စိမ်းလန်းသော တောင်တန်းများနှင့် လွှမ်းခြုံထားကာ သာယာလှပသော ရေမြေတောတောင် များနှင့် ပြည့်နှက်နေပြီး မျိုးစိတ်ပေါင်းများစွာ၏ မှီခိုအားထားရာ ရေအရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံသည် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများအဖို့ ပြီးပြည့်စုံသော နေရာတစ်ခုဖြစ်သည်။
မြန်မာလူမျိုးတို့၏ အံ့ဩဖွယ် ခမ်းနားသော ယဉ်ကျေးမှုများနှင့် ဓလေ့ထုံးတမ်းများသည် မြန်မာတို့၏ လူနေမှုဘဝကို အရောင်ပြန်ဟပ်စေပါသည်။ စိတ်ဝင်စားဖွယ် ပွဲတော်များ၊ အရသာရှိသော အစားအစာများနှင့် လှပသော ရိုးရာဓလေ့များကို တစ်လတစ်မျိုး မရိုးရ အောင် တွေ့ကြုံခံစားနိုင်ပြီး တစ်နှစ်ပတ်လုံးပျော်ရွှင်စရာများနှင့် ပြည့်နှက်နေသော နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော ဘာသာရေးအထိမ်းအမှတ် နေရာများစွာတည်ရှိပါသည်။ကိုးကွယ်ယုံကြည်မှုနှင့်ဆိုင်သော ဘုရားစေတီများ၊ သာသနာ့ အဆောက်အအုံများနှင့် ဘုန်းကြီးကျောင်းများကို နိုင်ငံတစ်ဝှမ်း စိတ်ဝင်စားဖွယ် မြင်တွေ့နိုင်ပါသည်။
ရှည်လျားသော အတိတ်သမိုင်းကြောင်းတွင် မြန်မာနိုင်ငံသည် ရှေးကျသော ပျူလူမျိုးများ၏ ဌာနေဖြစ်ခဲ့သည့်အပြင် ကျောက်ခေတ်၏ သမိုင်းအထောက်အထားများကို ရှေးဟောင်း သုတေသနပညာရှင်များမှ ရှာဖွေတွေ့ရှိထားပါသည်။
မြန်မာနိုင်ငံ၏ ရေမြေတောတောင်အလှအပများကို မြင်တွေ့နိုင်သော ကျေးရွာများရှိ ဒေသခံ ပြည်သူများ၏ နေထိုင်မှုပုံစံများကို လေ့လာပြီး ရင်းနှီးမှုရစေသော အတွေ့အကြုံကို ခံစား နိုင်ပါ သည်။
ကျေးရွာများရှိ ပညာရှင်များ၏ ငွေထည်လုပ်ငန်းများ၊ ချည်ထည်များနှင့် လက်ရက်ကန်း လုပ်ငန်းများကို စိတ်ဝင်စားဖွယ် လေ့လာကြည့်ရှုနိုင်ပါသည်။
ခရီးသွားဧည့်သည်များအနေဖြင့် ဒေသခံများ၏ ထူးခြား၍ ကောင်းမွန်သော ဟင်းချက် လက်ရာ များကို မြည်းစမ်းရသည်မှာ အရသာတွေ့လှပါသည်။