Mobile Logo
×

ကျောက်ဆည်ဆင်အကပွဲတော်

ကျင်းပသောလ: October | မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်ဆင်အကပွဲတော်

ကျောက်ဆည်ဆင်အကပွဲတော်

ကျင်းပသည့်ကာလ   -  (အောက်တိုဘာလ) သီတင်းကျွတ်လပြည့်နေ့မတိုင်မီတစ်ရက်မှစ၍ နှစ်ရက်ကြာ ကျင်းပသည်။

ကျင်းပသည့်နေရာ - ကျောက်ဆည်မြို့၊ မန္တလေးမြို့၏ အရှေ့တောင်ဘက် ၄၀ ကီလိုမီတာအကွာ

ထူးခြားမှု - အကကသူများသည် ဆင်ရုပ်ဝတ်စုံများကို ဝတ်ဆင်ကာ ကပြ ပြိုင်ပွဲဝင်ကြသည်။ ဆင်ဝတ်ရုံ များပေါ်ရှိ အဆင်တန်ဆာများသည် လက်ဖြင့်ပြုလုပ်ထားသည်။

လူများသည် ဆင်ဝတ်ရုံများကို ဝတ်ဆင်ကာ ကပြပြီး ပွဲတော်ကျင်းပကြသည်။ အောက်တို ဘာလတွင် ကျောက်ဆည်မြို့၌ ကျင်းပလေ့ရှိပြီး အမျိုးသားများသည် နှစ်ဦးတစ်ဖွဲ့ပါဝင် ကပြကာ ပြိုင်ပွဲ ဝင်ကြသည်။ဆင်တစ်ကောင်ကဲ့သို့ ပုံစံတူ ပြုလုပ်ကာ အကောင်းဆုံးကပြ၍ ပြိုင်ပွဲဝင်ကြသည်။ ဆင်ဝတ်ရုံများသည် ဝါးဖြင့် ပြုလုပ်ထားသော ဆင်ပုံစံပေါ်တွင် ဘော်ကျယ်များထိုးထားသော ကတ္တီပါ သား လွှမ်းခြုံပြီး ပြုလုပ်ထားခြင်းဖြစ်ပါ သည်။အဆိုပါ ပွဲတော်တွင် ဒေသခံများသည် အလှူအတန်း များပြုလုပ်ခြင်းဖြင့် ပါဝင်ဆင်နွှဲကြပါသည်။

Gallery image 1Gallery image 2
Scroll to top