
ကျင်းပသည့်ကာလ - တပို့တွဲလပြည့်နေ့
ကျင်းပသည့်နေရာ - ထမနဲပွဲကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပကြသည်
ထူးခြားမှုများ - ထမနဲထိုးပြိုင်ပွဲများ၌ဧည့်သည်များ ပါဝင်ဆင်နွှဲနိုင်ပြီး စည်းလုံးခြင်း၊ ခွန့်အားစိုက်ထုတ်ခြင်း၊ တာဝန်ကိုယ်စီအစီအစဉ်တကျ အဆင့်ဆင့်ဆောင်ရွက်ခြင်း တို့ကိုလက်တွေ့ခံစားသိမြင်ခွင့်ရရှိနိုင်ပြီး မြန့်မာ့ရိုးရာထမနဲကိုမြည်းစမ်းနိုင်သည်
ဖေဖော်ဝါရီလ၊ အထူးသဖြင့် တပို့တွဲလပြည့်နေ့တွင် ထမနဲပွဲ ကိုမြန်မာတစ်နိုင်ငံတွင် ကျင်းပကြသည်။ မြန်မာလူမျိုးများသည် ထမနဲပွဲ ပျော်ပွဲရွှင်ပွဲကို ကောက်ညှင်းဆန်ဖြင့် ချက်ပြီး ပြိုင်ပွဲများကျင်းပကြသည်။ ထို့နောက် အရသာ အကောင်းဆုံး၊ အချိန်တိုတွင်းပြီးသော အဖွဲ့အားဆုချီးမြင့်သည်။ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအနေဖြင့် ဒေသခံများနှင့်အတူ ထမနဲထိုးပွဲ သရုပ်ပြခြင်း၌ ပါဝင်ဆင်နွှဲနိုင်သည်။

