ကျင်းပသည့်ကာလ - တပေါင်းလပြည့်နေ့မှတစ်ပတ်ခန့်ကျင်းပကြသည်။
ကျင်းပသည့်နေရာ - ရန်ကုန်
ထူးခြားမှုများ -လူများသည်ရဟန်းသံဃာများနှင့် အတူဘုရားစာရွတ်ဖတ်ပူဇော်ရန် စုဝေးလေ့ရှိ ကြသည်။ ရွှေတိဂုံဘုရားတွင် ထိုအချိန်၌ ဖယောင်းတိုင်များ၊ အမွှေးတိုင်များစွာနှင့် ပူဇော်ထား ကြသည်။
ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ဆံတော်ဌာပနာထားသော ကျော်ကြားလှသည့်ရွှေတိဂုံဘုရားတွင် ရဟန်း သံဃာများနှင့်အတူ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားစာများကိုရွတ်ဖတ်ပူဇော်ရင်း ထိုပွဲတော် ကိုကျင်းပကြသည်။ ရှေးဟောင်းအယူအဆတစ်ခုအရ ကုသိုလ်များစွာရသည်ဆိုသည့်အတိုင်း ဘုရား ဖူးများသည် ဘုရားကိုလက်ယာရစ်ပတ်၍ ပူဇော်ကြသည်။ ထိုပွဲတော်ကိုမတ်လတွင် ရန်ကုန်မြို့၌ ကျင်းပကြသည်။ နယ်ခံများနှင့်ဘုရားဝတ်ပြုကြသူများသည် ရိုးရာရက်ကန်းစင်များဖြင့် သန့်စင် မွန်မြတ်သောသင်္ကန်းကိုရက်လုပ်ကာဗုဒ္ဓရုပ်ပွားတော်များအားကပ်လှူ ပူဇော်ကြသည်။ ပွဲတော်အား လေးစားသမှုဖြင့် ရဟန်းသံဃာများသည် ရွတ်ဖတ်သူများကို ဦးဆောင်၍ရွတ်ဖတ်ကြသည်။ ဘုရားဖူး များသည် ဖယောင်းတိုင်နှင့်အမွှေးတိုင်များကို မီးထွန်းညှိကာ ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ကြသည်။