Mobile Logo
×

ရွှေစာရံဘုရားပွဲတော်

ကျင်းပသောလ: March | မန္တလေးတိုင်းဒေသကြီး
ရွှေစာရံဘုရားပွဲတော်

ကျင်းပသည့်ကာလ -   တပေါင်းလပြည့်ညမှ လဆုတ် ၈ ရက်နေ့ထိ ကိုးရက်ကြာ ကျင်းပကြသည်။

ကျင်းပသည့်နေရာ -  ရွှေစာရံရွာ၊ ပုသိမ်ကြီး၊ မန္တလေးတိုင်းဒေသကြီး။

ထူးခြားမှုများ - ဈေးသည်များသည်လှည်းများနှင့်နယ်ထွက်ကုန်များကိုရောင်းချကြသည်။ မန္တလေးမြို့ရှိခရီးသွားဧည့်သည်များမလွဲသင့်သောပွဲတော်တစ်ခုလဲဖြစ်ပါသည်။

ဤကောက်ရိပ်သိမ်းပွဲတော်ကို မတ်လတွင် မန္တလေးမြို့နေပြည်သူများမှရွှေစာရံရွာ ပုသိမ် ကြီးတွင်စုဝေး၍ကျင်းပကြသည်။ ထိုပွဲတော်တွင် လူမှုရေးအရစုဝေးခြင်း ဘာသာရေးပူဇော်ပွဲနှင့် နိုင်ငံပြပွဲများ စသည်တို့စုဝေးနေသည့်နေရာဟုလဲဆိုနိုင်ပါသည်။ လယ်သမားများသည် သူတို့၏ ထွက်ကုန်များကိုလှည်းပေါ်သို့ယူဆောင်လာကာရောင်းချကြသည့်ပွဲတော်တစ်ခုလဲဖြစ်ပါသည်။ ရရှိလာသည့်ငွေများကိုလည်း ရဟန်းသံဃာများနှင့်ဘုရားကျောင်းများသို့လှူ ဒါန်းကြပါသည်။ ခရီးသွားများသည် နယ်ခံများ၏သဘာကျကျ ဈေးဆစ်ကာဈေးဝယ်နေမှုများ ကိုမြင်တွေ့နိုင်ပါသည်။ နယ်ခံများမှ သူတို့၏ကောက်ရိတ်သိမ်းအောင်မြင်ခြင်းအထိမ်းအမှတ်တစ်ခုအဖြစ် ထန်းပင်ရိုး ခြောက်များဖြင့်ပြုလုပ်ထားသည့်အရုပ်များ ကိုလဲပြုလုပ်ကြသည်။ ထိုဘုရားသည် မန္တလေးမြို့မှ ၄၅ မိနစ် အကွာတွင်တည်ရှိပြီး မန္တလေးမြို့ပတ်ဝန်းကျင်အတွင်း ခရီးသွားများအတွက် မဖြစ်မနေ သွား သင့်သောပွဲတော်တစ်ခု ဖြစ်ပါသည်။

Gallery image 1Gallery image 2
Scroll to top