Mobile Logo
×

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဟိုတယ်ဆိုင်ရာလုပ် ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်)တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

Published on: Oct 12, 2025 | Category: News
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဟိုတယ်ဆိုင်ရာလုပ် ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်)တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာလ (၁၂) ရက်

          အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ် လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ပြင်ဦးလွင်မြို့၊ ရွှေနန်းထိုက် ဟိုတယ်တွင် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ဒေသသည် မြန်မာနိုင်ငံ၏ ထင်ရှားသည့် တောင်ပေါ် အပန်းဖြေခရီးစဉ် နေရာတစ်ခုဖြစ်တဲ့အပြင် အေးမြသော ရာသီဥတုနဲ့အတူ ပွင့်လန်းနေသည့် ပန်းမန်များ၊ သာယာလှပသည့့် တောတောင်ရေမြေ သဘာဝအလှ အပများ၊ တန်ခိုးကြီး သမိုင်းဝင်စေတီများ၊ ဒေသအစားအစာနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းများသည် ပြင်ဦးလွင်မြို့၏ ထူးခြားသည့် ခရီးသွားဆွဲဆောင်မှုများ ဖြစ်ပါကြောင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း (Ecotourism)၊ ယဉ်ကျေးမှု အခြေခံခရီးသွား လုပ်ငန်း (Cultural Tourism)၊ ဘာသာရေးခရီးသွားလုပ်ငန်း (Religious Tourism)၊ အနုပညာနှင့် ခရီးသွားလုပ်ငန်း (Art and Education)၊ အပန်းဖြေခရီးသွား လုပ်ငန်း (Leisure Tourism)၊ အားကစားခရီးသွားလုပ်ငန်း (Sport Tourism)၊ စွန့်စားခရီးသွားလုပ်ငန်း (Adventure Tourism)၊ ကျန်းမာရေးနှင့်အနားယူခရီးသွား လုပ်ငန်း (Health and Wellness Tourism)၊ သမိုင်းအမွေအနှစ်ခရီးသွား လုပ်ငန်း (Heritage Tourism)၊ လယ်ယာနှင့် တောင်သူဦးကြီး အခြေပြုခရီးသွားလုပ်ငန်း (Agro Tourism) များ ဆောင်ရွက်နိုင်တဲ့ ဒေသတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ အခြေခံကောင်း တွေကို မိမိတို့ ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိအောင် အသုံးချရန် လိုအပ်ပါကြောင်း မှာကြားပြီး လုပ်ငန်းရှင်များ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များ အပေါ် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြင်ဦးလွင်မြို့ရှိ နှင့် Hotel Akimomi နှင့် ‌‌ရွှေနန်းထိုက်ဟိုတယ် တို့ကို သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားသည်။

Source From:Myanmar Alinn

Scroll to top