ကျင်းပသည့်ကာလ - ဧပြီလ၁၃ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိ (၅)ရက်
ကျင်းပသည့်နေရာ - မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ကျင်းပသည်။
ထူခြားမှုများ - မြန်မာလူမျိုးများသည် မကောင်းမှုများ သန့်စင်သွားရန် ရည်ရွယ်၍ ရေဖြန်းပက်လေ့ ရှိပြီး ပွဲတော်နောက်ဆုံးရက်များတွင် အလှူအတန်း နှင့် ကုသိုလ်ပြုကြပါသည်။
သြင်္ကန်ပွဲတော်မှာ ဧပြီလ၁၃ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိ (၅)ရက်ကြာခန့် မြန်မာပြည်အနှံ့အပြား တွင် ကျင်းပကြ သည်။ ပူပြင်းသည့်ရာသီဥတု ကုန်ဆုံးကာ နှစ်သစ် နှင့်အတူ စိန်းလမ်းစိုပြေစေသည့် မိုးရာသီအား ကြိုဆိုသည့်အနေဖြင့်လည်းကောင်း၊ နှစ်ဟောင်းမှ မကောင်းသည့် အညစ်အကြေး၊ မကောင်းမှုများအား သန့်စင်သွားရန် နှင့် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့်လည်းကောင်း မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများသာမက လည်ပတ်သူများ၊ နိုင်ငံခြားခရီးသွားဧည့်သည်များပါမကျန် ရေပက် ဆော့ကစားကြပါသည်။ ပွဲတော်နောက်ဆုံးရက်များတွင် ကုသိုလ်တရားများရရှိရန် နှင့် ကံကောင်း မှုများ ရရှိခံစားနိုင်ရန် ငါးလွှတ်ခြင်း စသည့် တိရိစ္ဆာန်လေးများအား ဘေးမဲ့ပေးခြင်း တို့ကို ပြုလုပ် လေ့ရှိကြပါသည်။ အနှစ်သာရ ပြည့်ဝ၍ ပျော်ရွှင်စရာများ ပြည့်နှက်နေသည့် မြန်မာ့ရိုးရာ သြင်္ကန်ပွဲ တော်ကို လာရောက်ပါက ခရီးသွားဧည့်သည်များ အမှန်တကယ် ပျော်ရွှင်မှုများခံစားရမည်မှာ မုချပင်ဖြစ်ပါသည်။