံသဏ္ဍာန် ပင်လယ်ကဗွီးပင်များ၊ အညိုရောင်သဲများဖြင့် လှပသောကမ်းခြေတစ်ခု ဖြစ်သည်။ ခရီးသွားဧည့်သည်များ အနေဖြင့် ဒေသခံဈေးသည်များရောင်းချသော အုန်းရည်လတ်လတ်ဆတ်ဆတ်ကိုသောက်ရင်း သဘာဝ အလှအပကိုခံစားနိုင်သည်။ မော်လမြိုင်မြို့နှင့်ကပ်ရပ်ရှိဘီလူးကျွန်းတွင် ရှေးယခင်ကဘီလူးများ နှင့်ပတ်သက်သောပုံပြင်များရှိခဲ့သည်။ ထိုပုံပြင်များကို နွေးထွေးဖော်ရွေလှသည့်ဒေသခံများဆီမှ နားထောင်ရင်း အမျိုးမျိုးသောအတွေ့အကြုံများကို ခံစားနိုင်သည်။ တစ်ဖန်မော်လမြိုင်မြို့၏ အနောက်မြောက်ဘက်ရှိ ခေါင်းဆေးကျွန်းတွင် ခရီးသွားဧည့်သည်များအနေဖြင့် တစ်ရက်တာ အပန်းဖြေအနားယူနိုင်သည်။

အထင်ကရနေရာများ

ရွှေရောင်ကျောက်တုံးကြီးဟုလည်း လူသိများသောကျိုက်ထီးရိုးဘုရားကို ဘီစီ၅၇၄ တွင် တည်ထားခဲ့ပြီး ရန်ကုန်မှ ၂၂၉ ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ ကျိုက်ထီးရိုးဘုရား သည် ကျောက်ကမ်းပါးအစွန်အဖျားရှိ ကြီးမားသည့်ကျောက်တုံးကြီးပေါ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၉၅မီတာအမြင့်တွင် ရှိပါသည်။ ဘုရားသည် ကျိုက်ထီးရိုး တောင်၏ထိပ်ဆုံးတွင် တည်ရှိပါသည်။ ကျိုက်ထီးရိုးဘုရားသည် ရွှေတိဂုံဘုရားနှင့် မဟာမုနိဘုရားပြီးနောက် မြန်မာနိုင်ငံ၏တတိယ အရေးကြီးဆုံးသော ဘုရားဖူးခရီးသွားရန် နေရာတစ်ခုဖြစ်ပါသည်။

ကျိုက်ထိုမြို့နယ်ရှိကျိုက်ပေါ်လောဘုရားသည် ဗုဒ္ဓရုပ်ပွားတော်၏ မျက်နှာတော်ပေါ်တွင် မှဲ့ရှင်တည်ရှိနေသောကြောင့် လူသိများကျော်ကြားပါသည်။ မျက်လုံးတော်များသည်လည်း အသက်ဝင်နေပြီး ဒဏ္ဍာရီအရ ဆင်များ၊ မြင်းများဖြင့်လည်း ရွှေ့ပြောင်းရန် ကြိုးပမ်းခဲ့သော် လည်းမရနိုင်ခဲ့ပါ။ ထို့ပြင်ရုပ်ပွားတော်သည် ရေပေါ်တွင်ပေါ်နိုင်စွမ်းရှိပြီး သီရိလင်္ကာအရပ်သို့ လည်း အမြဲမျက်နှာမူနေသည်ဟူ၍လည်း ပြောစမှတ်ရှိပါသေးသည်။

ရွှေစာရံဘုရားကို ဘီစီ၅ရာစုတွင် တည်ထားခဲ့သည်ဟု ယုံကြည်ရပြီး ဘုရားအတွင်း ဂေါတမမြတ်စွာဘုရား၏ သွားတော်လေးစွယ်နှင့် ဆံချည်မျှင်ရှစ်ပင်တို့ကို ဌာပနာထားပါသည်။ များစွာသောရွှေရုပ်ပွားတော်များရှိသည့်အပြင် ကဿ်သပဘုရား၏ မြသပိတ်နှင့် ဂေါဏဂုဏဘုရား ၏ပစ္စည်းများလည်းရှိသောကြောင့် ဗုဒ္ဓဘာသာဝင်တို့အကြောင်းလေ့လာရန်အတွက် စိတ်ဝင်စား ဖွယ်နေရာတစ်ခု ဖြစ်ပါသည်။

ကျောက်တစ်လုံးတောင်သည် ဝင်းစိန်တောရကျောင်း၏ ညာဘက်မျက်နှာချင်းဆိုင်ရှိ ကျိုက်သလန် တောင်ပေါ်တွင် တည်ရှိပါသည်။ အမြင့်ပေ ၃၀ဝ ရှိသော ထုံးကျောက်ပါးပေါ်တွင် တည်ရှိနေသောကြောင့် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ဝင်းစိန်တောရလျောင်းတော်မူဘုရားကြီးသည် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီး ဖြစ်ပါသည်။ ၃၀ မီတာမြင့်၍ ၁၈၀ မီတာရှည်ပါသည်။ ကျောက်တစ်လုံးတောင်၏ ဆန့်ကျင်ဘက်တွင် တည်ရှိပါသည်။

မော်လမြိုင်မြို့၏တောင်ဘက်၆၀ကီလိုမီတာအကွာတွင် သံဖြူဇရပ်တည်ရှိပြီးစစ်သင်္ချိုင်း ၁၀၀၀၀၀ နှင့် ဒုတိယကမ္ဘာစစ်အတွင်း သေမင်းရထားလမ်းတည်ဆောက်ခြင်းတွင် ဂျပန်တို့၏ လက်အောက်၌ကျဆုံးခဲ့ရသော အရပ်သားများ၏အမှတ်တရများစွာ ရှိပါသည်။ ၄င်းရထားလမ်း သည်၁၉၅၇ခုနှစ်တွင် “ကွိုင်မြစ်ပေါ်ရှိတံတား” ရုပ်ရှင်ထွက်ရှိခဲ့ပြီး သတင်းဆိုးဖြင့် ကျော်ကြားခဲ့ ပါသည်။

မော်လမြိုင်မြို့သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်ပါသည်။ ဗြိတိန်အင်ပါယာ၏ ထင်ရှား ကျော်ကြားသော အတိတ်တွင်မြို့တော်လည်းပဲဖြစ်ခဲ့ပါသည်။ ကျော်ကြားသော စာပေအလုပ်များကြောင့်လည်း အထင်ကရ ဖြစ်ပါသည်။  မတူကွဲပြားသော ဗုဒ္ဓဘာသာကိုးကွယ်မှုများနှင့် ကိုလိုနီ ခေတ်ဗိသုကာလက်ရာများသည် ဆွဲဆောင်မှုဖြစ်စေပြီး ဒေသထွက်ကုန်များနှင့် ရိုးရာဓလေ့များ တွင် ပန်းချီများကိုရေးဆွဲထားခြင်းသည်လည်း ဆွဲဆောင်မှုအနေဖြင့် တွေ့မြင်နိုင်ပါသည်။ ကျိုက်သလန်ဘုရားကို အေဒီ၈၇၅ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မော်လမြိုင်မြို့၏ အထင်ကရ နေရာဖြစ်ပါသည်။

ကျိုက်ခမီမြို့သည် မွန်ပြည်နယ်အတွင်းတည်ရှိသော ကမ်းခြေအပန်းဖြေမြို့တစ်ခုဖြစ် ပါသည်။ မော်လမြိုင်မြို့၏တောင်ဘက် ၄၈ကီလိုမီတာအကွာအဝေးတွင် တည်ရှိပြီး နိုင်ငံခြားသားများအတွက် ပင်လယ်ကိုကြည့်ရှုခံစားနိုင်သည့် ကျော်ကြားသော ခရီးစဉ်ဒေသ တစ်ခုဖြစ်ပါသည်။ ကျိုက်ခမီရေလည်ဘုရားသည်လည်း မြို့တွင်းသို့ ဘုရားဖူးများ လာရောက် စေရန်ဆွဲဆောင်နေလျက်ရှိပါသည်။ မပျက်စီးသေးသောဒေသတစ်ခုအဖြစ် မြို့ပြ၏ လူနေထူထပ် မှုများမှကွာဝေးပြီး ရက်အနည်းငယ်နှင့် ငြိမ်းချမ်းခြင်းကို ခံစားနိုင်သော နေရာတစ်ခုဖြစ်ပါ သည်။

မြန်မာနိုင်ငံ၏ သတိပြုမိလောက်အောင် ထင်ရှားသော ကမ်းခြေတစ်ခုဖြစ်ပြီး ကျယ်ပြန့်သောကမ်းခြေတွင် အညိုရောင်သဲများကို နိုင်ငံခြားသားများ ခံစားနိုင်ပါသည်။ ကျိုက်ခမီမြို့၏ တောင်ဘက်၂၄ ကီလိုမီတာအကွာ သံဖြူဇရပ်မြို့၏ အနောက်တောင်ဘက် ၁၆ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ ကမ်းခြေတစ်လျှောက်ကို လှိုင်းထနေသော ပင်လယ်ကဗွီးပင်များနှင့် အနားသတ်ထားပါသည်။ နိုင်ငံခြားသားများသည် အရည်ရွှမ်းပြီး လတ်ဆတ်သော အုန်းပင်ငယ်များကို ကြည့်ရှုခံစားနိုင်ပြီး အရသာရှိသော ပင်လယ်စာများ ကိုလည်း မြိန်ရေယှက်ရေစားသုံးနိုင်ပါသည်။

ဘီလူးကျွန်းသည် ကောင်းမွန်စွာထိန်းသိမ်းထားသော ထင်ရှားသည့် မွန်ယဉ်ကျေးမှုကို မြင်နိုင်ရန် လည်ပတ်သင့်သောကျွန်း ဖြစ်ပါသည်။ ဘေးပတ်လည်တွင် ရွာပေါင်း၆၀ တည်ရှိနေသောကြီးမားသည့် ကျွန်းတစ်ခုလည်းဖြစ်ပါသည်။ ကျွန်းပေါ်တွင် အဓိကအသက်မွေးဝမ်း ကျောင်းမှုသည် ရာဘာနှင့်လယ်စိုက်ခြင်းတို့ပင်ဖြစ်ပါသည်။ အိမ်တွင်းလက်မှုလုပ်ငန်းများ အတွက်လည်း အိမ်သဖွယ် ဖြစ်နေပါသည်။ လှေငယ်လေးဖြင့် ဘီလူးကျွန်းသို့ လည်ပတ်ခြင်းဖြင့် နွေးထွေးရင်းနှီးဖော်ရွေသော ဒေသခံလူမျိုးများနှင့် သဘာဝဇီဝမျိုးကွဲများကို လေ့လာခံစားနိုင် ပါသည်။

မော်လမြိုင်မြို့၏ အနောက်မြောက်ဘက်သို့ လှေစီးခရီးတိုလေးဖြင့် ခေါင်းဆေးကျွန်းသို့ ရောက်ရှိနိုင်ပါသည်။ အင်းဝခေတ်တွင် နှစ်စဉ်ခေါင်းဆေးမင်္ဂလာအခမ်းအနားကျင်းပခြင်းကို အစွဲပြု၍ ခေါင်းဆေးကျွန်းဟုခေါ်ဆိုခဲ့ကြပါသည်။ ယခုအခါပျော်ပွဲစားထွက်ရန် အကောင်းဆုံး နေရာတစ်ခုအဖြစ်သတ်မှတ်ထားကြသည်။ နိုင်ငံခြားသားများသည် ပျင်းရိစရာကောင်းသော နေ့တစ်နေ့ကို ၄င်း ကျွန်းပေါ်ရှိ သဘာဝတရားများဖြင့် ကျော်လွန်ဖြတ်သန်းနိုင်ပါသည်။

သထုံသည် လွင်ပြင်များပေါ်တွင်တည်ရှိသော မွန်ပြည်နယ်အတွင်းရှိ မြို့တစ်မြို့ဖြစ်ပါ သည်။ သထုံသည် ဘီစီ၎ရာစုမှ အေဒီ၁၁ရာစုခန့်တွင် သထုံနိုင်ငံတော်၏ မြို့တော်တစ်ခုဖြစ်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀ခန့်က ထေရဝါဒဗုဒ္ဓသာသနာတော် စတင်ထွန်းကားခဲ့သည့် မြို့တော် ဟုလည်း ယူဆခဲ့ကြသည်။

ပွဲတော်များ

ကျိုက်ထီးရိုးဘုရားပွဲတော်

ကျိုက်ထီးရိုးဘုရားပွဲတော်သည် သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးများထွန်းညှိ၍ ဘုရားကို ကပ်လှူပူဇော်သော အထူးပွဲတော်တစ်ခုဖြစ်ပါသည်။ လပြည့်ည၌ ဒေသခံများသည် ဘုရားကို ဆီမီး၉၀၀၀နှင့် ပန်းအမျိုးပေါင်း၉၀၀ဖြင့်  ကပ်လှူပူဇော်ကြပါသည်။ လပြည့်ကျော် တစ်ရက်နေ့နံနက်ခင်းတွင် သကြားလုံးနှင့် အခြားမုန့်မျိုးစုံကိုလည်း ကပ်လှူကြပါသည်။ ပွဲတော်ကို အောက်တိုဘာလတွင် အမြဲတမ်းကျင်းပသော်လည်း လူနာပြက္ခဒိန်ပေါ်တွင်သာ မူတည်ပါသည်။ အဆိုပါဘုရားပွဲတော်သို့ ဒေသခံနှင့်နိုင်ငံခြားသားထောင်ပေါင်းများစွာ ပါဝင် ဆင်နွှဲကြပါသည်။

တန်ဆောင်မုန်းလပြည့်ပွဲတော်

အဆိုပါပွဲတော်ကို မိုးရာသီပြီးနောက် လပြည့်နေ့တွင် တစ်နိုင်ငံလုံး ကျင်းပကြပါသည်။ မိုးရာသီပြီးနောက် ဘုန်းကြီးများသည် သင်္ကန်းများကိုလိုအပ်ကြသည့်အတွက် သင်္ကန်းအပြင် ဖိနပ်၊ ထီး၊ ပရိက္ခရာ ၈ ပါး၊ အစားအစာ၊ တဘက်၊ ဆပ်ပြာနှင့် အခြားလိုအပ်သောပစ္စည်းများကို လှူဒါန်းကြပါသည်။

 

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်သည် နိုင်ငံတွင် စိတ်ဝင်စားစရာအကောင်းဆုံးနှင့် ပျော်ရွှင်စရာအကောင်း ဆုံးအချိန်အခါသမယဖြစ်ပါသည်။ သင်္ကြန်ပွဲတော်ကာလအတွင်း လူများသည် တစ်ဦးနှင့်တစ်ဦး ရေလောင်းခြင်းနှင့် အလှဆင်ထားသောစင်မြင့်များပေါ်တွင် မြူးကြွသောသံစဉ်များကို သီဆို တီးမှုတ်ကြပြီး ကခုန်ခြင်းများပြုလုပ်ကြပါသည်။ ယင်းကဲ့သို့သော မင်္ဂလာရှိသည့်နေ့ရက်များ တွင် မြန်မာလူမျိုးများသည်နှစ်သစ်၏အစကို ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းဖြင့် စတင်ကြပါသည်။