Mobile Logo
×

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ ဖွင့်ပွဲတက်ရောက်

Published on: Jun 18, 2026 | Category: News
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ ဖွင့်ပွဲတက်ရောက်

 နေပြည်တော် ဇွန် ၁၇ 

          မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ကျင်းပရာ ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT Hak ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မဟာမဲခေါင်ဒေသ ခွဲအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မဲခေါင်ခရီး သွားလုပ်ငန်းညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်အဖွဲ့အစည်းများ တက်ရောက် ကြပါသည်။ 

ဖိုရမ်ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖိုရမ်သည် မူဝါဒရေးရာဆွေးနွေးမှုများသာမက ဒေသခံပြည်သူလူထုကို ဗဟိုပြု၍ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ကောင်းကျိုးများ မည်သို့မျှဝေဖန်တီးနိုင် သည်ဆိုသောလက်တွေ့ကျသည့်ကွင်းဆင်းဆောင်ရွက်မှုများ၊ ဈေးကွက်ရှာဖွေရေးနှင့်ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံဉာဏ်ကောင်းများကို မျှဝေဖလှယ်နိုင်မည့် အဖိုးတန်ဆက်သွယ်မှု ကွန်ယက် တစ်ခုဖြစ်ကြောင်း၊ ထို့အပြင် မဟာမဲခေါင်ဒေသခွဲ အစားအစာပြပွဲကိုလည်း ထည့်သွင်းကျင်းပနိုင်ခဲ့သဖြင့် အစားအသောက်ယဉ်ကျေးမှုမှတစ်ဆင့် မိမိတို့ဒေသတွင်းနိုင်ငံများမှ ပြည်သူလူထု၊ ခရီးစဉ်ဒေသများ နှင့်ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ နောက်ခံသမိုင်းကြောင်းများကို ဖော်ထုတ်ပေးနိုင်မည့် အပြင် နယ်စပ်ဖြတ်ကျော်ယဉ်ကျေးမှုဖလှယ်မှုများကိုလည်း ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးနှင့် မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံးမှ အမှုဆောင်ဒါရိုက်တာတို့က အမှာစကားပြောကြားကြပြီး ဖိုရမ်ဆွေးနွေးမှု တွင် မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင် ပညာရှင်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းသား၊ကျောင်းသူများပါဝင် ဆွေးနွေးကြကြောင်း သိရသည်။ 

သတင်းစဉ် 

Source From: Kye Mon 

Scroll to top