
ကျင်းပသည့်ကာလ - သီတင်းကျွတ်လဆန်း(၁)ရက်နေ့ ၊ လပြည့်နေ့၊ လဆုတ် (၁) ရက်နေ့ ၊(၃)ရက်
ကျင်းပသည့်နေရာ - မြန်မာနိုင်ငံတစ်ဝန်းလုံး
ထူးခြားမှုများ - မီးပုံးများနှင့်ဆီမီးတိုင်များကို ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ရန် ထွန်းညှိပူဇော်လေ့ရှိပါသည်။ ဇာတ်ပွဲများလည်း ကျင်းပလေ့ရှိပါသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်ဟုလည်း လူသိများခေါ်ဝေါ်ကြပြီး တစ်နိုင်ငံလုံးရှိ ဒေသခံများသည် အောက်တိုဘာလတွင် ဆင်နွှဲကြပါသည်။ ဘုရားရှင်လက်ထက်က တာဝတိံသာနတ်ပြည်တွင် မယ်တော်မာယာကို ဝါတွင်းသုံးလ ဓမ္မစကြာတရားဟောတော်မူပြီး လူ့ပြည်သို့ ပြန်လည်ကြွတော်မူလာသည်ကို ကြိုဆိုပူဇော်သောအားဖြင့် ဆီမီးတိုင်များထွန်းညှိသည်ကို အစွဲပြု၍ ညအချိန်တွင် ထောင်ပေါင်းများစွာသော ဆီမီးတိုင်များ၊ မီးပုံးများကို လူသွားလမ်းများ၊ အဆောက်အဦးများပေါ်တွင် ထွန်းညှိပူဇော်လေ့ရှိကြပါသည်။

