ကျင်းပသည့်ကာလ - တပို့တွဲလဆန်း(၅)ရက်မှစတင်၍ (၁၁)ရက်
ကျင်းပသည့်နေရာ - ရွှေစက်တော်၊မကွေးတိုင်းဒေသကြီး၊မြန်မာနိုင်ငံအလယ်ပိုင်း
ထူးခြားမှုများ - အထွတ်အမြတ်ထားကျင်းပသော ပွဲတော်တစ်ခုဖြစ်ပြီး ရဟန်းများနှင့် ဒေသခံများ စုစည်းကာ မြတ်စွာဘုရားအား ရှိခိုးပူဇော်ဆုတောင်းကြခြင်း။
ဤပွဲတော်သည် အထက်မြန်မာပြည် (မကွေးတိုင်း)တွင် အမြတနိုးကျင်းပသော ဘုရားပွဲတော်တစ်ခုဖြစ်ပြီး ဒေသခံများသာမက နိုင်ငံခြားခရီးသွားဧည့်သည်များပါ ပါဝင် ဆင်နွှဲကြသဖြင့် ဖေဖော်ဝါရီလမှ ဧပြီလတွင် အထူးစည်ကားပါသည်။ ဤပွဲတော်တွင် ဒေသထွက် ကုန်ပစ္စည်းများ၊ အစားအသောက်များ ရရှိနိုင်သည့်အပြင် ဘုရားဖူးများက ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ဘုရားရွှေချခြင်း အစီအစဉ်များတွင် ပါဝင်လုပ်ရှား နိုင်ပါသေးသည်။ဤဒေသတွင် မြတ်စွာဘုရား၏ ခြေရာတော်ကျန်ရှိခဲ့သည်ဟုလည်း ဆိုကြပြီး ခြေရာတော်များကို ရွှေချကာ အထွတ်အမြတ်ထား ကိုးကွယ်ကြပါသည်။ မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်းတွင် ရဟန်းများမှ ဉီးဆောင်ကာ လာရောက်ဖူးမျှော်သူများနှင့် အတူတကွ မြတ်စွာဘုရားအား ဆုတောင်းပူဇော်ကြပါသည်။