ကဆုန်ညောင်ရေသွန်းပွဲတော်
ကျင်းပသည့်ကာလ - နယုန်လဆန်း(၈)ရက်နေ့မှစ၍ (၁၅)ရက်ကြာကျင်းပလေ့ရှိသည်။
ကျင်းပသည့်နေရာ - မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဘုရားစေတီပုထိုးများ
ထူးခြားမှု - ပွဲတော်အတွင်း တီးမှုတ်ကခုန်ခြင်း၊ ရှိခိုးခြင်း စသည့် ရိုးရာဓလေ့ထုံးစံများအား မြင်တွေ့ နိုင်ပါသည်။ ဒေသခံများနှင့် ခရီးသွားဧည့်သည်များအနေဖြင့် ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဘုရားစေတီတို့အား လှူဒါန်းပူဇော်မှုများ ပြုလုပ်နိုင်ပါသည်။
နွေရာသီဖြစ်သော မေလအတွင်း ဘုရားဖူးဧည့်သည်များအနေဖြင့် ဗောဓိညောင်ပင်အား ညောင်ရေ သွန်းလောင်းရန် တစ်နိုင်ငံလုံးရှိ ဘုရားစေတီပုထိုးများတွင် စုဝေးလေ့ ရှိကြပါသည်။ မြတ်စွာဘုရားရှင် သည် ဗောဓိညောင်ပင်အောက်တွင် အနားယူပြီး သဗ္ဗညုတ ဉာဏ်တော်ရရှိခဲ့သည်ဟု ဆိုစကားရှိ သည်။ တစ်နိုင်ငံလုံးအတွင်း ဘုန်းကြီးကျောင်းများရှိ ဗောဓိညောင်ပင်များအားလုံးအား ၎င်းမူလဗောဓိ ညောင်ပင်မှ အကိုင်းအခက်များအား ပျိုးယူထားခြင်းဖြစ်သည်။ ထို့ကြောင့် ဗောဓိညောင်ပင် တစ်ပင်ချင်းစီတိုင်းသည် အလွန်အဖိုးထိုက် တန်၍ ရှားပါးလှသည် ဟူ၍ပင်မှတ်ယူနိုင်ပါသည်။ ပွဲတော်ရက်အတွင်း ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်တို့ အားလုံးသည် ဗောဓိညောင်ပင်၏ အခက် အလက်၊အမြစ်များအား မြင့်မြတ်သော ဓာတ်တော်မွေတော် အဖြစ်နှင့် ကုသိုလ်တစ်ခုအနေဖြင့် ရေသွန်းလောင်းပူဇော်ကြ ပါသည်။ ဂေါတမြတ်စွာဘုရားရှင် လက်ထက်မှစ၍ ဤဗောဓိညောင်ပင် များအား ရေသွန်း လောင်းသည့် အလေ့အထအား ဘာသာရေးဆိုင်ရာ နေရာများတွင် ပူဇော်ပြု လုပ်လေ့ရှိ ကြပါသည်။