Mobile Logo
×

ကက္ကူဘုရားပွဲ

ကျင်းပသောလ: March | ရှမ်းပြည်နယ်
ကက္ကူဘုရားပွဲ

ကျင်းပသည့်ကာလ - တပေါင်းလဆန်း ၁၄ ရက်နေ့မှ ၃ ရက်တိုင်ကျင်းပကြသည်။

ကျင်းပသည့်နေရာ - ကက္ကူဘုရား၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် တောင်ပိုင်း။

 ထူးခြားမှုများ - ဈေးသည်များသည်သူတို့၏ကောက်ပဲသီးနှံများကို နွားလှည်းများဖြင့် လာရောက် ရောင်းချကြသည်။ ရောင်းချရငွမျေားကို ဘုရားသို့ကုသိုလ်ရရန် လှူဒါန်းကြသည်။

 ရှမ်းပြည်ရှိ ပအို့တိုင်းရင်းသားများသည် သူတို့၏ ကောက်ပဲသီးနှံရိတ်သိမ်းပွဲကို မတ်လတွင် ကက္ကူဘုရား၌ ကျင်းပကြသည်။ ထိုလူမျိုးများသည် ကောက်ပဲသီးနှံများဖြစ်ထွန်းမှုကို ဘုရား၌ စုဝေးကာအောင်ပွဲခံကြသည်။ ထိုနောက်ကောက်ပဲသီးနှံများကိုရောင်းချကာ ဘုရား၌လှူဒါန်းကြ သည်။ နယ်ခံများသည် ရိုးရာအင်္ကျီများဝတ်ဆင်ကာ ဘုရားလှည့်လည်ပူဇော်ရာတွင်ပါဝင်ကြသည်။ ထိုပွဲတော်သည် နိုင်ငံစီးပွားရေးအတွက် ကြီးမားစွာပါဝင်နေပြီး နယ်ခံများအတွက် အရေးကြီးသော ဘာသာရေးပွဲတော်တစ်ခုဖြစ်သည်။ ရှားပါးသောမြင်ကွင်းဖြစ်သည့် နွားလှည်းများစွာနှင့် ဈေးသည် များသည် သူတို့ပစ္စည်းများအား ခရီးသွားများနှင့် နယ်ခံများကို ရောင်းချနေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ထိုပွဲတော်တွင် ခရီးသွားများသည် အနီးနားတစ်လျှောက် လမ်းလျှောက်ခြင်းနှင့် ဈေးကဲ့သို့ပတ်ဝန်းကျင်ဖြစ်နေသောနေရာတွင် နယ်ခံများဈေးဝယ်ကြပုံကိုတွေ့မြင်နိုင်ပါသည်။ 

Gallery image 1
Scroll to top