Mobile Logo
×

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍသည် အစိုးရသစ်လက်ထက် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကြောင့် လျင်မြန်စွာပြောင်းလဲခဲ့ပြီး ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုများလည်း ပိုမိုတိုးတက်လာခဲ့ပါသည်။ ယခုကာလ၌ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ (မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ် သူများ) အနေဖြင့် ရန်ကုန်၊ ပုဂံ၊ အင်းလေးကန်/ ညောင်ရွှေနှင့် မန္တလေးမြို့များသို့ အများဆုံး လည်ပတ်ကြပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံ၏ သဘာဝအလှအပများဖြင့်ပြည့်စုံသည့် တောင်ဘက်စွန်း ကော့သောင်းမှသည် မြန်မာနိုင်ငံမြောက်ဖျား ဟိမဝန္တာတောင်တန်းများတည်ရှိရာ ပူတာအိုအထိ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်ရေးအတွက် ဖိတ်ခေါ်လျက် ရှိပါသည်။

အောက်ဖော်ပြပါဇယားသည် လက်ရှိမြန်မာနိုင်ငံ၏ ဟိုတယ်၊ မိုတယ်၊ အင်းနှင့်တည်းခိုခန်း စာရင်းများဖြစ်ပြီး မြို့ပြဖြစ် သည့် ရန်ကုန်နှင့် မန္တလေးမြို့ပြင်ပရှိ နေရာဒေသအသီးသီးရှိ တည်းခို နေထိုင်ရန်နေရာများ မလုံလောက်မှုကို ဖော်ပြလျက်ရှိပါသည်။ ၎င်းတွင် ဈေးကွက်ဝယ်လိုအား ပေါ်မူတည်၍ တန်ဖိုးနည်းနှင့် အဆင့်မြင့်တည်းခိုနေရာ များလိုအပ်လျက်ရှိကြောင်း တွေ့ရှိရ ပါသည်။

ဟိုတယ်၊ မိုတယ်၊ အင်း/ တည်းခိုခန်းများအရေအတွက်စာရင်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ အစိုးရ၊ ပုဂ္ဂလိနှင့် သမဝါယမပိုင်လုပ်ငန်းများအပါအဝင်)

ပြည်နယ်/တိုင်းဟိုတယ်၊ မိုတယ်နှင့် အင်း အရေအတွက်အခန်းအရေအတွက်
ရန်ကုန်တိုင်းဒေသကြီး၃၆၃၁၈၂၀၀
မန္တလေးတိုင်းဒေသကြီး၄၂၆၁၇၇၈၄
ပဲခူတိုင်းဒေသကြီး၅၈၁၄၂၀
စစ်ကိုင်းတိုင်းဒေသကြီး၂၇၁၀၉၈
တနင်္သာရီတိုင်းဒေသကြီး၃၆၁၄၅၁
ဧရာဝတီဒေသကြီး၆၉၂၇၇၀
မကွေးဒေသကြီး၃၀၇၃၉
ကချင်ပြည်နယ်၂၇၇၅၁
ကယားပြည်နယ်၁၅၃၁၃
ကရင်ပြည်နယ်၂၀၇၂၀
ချင်းပြည်နယ်၁၂၇
မွန်ပြည်နယ်၄၉၁၅၇၇
ရခိုင်ပြည်နယ်၄၉၁၅၃၈
ရှမ်းပြည်နယ်၃၀၅၉၇၆၁
စုစုပေါင်း၁၄၇၉၅၈၂၄၉

ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအား နိုင်ငံတကာအဆင့်မီတည်းခိုခန်း တည်ဆောက်ရေး လုပ်ငန်းများ၌ ငွေကြေး သုံးစွဲလုပ်ကိုင် ရန်ဖိတ်ခေါ်လျက်ရှိသကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံသူများကိုပါ ကြယ်သုံးပွင့်အဆင့် သို့မဟုတ် ၎င်းထက် အဆင့်မြင့် သည့်ဟိုတယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ပါဝင် လာစေရန် ဖိတ်ခေါ်လျက်ရှိပါသည်။ နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် ခရီးသွားကုမ္ပဏီ၊ တန်ဖိုးနည်း ဟိုတယ်၊ အပန်းဖြေဥယျာဉ်၊ ခရီးသွားလုပ်ငန်း နှင့်ဆက်စပ်သည့် အခြေခံ အဆောက်အဦ ပရောဂျက်များ အား ဖက်စပ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက် နိုင်ပါသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဓိကအခွင့်အလမ်းများ

  • အလားအလာရှိသည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများလေ့လာဖော်ထုတ်ခြင်း
  • သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသည့် ခရီးသွားလုပ်ငန်း များဖွံ့ဖြိုးရေး (ခြေလျင်တောင်တက် ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်သည့်ဟိုတယ်လုပ်ငန်းများ)
  • ယဉ်ကျေးမှုနှင့် အမျိုးဘာသာအခြေခံသည့်ခရီးသွားလုပ်ငန်းများ (ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများဖွံ့ဖြိုးရေး)
Scroll to top