Mobile Logo
×

၂၀၂၅ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်

Published on: Sep 10, 2025 | Category: News
၂၀၂၅ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်  တက်ရောက်

နေပြည်တော်စက်တင်ဘာ၁၀ 

ကမ္ဘာ့နိုင်ငံပေါင်း ၁၅၉ နိုင်ငံဖြင့်ပါဝင်ဖွဲစည်းထားသော ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အနေဖြင့် နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်ကို “ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့”အဖြစ် သတ်မှတ် ထားပြီး အဖွဲ့ဝင်နိုင်ငံများက ယင်းနေ့တွင် အခမ်းအနားများကျင်းပလေ့ရှိရာ မြန်မာနိုင်ငံ အနေ ဖြင့်လည်း အဖွဲဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို စက်တင်ဘာ လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းနေ့ အထိမ်းအမှတ် အဖြစ် စာတမ်းဖတ်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ 

          အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊  Nay Pyi Taw State Academy မှ ခေတ္တ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနတက္ကသိုလ်နှင့်ကောလိပ်များမှ သဘာပတိ အဖွဲ့ဝင်များ၊ စာတမ်းပါဝင်ဖတ်ကြားမည့်သူများ၊ ဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပြီး နယ်ရုံးခွဲများမှ အရာထမ်း/အမှုထမ်းများက အွန်လိုင်းမှ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားများကိုနှစ်စဉ် ကျင်းပပြုလုပ်ရခြင်းမှာ ခရီးသွားလုပ်ငန်းမှ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုအပေါ် အကျိုးသက်ရောက်မှု၊လူ့စွမ်းအားအရင်း အမြစ်၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အကျိုးသက်ရောက် 

မှုတို့ကို သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ် မှစတင်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလာခဲ့ရာ ယခုနှစ် အပါအဝင် (၁၄)ကြိမ် ရှိပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် နှစ်အလိုက် ဆောင်ပုဒ်များကို သတ်မှတ်ပေးလေ့ရှိပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “Tourism and Sustainable Transformation” “ခရီးသွားကဏ္ဍရေရှည်ဖွံဖြိုးဖို့ စဉ်ဆက်မပြတ်ဖော်ဆောင်စို့”ဟုအဓိပ္ပာယ်ဖွင့်ဆို ထားရှိကြောင်း။

          ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါး ပြိုင်ပွဲ၊ ရောင်စုံဓါတ်ပုံပြိုင်ပွဲနှင့် စာတမ်းဖတ်ပွဲများကို စီစဉ်ကျင်းပလျက်ရှိကြောင်း၊ ယနေ့ ကျင်းပ ပြုလုပ်သော စာတမ်းဖတ်ပွဲသို့ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်နှင့် ကောလိပ်များမှ ဆရာ၊ဆရာမများ၊ မဟာဘွဲ့သင်တန်းသားများ၊ ဝန်ကြီးဌာနမှ အရာထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များ ပါဝင်ဖတ်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

            ဆက်လက်၍ စာတမ်းဖတ်ပွဲ သဘာပတိအဖွဲ့မှ ခေတ္တပါမောက္ခချုပ်က စာတမ်းဖတ်ပွဲနှင့် ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များ အမှတ်ပေးအစီအစဉ်များအား ရှင်းလင်းပြောကြားပြီး

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့ 

များမှ စာတမ်းရှင်များက ခရီးသွားကဏ္ဍဆိုင်ရာစာတမ်းများကို ဖတ်ကြားတင်သွင်းကြပြီး တက် ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပါသည်။ ယင်းနောက် စာတမ်းဖတ်ပွဲ သဘာပတိအဖွဲ့ဝင်များက ဖတ်ကြားခဲ့သည့်စာတမ်းများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြောကြား ခဲ့ကြသည်။

          အဆိုပါ ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်စာတမ်းဖတ်ပွဲအား (၁၁-၉-၂၀၂၅ ) ရက်နေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ                                                                       သည်။

Source from:Myawadi

Scroll to top