မန္တလေးမြို့
မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များထွန်းကားရာမြို့ဖြစ်ပါသည်။ မြို့၏နာမည်အား မန္တလေးတောင်ကို အစွဲ ပြု၍ပေး ထားခြင်းဖြစ်ပြီးယခင်မင်းနေပြည်တော်ဖြစ်ပါသည်။ မန္တလေးမြို့ကို မင်းတုန်းမင်းတရားကြီး က ၁၈၅၇ခုနှစ်တွင် မန္တလေးတောင်ခြေအနီး၌တည်ထားခဲ့ပါသည်။ သာသနာသက္ကရာဇ်နှင့် ၂၄၀၀ တွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် မင်းနေပြည်တော်ကြီး ပေါ်ထွက်လာမည်ဟူသော နမိတ်အရ အဆိုပါ နှစ်တွင် မြို့တည်ထောင်ခဲ့ပါသည်။မန္တလေးမြို့အနေဖြင့် အင်္ဂလိပ်တို့စတင်အုပ်ချုပ်သည့် ၁၈၈၅ခု မတိုင်ခင်အထိမြို့တော်အဖြစ် တည်ရှိခဲ့ပါသည်။ မန္တလေးမြို့သည် ယဉ်ကျေးမှုလက်ရာစုံလင်စွာဖြင့် ပြုလုပ်ထားသည့်နန်းတော်နှင့် ဧရာဝတီမြစ်မှနေ၍ နေဝင်ဆည်းဆာအလှများကို ခံစားနိုင်ရန် အတွက် ရက်အတော်ကြာအချိန်ယူ လေ့လာရမည်ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓ လေ့ စရိုက် များကိုလည်း လေ့လာနိုင်သည့်မြို့ဖြစ်ပါသည်။
အခြေခံအချက်အလက်များ
ဗမာ၊ ကရင်၊ ကယား၊ ချင်း၊ ပအို့ဝ်၊ မွန်၊ နှင့် ရှမ်းအနွယ်ဝင်လူမျိုးများနေထိုင်ကြပြီး ဗမာ၊ ရှမ်း၊ တရုတ်နှင့် အင်္ဂလိပ်ဘာသာစကားများ ပြောဆိုလေ့ရှိကာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာ နှင့် ဟိန္ဒူဘာသာတို့အား ကိုးကွယ်ကြသည်။
မြေမျက်နှာသွင်ပြင်
မိုးသည်းထန်စွာရွာသွန်းခြင်းမရှိဘဲ အပူပိုင်းဒေသကဲ့သို့ သင့်တင့်သော ရာသီဥတုရှိပါသည်။ ဧရိယာ အကျယ် အဝန်းမှာ ၃၇၀၂၄ စတုရန်း ကီလိုမီတာ/ ၁၄၂၉၅မိုင် ရှိပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်း ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပါသည်။
ထူးခြားမှုများ
မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် တည်ရှိခဲ့ရာမြို့ဖြစ်သော မန္တလေးမြို့တော်ကြီးသည် ယဉ်ကျေးမှု မြို့တော် အဖြစ်သတ်မှတ်ခြင်းခံရသော မြို့တော်ဖြစ်သည်။ ၂၀၁၄ခုနှစ်တွင် ကောက်ခံသော အချက် အလက်များအရ မန္တလေးမြို့တွင် လူဦးရေ ၆.၁ သန်း နေထိုင်လျက်ရှိသည်။
မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည် ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့် မြို့ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များထွန်းကားရာမြို့ ဖြစ်ပါသည်။ မြို့၏နာမည်အား မန္တလေးတောင်ကိုအစွဲပြု၍ပေး ထားခြင်းဖြစ်ပြီး ယခင်မင်းနေပြည်တော်ဖြစ်ပါသည်။ မန္တလေး မြို့ကို မင်းတုန်းမင်းတရားကြီးက ၁၈၅၇ခုနှစ်တွင် မန္တလေး တောင်ခြေ အနီး၌တည်ထားခဲ့ပါသည်။ သာသနာ သက္ကရာဇ် ၂၄၀၀ တွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် မင်းနေပြည်တော်ကြီး ပေါ်ထွက်လာမည်ဟူသော နမိတ်အရ အဆိုပါ နှစ် တွင် မြို့တည်ထောင်ခဲ့ပါသည်။ မန္တလေးမြို့အနေဖြင့် အင်္ဂလိပ်တို့ စတင်အုပ်ချုပ်သည့် ၁၈၈၅ခု မတိုင်ခင်အထိမြို့တော်အဖြစ် တည်ရှိခဲ့ပါသည်။ မန္တလေးမြို့သည် ယဉ်ကျေးမှုလက်ရာ စုံလင်စွာဖြင့် ပြုလုပ်ထားသည့်နန်းတော်နှင့် ဧရာဝတီမြစ်မှ နေ၍ နေဝင်ဆည်းဆာအလှများကို ခံစားနိုင်ရန် အတွက် ရက်အတော်ကြာအချိန်ယူ လေ့လာရမည်ဖြစ်ပါသည်။ မြန်မာ လူမျိုးတို့၏ ယဉ်ကျေးမှုဓ လေ့ စရိုက် များကိုလည်း လေ့လာနိုင်သည့်မြို့ဖြစ်ပါသည်။
မြန်မာနိုင်ငံကို ယဉ်ကျေးမှုများပေါင်းစုံတည်ရှိရာနိုင်ငံအဖြစ် ထိုက်တန်စွာ နာမည်ပေးအပ်ကြပါ သည်။ ၎င်းအပြင် များပြား လှစွာသော ယဉ်ကျေးမှုအထိမ်းအမှတ် အဆောက်အအုံများ သမိုင်းဝင် အဆောက် အဦးများလည်း ပိုင်ဆိုင်ထားရှိပါသည်။ ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မဟာမြတ်မုနိ ဘုရား အနီးရှိ ကျောက်ဆစ်တန်းသို့ သွားရောက်၍လည်းလေ့လာနိုင်ပါသည်။ မန္တလေးသည် သစ်သား ပန်းပုလက်ရာများ နာမည်ကျော်သဖြင့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် သစ်သားပန်းပုထုလုပ် သည့် အလုပ်ရုံများအပြင် ကြေးသွန်းခြင်း အိုးလုပ်ငန်းများလုပ်သည့် ကျေးရွာများနှင့် ပိုးထည်ရက် လုပ်သည့် လုပ်ငန်းများကိုလည်း သွားရောက်လေ့လာနိုင်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များ အတွက် အမှတ်တရပစ္စည်းများ မြန်မာ့ရိုးရာ လက်မှုပစ္စည်းများကို အလွယ်တကူဝယ်ယူနိုင်ပြီး မန္တလေး ဈေးချိုသည် အချက်အချာနေရာ၌တည်ရှိပြီး ကုန်စုံဆိုင်များ စားသောက်ကုန်များမှသည် လက် ဝက်ရတနာရွှေဆိုင်များအထိ စုံလင်စွာဝယ်ယူ ရရှိနိုင်ပါသည်။ မန္တလေးမြို့၌ (၁၈) ကျင်းဝင် ဂေါက်ကွင်း နှစ်ခု ရှိပြီး မန္တလေးမြို့အပြင်ဘက် (၁၂) မိုင်အကွာ၌ တည်ရှိပါသည်။ မန္တလေးမြို့အား လည်ပတ်ရာတွင် နာမည်ကျော်ဒေသထွက် အစားအသောက်များကို မြည်းစမ်းခြင်းမရှိပါက လည်ပတ်မှုမှာ မပြည့်စုံဟု ဆိုရလောက်အောင်စားချင်စဖွယ် အစားအသောက် မျိုးစုံကိုလည်း ရရှိနိုင် ပါသည်။
မန္တလေးတောင်သည် မန္တလေးမြို့လယ်၏ မြောက်ဘက်တွင် တည်ရှိပြီး (၂၃၀)မီတာအမြင့်ရှိသည်။ ၎င်းမှနေ၍ ဘုရားစေတီကျောင်းဆောင်များကို အစက်အပြောက်များကဲ့သို့သာ လှမ်း၍မြင်ရသည်။ အထူးသဖြင့် နေထွက်ချိန်နှင့်နေဝင်ချိန်တွင် မြို့၏ဒဏ္ဍာရီဆန်ဆန် ခမ်းနားလှသည့် ပန်းချီကားတစ် ချပ်အတွက် တောင်၏တောင်ဘက်အခြမ်းအတက်လမ်းရှိ စောင်းတန်းမှ ဖိနပ်မပါပဲ တက်ရခြင်းသည် ထိုက်တန်သည်ဟုယူဆ၍ရသည်။ ကမ္ဘာလှည့်ခရီးသည်များသည် ကားဖြင့်တောင်ပေါ်သို့ တက်နိုင် သော်လည်း အရောင်စုံလှည့်ဘုရားဖူးဧည့်သည်အစီအတန်းများနှင့် ကုန်ပစ္စည်းများရောင်းချသော လက်ပွေ့သည်များကို တောင်အတက်လမ်းတွင်မြင်ရသောကြောင့် လမ်းလျောက်၍လည်းတက် ကြသည်။ အတက်ခရီးတွင် ထူးခြားလှသည့် လျှပ်တပြတ် မြင်ကွင်းများကိုကြည့်ရူ့နိုင်သည်။ တောင်ခြေတွင် မြို့ပြဆူညံသံများနှင့် အံသြဖွယ်ကောင်းလှသော သဘာဝရူ့ခင်းများကိုလည်း ခံစား နိုင်သည့် (၁၈)ကျင်းပါရှိသော ရွှေမန်းတောင်ဂေါက်ကွင်းလည်းတည်ရှိသည်။
အမရပူရမြို့သည် ကုန်းဘောင်မင်းဆက်၏ ရှေးဟောင်းမြို့တော်တစ်မြို့ ဖြစ်ပြီး ပိုးထည်ရက်လုပ် ခြင်းလုပ်ငန်းဖြင့်လည်း ကျော်ကြားသည်။ ဖြိုဖျက်ခဲ့သော အဆောက်အဦးများမှ ပြန်လည်သိမ်းယူခဲ့ သော ကျွန်းသစ်များကို အသုံးပြု၍ ၁၉ရာစုအလယ်ခန့်တွင် တည်ဆောက်ခဲ့သည့် ဦးပိန်တံတားသည် အထူးသဖြင့် ထင်ရှားလှသည့် အရိပ်ထင်ဟပ်စေသောနေဝင်ချိန် ညနေအစောပိုင်းတွင် မြင်ရသော ကျက်သရေရှိ၍ တောက်ပသော မြင်ကွင်းတစ်ခုဖြစ်သည်။ အနီးအနားတွင် သစ်သားရုပ်ပုံများ (၂၈၀၀၀)ကျော်ထွင်း၍ အလှဆင်ထားသော မဟာဝေယံဘုံသာ ဗားကရာဘုန်းကြီးကျောင်းသည် လည်း လည်ပတ်နိုင်သည်။
ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၇၀မီတာတွင် တည်ရှိပြီး တောင်ပေါ် အေးခဲသောရာသီဥတုဖြင့် အနီးဆုံးတောင်ပေါ်စခန်းမြို့ဖြစ်သည်။ ယင်းမြို့သည် မန္တလေး၏ အပူဒဏ်ရှောင်ရာ အကောင်းဆုံနေရာလည်းဖြစ်သည်။ ပြင်ဦးလွင်၏ လန်းဆန်းလှသော ကိုလိုနီ ခေတ်တောင်ပေါ်စခန်းသည် ဗြိတိသျှတို့ စိုးမိုးစဉ်အခါက နွေရာသီဆုတ်ခွာရာအရပ်လည်းဖြစ်သည်။ မန္တလေးမှပြင်ဦးလွင်သို့ ရောက်ရှိရန် ၁နာရီနှင့်မိနစ်၃၀ကြာပြီး ကားလမ်းနှင့်သာမက ရထားလမ်း ဖြင့်လည်း ရောက်ရှိနိုင်သည်။
ကုသိုလ်တော်ဘုရားသည် မန္တလေးတောင်ခြေတွင် တည်ရှိပြီ ခရီးသွားများ၏ မဖြစ်မနေသွားသင့် သောနေရာများအနက်မှ တစ်ခုဖြစ်ပါသည်။ ဤဘုရားကို ၁၈၆၈ခုနှစ်တွင် မင်းတုန်းမင်းက တည် ထားကိုးကွယ်ခဲ့ပြီး တိပိတက္က ကျမ်းစာများပါဝင်သော စကျင်ကျောက်ပြားများဖြင့် ဝန်ရံထားပါသည်။ ထိုဘုရားသည် UNESCO မှတ်တမ်းများတွင် ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး အဖြစ် သတ်မှတ်ခြင်း ခံရသောကြောင့် ကျော်ကြားပါသည်။
ကျောက်တော်ကြီးဘုရားသည် အထင်ကရစကျင်ကျောက်ရုပ်ပွားတော်အနေဖြင့် ကျော်ကြားပြီး မန္တလေးတောင်ခြေတွင် တည်ရှိသည်။ ၁၈၆၅ခုနှစ်တွင် မင်းတုန်းမင်းမှတည်ခဲ့ပြီး လှပလှသော စကျင် ကျောက်အတုံးကြီး တစ်တုံးတည်းဖြင့် ကျောက်ဆစ်ထွင်းထားသော ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိ သည်။ မြန်မာနိုင်ငံ၏ ကြီးကျယ်လှသော ပွဲတော်များအနက် ကျောက်တော်ကြီးဘုရားပွဲသည် အောက်တိုဘာလတွင် ကျင်းပပြီး ကမ္ဘာအနှံ့မှ ဧည့်သည်များအား ဆွဲဆောင်ရာပွဲလည်းဖြစ်သည်။
မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးသည် မန္တလေးမြို့၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ဤ ရုပ်ပွားတော်၏ထူးခြားချက်မှာ စိန်၊ပတ္တမြား၊နီလာနှင့် အမျိုးမျိုးသောကျောက်မြတ်ရတနာများ စီခြယ် ထားသော မကိုဋ်တော်နှင့် ၄မီတာအမြင့်ရှိ၍ ၆.၅တန်ကြေးပိဿာချိန်ရှိသော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်၏မျက်နှာတော်ကို ရိုးရာအယမပြတ် နံနက်စောစောတွင် မျက်နှာ သစ်တော်မူခြင်းကို နေ့စဉ်ဝတ်ပြုသူများက လုပ်ဆောင့်လေ့ရှိသည်။
အတုမရှိကျောင်းသည် မန္တလေးရွှေနန်းတော်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ရွှေနန်းတော်မှ ၁၀မိနစ်ခန့် မောင်းလျှင်ရောက်နိုင်ပါသည်။ ၁၈၅၇ခုနှစ်တွင် မင်းတုန်းမင်းမှတည်ဆောက်ခဲ့ပါသည်။ ထိုကျောင်းတော်ကြီး၏မူလကျွန်းသစ်ကျောင်းတော်မှာ ဉာဏ်တော်ပေ၃၀ဖြင့်သည့် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူနှင့် ကျောင်းတော်ကိုဖျက်ဆီးခဲ့ငည့် မြို့တွင်းမှမီးဘေးအန္တရာယ်ကြောင့် ၁၈၉၀တွင် ပြာကျခဲ့ရ သည်။ အထိမ်းအမှတ် အောက်မေစြရာတစ်ခုအဖြစ် နိုင်ငံတော်၏ ရှေးဟောင်းသုတေသနဌာနမှ ၁၉၉၆ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ပြီး မန္တလေးမြို့၏ မသွားမဖြစ်နေရာတစ်ခုဖြစ်ပါသည်။
ရွှေနန်းတော်ဘုရားကျောင်းသည် မန္တလေးမြို့၏ အတုမရှိကျောင်းအနီးနားတွင် တည်ရှိပါသည်။ ဘုရားကျောင်းသည် ကျွန်းအဆောက်အအုံဖြစ်ပြီး ထူးခြားသောအနုပညာလက်ရာများဖြင့် ပုံဖော် ထားပါသည်။ ထိုကျောင်းတစ်ခုလုံးကိုယခင်က ထူထဲသောရွှေများဖြင့် ဖုံးအုပ်ထားခဲ့သော်လည်း ယခု အခါ ပူပြင်းသောရာသီဥတုကြောင့် အတွင်းပိုင်းများတွင်သာ ကျန်ရှိပါတော့သည်။
ရန္တပိုရွာသည် မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသော ရွာတစ်ရွာဖြစ် ပါသည်။ ထိုနေရာသည် ၁၈၂၆ တွင်ရေးထိုးခဲ့သော အန်ဂလိုမြန်မာ ငြိမ်းချမ်းရေးစာချူပ်ကြောင့် ကျော်ကြားပါသည်။ ရန်တဘိုရွာသည် တစ်နေ့လျှင် အိုးအလုံး ၃၀ မှ ၅၀ အထိလုပ်နိုင်သော အိမ်ထိုင် အနုပညာသည်များ နှင့် လှပသောအိုးများ ဖန်တီးနိုင်ခြင်းတို့ကြောင့်လဲ ကျော်ကြားသောနေရာဖြစ် ပါသည်။ ခရီးသွားဧည့်သည်များသည် ရွာထဲသို့လည်ပတ်နိုင်ပြီး ဖော်ရွေလှသောရွာသာများ၏ အနု ပညာဖန်တီးမှုများကို ကြည့်ရှုနိုင်ပါသည်။
ရွှေကျင်ဘုရားကျောင်းသည်လည်း ရှေးအကျဆုံး နှင့် တန်ဖိုးမဖြတ်နိုင်ဆုံးဘုရားကျောင်း ဖြစ်ပါသည်။ ဘုရားကျောင်းကိုကျွန်းသစ်လုံးတိုင်များဖြင့်ဆောက်တည်ထားပြီး စာရွတ်ဆိုနေသောဘုန်းကြီးများ နှင့် နံရံပေါ်တွင် မြတ်စွာဘုရားရှင်၏ ထင်ပေါ်ကျော်ကြားမှုများကိုတွေ့မြင်နိုင်ပါသည်။ ရွှေကျင် ဘုရားကျောင်းရှိဘုန်းကြီးများသည် ဗုဒ္ဓ၏အဆုံးအမကို လေးစားကာ လိုက်နာကြပြီး ဝိနည်းတော်ကို အထူးကြပ်မတ် စောင့်ထိန်းသော ဘုန်းကြီးများဖြစ်ကြပါသည်။ ဘုရားကျောင်းသည်လည်း ငြိမ်သက် အေးချမ်းသောပတ်ဝန်းကျင် ရှိပါသည်။
မန္တလေးမြို့သည် ကွေ့ကောက်သောသစ်သားပန်းပုလက်ရာများကြောင့်လည်း ကျော်ကြားလှပါ သည်။ မန္တလေးမြို့နေရာအနှံတွင် များလှစွာသော သစ်သားပန်းပု အလုပ်ရုံများရှိုပြီး ပန်းပုများဖြစ် သည့် ဘာသာရေးဆိုင်ရာရုပ်ထုများမှ အလှဆင်ပန်းရုပ်ထုများ အထိပြုလုပ်ကြသည်။ ထိုအလုပ်ရုံများ သည် မဟာမုနိဘုရားနားတွင် အများဆုံးတာ်ရှိပြီး လည်ပတ်လေ့လာသင့်သော နေရာလည်းဖြစ် သည်။
မန္တလေးမြို့နှင့်အမရပူရမြို့ကြားတွင်ရှိသော တန်ပဝတီရပ်ကွက်ရှိ ကြေးနီပုံသွင်းအလုပ်ရုံသို့လည်း ခရီးသွားဧည့်သည်များလာရောက်လည်ပတ်နိုင်ပါသည်။ ဘုရားရုပ်ထုများ ခေါင်းလောင်းများ မောင်း များ သုံးခုမောင်းများ နှင့် တစ်ခြားထုတ်ကုန်များကို ထိုနေရာ၌ ထုတ်လုပ်ကြသည်။ လက်ဆောင် ပစ္စည်းများ ဝယ်ယူရန်အတွက် အကောင်းဆုံးနေရာတစ်ခုလဲ ဖြစ်သည်။
ရက်ကန်းရက်ခြင်းသည် အမရပူရနေထိုင်သူများ၏ အဓိကကျွမ်းကျင်မှုများထဲမှတစ်ခုဖြစ်သည်။ အမရပူရမြို့တွင် ရက်ကန်းစင်တစ်ရာကျော်ရှိပြီး ထိုရက်ကန်းစင်များကို ပိုးချည်ပေါ်တွင် များပြား သော ပုံစံ များပြုလုပ်ရတွင် အသုံးပြုကြသည်။ ထိုနေရာသည် မြန်မာနိုင်ငံ၏ ကျော်ကြားသော အိမ်တွင်းလက်မှုလုပ်ငန်းများရှိသောကြောင့် လည်ပတ်ရန်ထိုက်တန်သောနေရာတစ်ခုလည်း ဖြစ်ပါ သည်။
ဒေသဆိုင်ရာဈေးတွင် သွားရောက်လည်ပတ်ခြင်း နှင့် ဈေးဝယ်ခြင်းကိုကြိုက်နှစ်သက်သော ခရီးသွား ဧည့်သည့်များသည် မန္တလေးမြို့အချက်အချာတွင်ရှိ ဈေးချို ဈေးသို့သွားရောက်လည်ပတ်နိုင်ပါသည်။ စားသောက်ကုန်မှသည် အကောင်းဆုံးသောရက်ထည်များ အထိ အမျိုးစုံသောလူ့သုံးကုန်ပစ္စည်း များကို ဝယ်ယူနိုင်ပါသည်။ ခရီးသွားများသည်လည်း လက်ဆောင်များနှင့် ဒေသထွက်ကုန်ပစ္စည်းများ ကိုဝယ်ယူရရှိနိုင်ပါသည်။
ပုဂံမင်းဘုရားကြီးထီးနန်းတက်စဉ် သီပေါမင်း၏ တစ်ဦးတည်းသောသားအားအမှတ်ရသည့်အနေဖြင့် အိမ်တော်ရာဘုရားကိုတည်ဆောက်ခဲ့သည်။ အိမ်တော်ရာဘုရားသည်ဈေးချိုဈေး၏ အနောက်ဘက် တွင်တည်ရှိသည်။ ၁၈၅၃ နန်းတွင်းအရေးတော်ပုံကြောင့်ပုဂံမင်းအားအရန်တော်အဖြစ် နန်းချခဲ့သည်။ ပုဂံမင်းသည် သူ၏ဘဝတစ်လျှောက်လုံးထိုနေရာရှိဘုန်းကြီးကျောင်းတွင် နေထိုင်ကုန်ဆုံးစေခဲ့ပြီး နောက်ဆုံးတွင်ကျောက်ရောဂါဖြင့်သေဆုံးခဲ့သည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်ဟုအမည်တွင်သော ပြင်ဦးလွင်ရှိရုက္ခဗေဒဥယျာဉ်ကို ၁၉၁၅-၁၉၁၆ တွင် ဗြိတိန်ရုက္ခဗေဒပညာရှင် မစ္စတာအဲလက်စ်ရော်ဂျာက ရှာဖွေတွေ့ရှိခဲ့သည်။ မူလအရ ထိုရုက္ခ ဗေဒဥယျာဉ်သည် မြေ၁၇၀ဧက နှင့် ရေ၇၀ဧကပေါ် ဖြန့်ကျဲထားသည်။ တောင်မြင့်ဒေသဖြစ် သည်နှင့် အညီ အေးမြသည့်ရာသီရှိပြီး ထိုဒေသရှိအပင်ပေါင်း၄၈၄၀ထဲမှအများစုသည် ထင်းရှူးပင်အမျိုးအစား ဖြစ်သည်။
ယူနန်ရွှေ့ပြောင်းနေထိုင်သူများ တည်ဆောက်ခဲ့သည့် တရုတ်ဘုရားကျောင်းသည် ပြင်ဦးလွင်ရှိ လည်ပတ်ရန် ကြည်နူးဖွယ်အကောင်းဆုံးနေရာများထဲမှ တစ်နေရာဖြစ်သည်။ တရုတ်ရိုးရာဗိသုကာ နှင့်အနုပညာလက်ရာများဖြင့် ဆောက်လုပ်ထားသော ထိုဘုရားကျောင်းသည် မိဘမဲ့ကလေးများ နေထိုင်ရာလည်းဖြစ်သည်။ ဘုရားကျောင်းတွင် အလှူငွေလက်ခံပြီးရှေ့ဖြစ်ဟောပေးသည့် ဘုန်းကြီး များ မရေမတွက်နိုင်အောင်ရှိသည်။
မန္တလေးနှင့် ပြင်ဦးလွင်ကြားရှိ အနီးစခန်းတွင်ရှိသော ဓာတ်တော်ချိုင့်ရေတံခွန်သည် တောင် တက်ခြင်းကို နှစ်သက်သောခရီးသွားများအတွက် စိတ်ဝင်စားဖွယ်နေရာဖြစ်သည်။ ရေတံခွန်မှာ ပေ ၄၀ဝ နီးပါးမြင့်၍ အနက်မှာပေ၃၀ဝခန့်ရှိသည်။ ပြာနှမ်းသောရေပြင်နှင့် လေကောင်းလေသန့်တို့ ရှိခြင်းကြောင့် အနားယူရန်သင့်လျော်သော နေရာဖြစ်သည်။ ရေတံခွန်အားလည်ပတ်ရန် အကောင်း ဆုံးအချိန်မှာ မုတ်သုံရာသီ မေလမှအောက်တိုဘာလကြားဖြစ်သည်။
ကျွန်းပင် ၂၆၇ ပင်ဖြင့် ကျော်ကြားသည့် ဗားကရာဘုန်းကြီးကျောင်းသည် မြန်မာနိုင်ငံတွင် တင့်တယ် အလှပဆုံးဘုန်းကြီးကျောင်းများထဲမှ တစ်ကျောင်းဖြစ်ပြီး အင်းဝ၊လေးဒေါ်ကြီးတွင်တည်ရှိသည်။ ထို ဘုန်းကြီးကျောင်းသို့သွားရောက်ရန် အကောင်းဆုံးနည်းလမ်းမှာ လယ်ကွင်းတစ်လျှောက် လမ်းကျဉ်း လေးမှ ဖြတ်သွားသင့်သည်။ တံခါးနှင့်နံရံပေါ်ရှိ ပန်းပုရုပ်ထုဖြင့် ပြုလုပ်ထားသော သတ္တဝါများမှာ လက်ရှိအချိန်ထိ ကောင်းမွန်စွာ ထိန်းသိမ်းထားဆဲဖြစ်သည်။ ခန်းမဆောင်တွင်စြင်္ကန်နှင့် ဘုန်း ကြီးများစုဝေးရပ်များပါရှိသည်။
ဝိရောသနဟုအမည်တွင်သော ကျောက်စိမ်းဘုရားသည် ကမ္ဘာပေါ်တွင်အကြီးဆုံးကျောက်စိမ်းဘုရား ဖြစ်သည်။ ဘုရားတစ်ဆူလုံးကို အမေရိကန်ဒေါ်လာ၁၅သန်းကုန်ချခံကာကျောက်စိမ်းတုံးများဖြင့် ဆောက်လုပ်ထားသည်။ ထိုဘုရားသည် ၇၅ပေ၆လက်မ အမြင့်ရှိပြီး အတန်းတစ်ခုချင်းလျှင် ၅၂ ပေ ၆ လက်မ ကျယ်ပြီး အမြင့်အားဖြင့် ၁၂ပေရှိသည်။စေတီ၏အပြင်ပန်းအား ၃၀ဝဝဝ သော ကျောက်စိမ်း ဘုရားရုပ်ထုများဖြင့် တန်ဆာဆင်ထားသည်။
မဟာအံ့ထူးကံသာစေတီသည် ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အနီး တည်ရှိသည်။ စေတီ၏ အထွတ်အမြတ်ထားရာနေရာတွင် ဗုဒ္ဓမြတ်စွာဘုရား၏ ရုပ်ပွားတော်ကို တည်ထားသည်။ စေတီသည် တောင်ထပ်တွင်ရှိခြင်းကြောင့် ပြင်ဦးလွင်မြို့၏ လှပသော မြင်ကွင်းကိုခံစားနိုင်သည်။ စိတ်ဝင်စားစရာ သမိုင်းကြောင်းနောက်ခံရှိနေခြင်းနှင့်အတူ မဟာအံ့ထူးကံသာစေတီသည် ပြင်ဦးလွင် သို့ သွားရောက်လည်ပတ်သော ခရီးသွားများအတွက် မဖြစ်မနေလေ့လာသင့်သော နေရာတစ်နေရာ ဖြစ်သည်။
ဧရာဝတီမြစ်သည် နိုင်ငံ၏အဓိကကျသောမြစ်တစ်စင်းဖြစ်သကဲ့သို့ စီးဆင်းရာတစ်လျှောက်ရှိ မြို့ကြီး မြို့ငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုစွမ်းဆောင်ပေးနေသော မြစ်ဖြစ်ပါသည်။ မန္တလေးမြို့ အနေဖြင့် လူဦးရေထူထပ်စွာ နေထိုင်သည့်မြို့များအနက် တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် ကီလို မီတာ အနည်းငယ်ကွာဝေးသောနေရာ၌ မြို့ငယ်များစွာရှိပြီး ကမ္ဘာလှည့်ခရီးသွားများကို လေ့လာချင်စဖွယ် ဆွဲဆောင်လျက်ရှိပါသည်။ ထင်ရှားသောနေရာ တစ်ခုကတော့မန္တလေးမြို့မှ(၁၀)ကီလိုမီတာ အကွာ၌ ရှိသည့် မင်းကွန်းဖြစ်ပါသည်။ ၎င်းကိုသွားရောက်လည်ပတ်မည် ဆိုပါကနေ့ဝက်ခန့် အချိန်ပေးရ မည်ဖြစ်ပါသည်။မင်းကွန်၌ထုထည်ကြီးမားပြီးအပြီးသတ်မတည်ဆောက်နိုင်ခဲ့သော မင်းကွန်းပုထိုး တော်ကြီး၊ မင်းကွန်းခေါင်းလောင်းနှင့် ဆင်ဖြူမယ်ဘုရားတို့ ရှိပါသည်။ အခြားထင်ရှားသော သမိုင်းနောက်ကြောင်းများ ခိုင်မာစွာရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လေ့လာလည်ပတ်နိုင်သော နေရာတစ်ခုမှာ အင်းဝမြို့ဟောင်းဖြစ်ပါသည်။ မန္တလေးမြို့နှင့် (၂) ကီလိုမီတာကွာဝေးပြီး ၁၄ ရာစုမှ ၁၉ ရာစုထိ မင်းများနေထိုင်ခဲ့သော မြို့တော်တစ်ခုလည်း ဖြစ်ပါသည်။ အင်းဝ၌ မဟာအောင်မြေ ဘုံစံဘုန်းကြီး ကျောင်း နှင့် ဗားဂရားကျောင်းတို့သည် ထင်ရှားပြီး မီတာ (၁၂၀၀) ခန့်ရှည်လျားသော အင်းဝနှင့် စစ်ကိုင်းကိုဆက်သွယ်ပေးသည့် တံတားတစ်စင်းလည်းရှိပါသည်။ အိုးလုပ်ငန်းလုပ်ကိုင် သည့်နာမည်ကျော် ရန္တပိုရွာနှင့် နွယ်ငြိမ်းကျေးရွာများရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လေ့လာနိုင်ပါ သည်။