ရန်ကုန်သည် မြန်မာနိုင်ငံတောင်ပိုင်းဒေသ၏ ဗဟို အချက်အချာ ဒေသဖြစ်သည်။ ရန်ကုန်တိုင်း၏ မြို့တော်သည်လည်း ရန်ကုန်မြို့ဖြစ်ပြီး ယခင်က မြန်မာနိုင်ငံ၏ မြို့တော် လည်းဖြစ်ခဲ့သည်။ ယခုအခါတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွားရေးအချက်အချာကျ မြို့တစ်မြို့ လည်းဖြစ်သည်။ အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်အဆောက်အဦးများ အများဆုံးရှိရာမြို့ဖြစ်ပြီး ကိုလိုနီခေတ် လက်ရာများကို အကောင်းဆုံးထိန်းသိမ်းထားရာ မြို့လည်းဖြစ်သည်။ဆူးလေ ဘုရားဝန်းကျင်ရှိ ကိုလိုနီခေတ်လက်ရာများသည် နှစ်ပေါင်း(၂၀၀၀)ခန့် ရှိပြီး ယင်းပတ်ဝန်းကျင်သည် မြို့တော်၏ စီးပွားရေးအချက် အချာဒေသလည်းဖြစ်သည်။ ရန်ကုန်သည် စဉ်ဆက်မပြတ် ပြောင်းလဲ နေပြီး ခေတ် မီသော မြို့တစ်မြို့ဖြစ်သည့်အပြင် အရှေ့တောင်အာရှ၏ ဆွဲဆောင်မှု အကောင်းဆုံးမြို့များ ထဲတွင် လည်းပါဝင်သည်။ နိုင်ငံ၏ တန်ဖိုးထားမြတ်နိုးရာ အမျိုးသားအထိမ်းအမှတ် တစ်ခုဖြစ်သည့် ရွှေတိဂုံစေတီတော်သည်လည်း ရန်ကုန်မြို့တွင်တည်ရှိပါသည်။
ရန်ကုန်မြို့ကို မြန်မာမင်းဆက်တို့၏ ကုန်းဘောင်ခေတ်အတွင်း အလောင်းမင်း တရားကြီးမှ နာမည်မှည့်တွင် ခေါ်စေခဲ့ခြင်းဖြစ်သည်။ အလောင်းမင်းတရားကြီးသည် ၁၇၇၅ ခုနှစ်တွင် ဒဂုံရွာ လေးအား သိမ်းပိုက် အောင်မြင်ပြီးနောက် “ရန်အပေါင်းအောင်မြင်သောနေရာ” ဟု အဓိပ္ပာယ် ကောက်ယူ၍ ရန်ကုန်ဟု သတ်မှတ်ခဲ့သည်။ ရန်ကုန်မြို့ကို သွားလာရလွယ်ကူသော (၃) လမ်း သွား ပုံစံလမ်းများ၊ လှပသောပန်းခြံများနှင့် အေးချမ်းတိတ်ဆိတ်သောကန်များဖြင့် ဖွဲ့စည်းပြီး ပျား ပန်းခတ်မျှ သွားလာလျက်ရှိသော လမ်းမြောင်များ နှင့် စည်ကားသောဈေးများဖြင့် ဆက်သွယ်ထား သည်။ မကြာသေးမီကာလများအတွင်း ရန်ကုန်မြို့၏ မြို့ပြပုံစံသည် ခေတ်မီသော အဆောက်အဦး များဖြင့် အစားထိုးတည်ရှိလာခဲ့သော်လည်း ကိုလိုနီခေတ် အဆောက်အဦးများတည်ရှိနေခြင်းသည် ယခုတိုင် အဓိက ဆွဲဆောင်မှုတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။
"အခြေခံအချက်အလက်များ"
မြန်မာ၊တရုတ်၊အိန္ဒိယလူမျိုးများနှင့် အင်ဂလိုမျိုးနွယ်စုများ အဓိက နေထိုင်ကြသည်၊ ဗမာစကား နှင့် အင်္ဂလိပ်စကားများကို အဓိက ပြောဆိုကြပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူဘာသာ တို့ကို ကိုးကွယ်ကြသည်။
"မြေမျက်နှာသွင်ပြင်"
ရန်ကုန်မြို့သည် မျှတသော ရာသီဥတုရှိသော မြို့ဖြစ်ပြီး တစ်နှစ်ပတ်လုံးပူနွေးသောပတ်ဝန်းကျင်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့နှင့် ထိစပ် လျက်ရှိပြီး ၅၇၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။
"ထူးခြားမှုများ"
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းဖြစ်ပြီး လူဦးရေ ၅.၂၁ သန်း (၂၀၁၄) နေထိုင်လျက်ရှိသည်။
ရန်ကုန်မြို့တော်အား ၁၈ ရာစုတွင် အလောင်းမင်းတရားကြီးမှ တည်ထောင်ခဲ့ သည်။ အုပ်ချုပ်မှု မြို့တော်ဟောင်းဖြစ်သောရန်ကုန်သည် ယခုအချိန်တွင် နိုင်ငံတကာ ဆိပ်ကမ်းများ နှင့် နိုင်ငံတကာ လေဆိပ်ရှိသော စီးပွားရေးအချက်အချာကျ မြို့တစ်မြို့ ဖြစ်လျက်ရှိသည်။အမျိုးသား အထိမ်းအမှတ်တစ်ခု အဖြစ် အထွဋ်အမြတ်ထားရာဖြစ်သော ရွှေတိဂုံစေတီတော်မြတ်အပြင် အမျိုး သားပြတိုက်၊ဗိုလ်ချုပ်ဈေး နှင့် ကမ္ဘာလှည့်ခရီးသည် များကို ဆွဲဆောင်နိုင်သော လည်ပတ်စရာများစွာ ရှိသော မြို့တော် လည်းဖြစ်သည်။ ကိုလိုနီခေတ်၏ လက်ရာမြောက် အဆောက်အဉီးများစွာ ကိုလည်း တွေ့မြင် ခံစားနိုင်သော နေရာဖြစ်သည်။ ထိုရှေးဟောင်းအဆောက်အဉီးများ၏ လက်ရာ များကို လမ်းလျှောက်၍ ခံစားကြည့်ရှုခြင်းသည် အကောင်းဆုံးပင်ဖြစ်ပြီး ပျားပန်းခတ်မျှ လှုပ်ရှား သက်ဝင်သော နေ့စဉ် လှုမှုဘဝများ၊ဈေးများ ကိုလည်းတွေ့မြင်ခံစားနိုင်မည်ဖြစ်သည်။ရထားစီးရန် စိတ်ဝင်စားသော ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ၄၆ ကီလိုမီတာ ရှည်သော ရန်ကုန်မြို့ပတ်ရထားအား စီးနင်းရင်း ဒေသခံများ၏ နေ့စဉ်လူနေမှုဘဝနှင့် ၎င်းတို့၏ ဖော်ရွေပျူငှာသော ဓလေ့စရိုက်တို့ကို လေ့လာနိုင်မည် ဖြစ်သည်။
ရန်ကုန်မြို့တော်သည် မရေမတွက်နိုင်သော ဘုရားစေတီများ၊ မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည့် ခေါင်းဆောင်ကြီးများ၏ လဲလျောင်းရာ မြို့တော်ကြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီတော်ကြီး တည်ရှိရာမြို့လည်းဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်ကြီးသည် အမျိုးသား ကန်တော်ကြီးဥယျာဉ်နှင့် ဘေးချင်းကပ် လျက်တွင် တည်ရှိပါသည်။ ရွှေတိဂုံစေတီတော်ကြီးမှ မြင်တွေ့ရသော နေဝင်ဆည်းဆာမှာ အသက်ရှုမှားလောက်အောင် လှပပါသည်။ ဆူးလေဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ စွယ်တော်၊ ငါးထပ်ကြီးဘုရား၊ မင်းဓမ္မ ဘုရား အစရှိသော ထင်ရှားသည့် ဘုရားစေတီ ပုထိုးများစွာလည်း ရှိပါသည်။ ထို့အပြင် ရန်ကုန်မြို့တော်သည် အခြားဘာသာဝင်များ၏ အထွတ်အမြတ်ထားရာဖြစ်သော ဗလီများ၊ ခရစ်ယာန် ဘုရားကျောင်းများနှင့် ဟိန္ဒူဘုရားကျောင်းများ တည်ရှိရာလည်း ဖြစ်ပါသည်။ အနားယူအပန်းဖြေရန် ပန်းခြံများစွာရှိပြီး ထိုက်ကျိနှင့် ယောဂလေ့ကျင်ခန်းများလည်း ပြုလုပ်နိုင်ပါသည်။
လျှပ်စစ်မီးများထိန်ထိန်လင်းကာအဆောက်အဦးများစွာဖြင့် စည်ကား နေသော ရန်ကုန်မြို့တော်တွင် ဗိုလ်ချုပ်ပန်းခြံ၊ ပြည်သူ့ရင်ပြင်နှင့် အင်းယားကန်ဘောင်အစရှိသော အပန်းဖြေစရာ နေရာများလည်း ရှိပါသည်။ သမိုင်းအမွေအနှစ်များဖြင့်နှက်နေသော ရန်ကုန်မြို့လည်တွင် အများပြည်သူများ အနားယူ အပန်းဖြေနိုင်သည့် မဟာဗန္ဒုလပန်းခြံရှိပြီး လွတ်လပ်ရေးကျောက်တိုင်နှင့် ခြေင်္သ့ရုပ်ထုကိုလည်း တွေ့မြင်နိုင်ပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် အမျိုးသား ကန်တော်ကြီးဥယျာဉ်၊ ဗိုလ်ချုပ်ပန်းခြံ၊ ပြည့်သူရင်ပြင်နှင့် အင်းယားကန်ဘောင်တို့တွင် စိမ်းလန်းစိုပြေသော သဘာဝပတ်ဝန်းကျင်ကို ခံစားနိုင်ပါသည်။ ရန်ကုန်မြို့တွင် လည်ပတ်သင့်သည့် ဈေးများစွာရှိသည့်အနက် ဗိုလ်ချုပ်ဈေးမှာ အထင်ရှားဖြစ်ပါသည်။ ဆိုင်ခန်းပေါ် ၂,၀၀၀ ကျော်ရှိ၍ လက်မှုပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများ ဝယ်ယူရန် အကောင်းဆုံးနေရာပင်ဖြစ်ပါသည်။