ရှမ်းပြည်နယ်
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏အဓိကမြို့တော်ဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် ပုဂံ မင်း ဆက်များလက်ထက်အတွင်း တည်ထောင်ခဲ့သော ပြည်နယ်တစ်ခုဖြစ်သည်။ ရှမ်းလူမျိုးတို့သည် ရှမ်း ပြည်နယ်ဟု ခေါ်ဆိုခြင်းထက် “မောင်တိုင်”ဟုခေါ်ဆိုခြင်းကို ပိုနှစ်သက်၍ ရှမ်းဟူသောစကား လုံးအစား “တိုင်”သို့မဟုတ် “ဒိုင်း”ဟူ၍ သူတို့၏အမည်များတွင် အမြတ်တနိုး သုံးစွဲကြသည်။ ထိုင်းလူမျိုးများသည် ရှမ်းလူမျိုးများကို “တိုင်ရိုင်”သို့မဟုတ် “ရှမ်းကြီး”ဟူ၍ ခေါ်ကြသည်။ ရှမ်းပြည်နယ်၌နေထိုင်သော ဒုတိယအများဆုံးလူမျိုးစုမှာ ဝလူမျိုးတို့ဖြစ်သည်။ ဝလူမျိုးတို့သည် ရှေးအခါကလှံ၌လူ၏ဦးခေါင်းအား ချိတ်ဆွဲထားသော အလေ့အထကြောင့် ရှမ်းတောင်တန်းနှင့် ဝေးကွာသောဒေသတွင် နေထိုင်သောသူများပင် ၎င်းတို့အား ကြောက်ရွံ့ ကြသည်။ ရှမ်းပြည်နယ်၏ တောင်တန်းများ ဝန်းရံနေသော မြင်ကွင်းနှင့် ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော သံလွင်မြစ်တို့၏အလှသည် မြင်သူတိုင်းအတွက် ရင်သပ်ရှုမောဖွယ် ကောင်းလှပါသည်။ ရှမ်းပြည်နယ် သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တို့ လက်လွှက်မခံသင့် သော အလွန်တရာလှပသည့် လိုဏ်ဂူများ တည်ရှိရာ နေရာဌာနတစ်ခုအဖြစ် ကျော်ကြားလှသည်။
အခြေခံအချက်အလက်များ
ရှမ်းပြည်နယ်တွင် ပအို့၊ ပလောင်၊ လီဆူး၊ လားဟူ၊ အခါ၊ ကိုးကန့်နှင့် အင်းသားစသည့် လူမျိုးစုများ စုပေါင်းနေထိုင်ကြသည်။ ကိုးကွယ်သောဘာသာများမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူ ဘာသာ၊ အစ္စလာမ်ဘာသာနှင့် နတ်ကိုးကွယ်မှုတို့ရှိသည်။ ဒေသခံများသည် မြန်မာဘာသာစကား အပြင် ထိုင်းဘာသာစကားနှင့် ဆင်တူသောရှမ်းစကားဖြင့် ပြောဆိုဆက်ဆံကြသည်။
မြေမျက်နှာသွင်ပြင်
ရှမ်းပြည်နယ်သည် (၁၅၅၈၀၁) စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိပြီး တောင်တန်း ဒေသဖြစ်၍ ချမ်းအေးပြီး အပူပိုင်းဒေသတွင် တည်ရှိသည်။ တရုတ် ၊လာအို၊ ထိုင်းစသည့် အိမ်နီး ချင်းနိုင်ငံများ နှင့်နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပါသည်။
ထူးခြားမှုများ
ရှမ်းပြည်နယ်ဟူသော အခေါ်အဝေါ်သည် ရှမ်းလူမျိုးများမှဆင်းသက်လာပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများကို ရှမ်းပြည်နယ်တွင် တွေ့ရှိနိုင်သည်။ (၂၀၁၄)ခုနှစ်သန်းခေါင်စာရင်းများအရ ရှမ်းပြည် နယ်၏လူဦးရေမှာ(၅.၈၂၄)သန်းခန့်ရှိသည်။
ရှမ်းပြည်နယ်၏ ထူထပ်လှသောတောင်ကုန်းတောင်တန်းများနှင့် မြေမျက်နှာသွင်ပြင်ကြောင့် မြန်မာနိုင်ငံ၏ အထင်ရှားဆုံးလိုဏ်ဂူအချို့ကို ထိုဒေသတွင် တွေ့ရှိနိုင်ပါသည်။ ကမ္ဘာလှည့်ခရီးသွားများသည် လိုဏ်ဂူများ၏ ဖြစ်တည်ပုံကို လေ့လာကြည့်ရှုနိုင်ရုံသာမက ပတ်ဝန်းကျင်ရှိ မတူကွဲပြားသော အပင်နှင့် သတ္တဝါမျိုးစိတ်များကိုလည်း ကြည့်ရှုခံစားနိုင်ပါသည်။
ထို့အပြင် နှစ်ပေါင်းသန်းနှင့်ချီ၍ ဖြစ်တည်ခဲ့သော ခမ်းနားထည်ဝါလှသည့် ထုံးကျောက်လိုဏ်ဂူများကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အရှည်ဆုံး၊ အနက်ဆုံးနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ လိုဏ်ဂူများကိုလည်း ရှမ်းပြည်နယ်တွင် တွေ့ရှိနိုင်သောကြောင့် ဂူတွင်းလေ့လာရေးနှင့် ခရီးသွားခြင်းမှာ ခရီးသွားများအတွက် မဖြစ်မနေ လုပ်ဆောင်သင့်သည့် အစီအစဉ်တစ်ခု ဖြစ်လာခဲ့သည်။
တောင်ကြီးမြို့နှင့် ကလောမြို့တို့သည် ကျောက်ခေတ်သစ် (Neolithic era) ကတည်းက တည်ရှိခဲ့သော ဂူများရှိသည်ဟု လူသိများသဖြင့် ဂူတွင်းလေ့လာရေးနှင့် ခရီးသွားဝါသနာရှင်များအတွက် သွားရောက်လည်ပတ်ရန် အကောင်းဆုံးနေရာများ ဖြစ်ပါသည်။
ရှမ်းပြည်နယ်သည် သဘာဝအခြေခံခရီးသွားခြင်းဆောင်ရွက်ရန် ကောင်းသောနေရာဒေသတစ်ခုဖြစ်ပါသည်။။ ခရီးသွားများအနေဖြင့် စိမ်းလန်းစိုပြည်သော ထင်းရှူးတောတွေထဲတွင် တောင်တက်ခြင်း၊ တောင်ပတ်လမ်းလျှောက်ခြင်းများ လုပ်ဆောင်နိုင်ပြီး တောင်တန်းများ၏တေ နေဝင်ချိန်အလှကိုလည်း ကြည့်ရှုခံစားနိုင်ပါတယ်။
ထို့အပြင် ရေပေါ်ရွာများကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။ ရေပေါ်ရွာများတွင်ရှိသောသေ ရွာသားများ၏ ထူးခြားလှတဲ့ ခြေတစ်ဖက်တည်းဖြင့် လှေလှော်သည့် နည်းစနစ်ကြောင့် လူသိများကြပြီး ခြေဖြင့်လှေလှော်ခြင်းအား ရှမ်းပြည်နယ် (အင်းလေးကန်) မှာပဲ တွေ့မြင်နိုင်မည်ဖြစ်ပါသည်။
ရှမ်းပြည်နယ်သည် တောင်ကုန်းတောင်တန်း ထူထပ်သည့် အလှတရားတွေနှင့် ဂေဟစနစ် မျိုးစုံရှိသောသေကြောင့် သဘာဝအလှဓာတ်ပုံ ရိုက်ကူးလိုသူများအတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါသည်။ သဘာဝတရားနဲ့ ထိတွေ့ရင်း မြန်မာ့သမိုင်းကြောင်းကို ပိုမိုလေ့လာချင်သူများအတွက်လည်း ရှေးဟောင်းသုတေသန နယ်မြေများအဖြစ် တည်ရှိနေသောနေ လိုဏ်ဂူများကိုု သွားရောက်လည်ပတ်နိုင်ပါသည်။
ထမ့်စမ်းဂူသည် ပင်လယ်ရေမျက်နှာပြင်အထက်(၁၈၀ဝ)မီတာ၊ တောင်ကြီးမြို့မှ (၄၈)ကီလိုမီတာ အကွာတွင်တည်ရှိပြီး ဦးပဉ္စင်းတစ်ပါးတွေ့ခဲ့သော ကြီးမားထည်ဝါလှသည့် ထုံးကျောက် ဂူတစ်ဂူ ဖြစ်ပါသည်။ ဂူအမြင့်မှာ ၁၀ပေရှိကာဂူထဲတွင် နှစ်သန်းပေါင်းများစွာ အချိန်ယူဖြစ်ပေါ် လာရသော အလွန်လှပသည့်ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်များဖြင့် ပြည့်နက်နေပါ သည်။ ထို့ကြောင့် ဤရှားပါးထူးခြားလွန်းသည့် ထမ့်စမ်းဂူသည် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ နှင့် လိုဏ်ဂူပညာရှင်များ ၏ စိတ်ဝင်စားရာနေရာတစ်ခုဖြစ်ပါတော့သည်။
ပင်းတယဂူထဲတွင် အရွယ်အစား၊အမျိုးအစားစုံလင်သော ဗုဒ္ဓဆင်းတုတော်များစွာကို တွေ့မြင်နိုင် ပါသည်။ ဆင်းတုတော်ပေါင်း(၈၀၉၄)ဆူရှိကာ တစ်ချို့မှာ ရာစုနှစ်ပေါင်းများစွာ ကပင် ရှိနေသော ရုပ်ပွားတော်များဖြစ်ပြီး တစ်ချို့မှာ မကြာသေးမီကာလတွင်မှ ပူဇော်ထားသော ရုပ်ပွားတော်များ ဖြစ်သည်။ ဤလိုဏ်ဂူမှာ ဗုဒ္ဓဆင်းတုတော်များစွာ တည်ထားကိုးကွယ်ရာ သာသနာ့မြေဖြစ် သောကြောင့် အထွတ်အမြတ်ထားရာနေရာဖြစ်ပါသည်။
ပြဒါးလင်းဂူ သည် ကျောက်ခေတ်နှောင်းကာလ၏ ယဉ်ကျေးမှုလက်ရာပေါင်းများစွာ ရှိသည့်ဂူဖြစ်ပါ သည်။ ဂူနှစ်လုံးပါဝင်ပြီး တစ်လုံးနှင့်တစ်လုံး မီတာ(၃၀)ကွာဝေးပါသည်။ ဂူထဲ တွင် ကျောက်ထွင်းနံ ရံများ၊ နံရံဆေးရေးပန်းချီကားများနှင့် အရိုးဖြင့်ပြုလုပ်ထားသော လက်နက်များ၊ ကျောက်ဖြင့်ပြု လုပ်ထားသော လက်နက်ကိရိယာများကို တွေ့နိုင်ပါသည်။
ရှမ်းပြည်နယ်၏မြို့တော်တောင်ကြီးမြို့သည် အေးချမ်းသာယာ၍ ရာသီဥတုကောင်း သောကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ညအိပ်အပန်းဖြေရာမြို့ဖြစ်ပါသည်။ ပွဲတော် ကာလများတွင် လူစည်ကားသောမြို့ဖြစ်ပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မြို့ထဲရှိ ဘုရားများသို့ လည်ပတ်နိုင်သလို ပွဲတော်များတွင်လည်း ပါဝင်ဆင်နွှဲနိုင်ပါသည်။ တောင်ကြီးဈေးတွင် ရှမ်းရိုးရာ ယဉ်ကျေးမှုကိုထင်ဟပ်စေသော ပစ္စည်းများစွာလည်း ရရှိနိုင်ပါ သည်။
လားရှိုးမြို့သည် ဒုတိယကမ္ဘာ့စစ်ပွဲတွင် အင်္ဂလိပ်လူမျိုးများတည်ဆောက်ခဲ့သော လားရှိုး လမ်းမကြီး ကြောင့် ထင်ရှားသောမြို့ဖြစ်ပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ရှမ်းပြည်၏လှပစိမ်း စိုသောရှုခင်းများ၊ လတ်ဆတ်သန့်ရှင်းအေးမြသောလေတို့ကို ကားဖြင့်သော် လည်းကောင်း၊ တောင် ပေါ်လမ်းမှရထားဖြင့်သော်လည်းကောင်း ခံစားနိုင်ပါသည်။ လားရှိုးမြို့ အနီးနားရှိ ရေပူစမ်းများတွင် လည်း အပန်းဖြေအနားယူနိုင်ပါသည်။