Mobile Logo
×

ဝါဆိုလပြည့်ပွဲတော်

ကျင်းပသောလ: July | နိုင်ငံတစ်ဝန်း
ဝါဆိုလပြည့်ပွဲတော်

ဝါဆိုလပြည့်ပွဲတော်

ကျင်းပသည့်ကာလ -   ဝါဆိုလပြည့်နေ့၊ ဇူလိုင်လ လယ်ပိုင်း

ကျင်းပသည့်နေရာ - မြန်မာပြည် အနှံ့

ထူးခြားမှုများ - ဘုန်းတော်ကြီး(ရဟန်း) များ၏ တရားကျင့်ကြံအားထုတ်ရမည့် ဝါတွင်းသုံးလစတင် သော ကာလဖြစ်ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက လှူဖွယ်ပစ္စည်းများ လှူဒါန်းကာ ကုသိုလ်ယူကြ ခြင်း။

မြန်မာဝါဆိုလသည် မြန်မာလူမျိုးများ အမြတ်တနိုးထားကြသော ဇွန်လတွင် ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်ပါသည်။ ဝါဆိုလပြည့်နေ့သည် သိဒ္ဓတ္ထဂေါတမဘုရားလောင်းဘဝမှ မြတ်စွာဘုရား ဖြစ်တော်မူရန် နိမိတ်ကြီးလေးပါးကို သိမြင်တော်မူသောနေ့၊ တောထွက်သောမူသောနေ့၊ ဓမ္မစကြာ တရားတော် စတင်ဟောကြားတော်မူသောနေ့ဖြစ်ပါသည်။ ဤပွဲတော်ကာလသည် ဘုန်းတော်ကြီး (ရဟန်း) များ၏ ဝါတွင်းသုံးလစတင်သော ကာလဖြစ်ပြီး ညအိပ်ညနေခရီးကြွမြန်းခြင်းမပြုရန် သိက္ခာပုဒ်ပညတ်ထားပါသည်။ ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက ဝါတွင်း ကာလအတွင်း တရားကျင့်ကြံအားထုတ်ကြမည့် ရဟန်းများ၊ သီလရှင်များကို သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းကာ ကုသိုလ်ယူကြပါသည်။

Gallery image 1
Scroll to top